♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
February 17, 2015
"အသက် ၈၈ နှစ်အရွယ်ရှိ အဘိုးတစ်ဦးက သူ့ ရဲ့ သားဖြစ်သူ ၆၅ နှစ်ကို တံမြက်စည်းနဲ့ ရိုက်နှက်ဆုံးမမိခဲ့ တဲ့ အတွက်ဒါဏ်ငွေချမှတ်ခံရ"
တစ်ဦးကို တံမြက်စည်းနဲ့ ရိုက်နှက်ဆုံးမမိခဲ့ တဲ့ အတွက်ဒါဏ်ငွေ ပေါင်စတာလင် ၂၀၀၀( ဒေါ်လာ
 ၃၀၀၀ ခန့် )ပေးဆောင်ဖို့ လက်ခံသဘောတူခဲ့ ပါတယ်...
" ကျွန်တော်သာဆိုယင်တော့ တရားရုံးကို အခုလိုအဓိပ္ပါယ်မရှိတဲ့ ကိစ္စတစ်ခုအတွက်
(ရုံးရောက်၊
ဂါတ်ရောက်) ဖြစ်ရတဲ့ အတွက် ရှက်မိမှာဖြစ်ပါတယ်..." လို့ တရားသူကြီးမင်းက ၎င်းတို့ သားအဖ
ကိုပြောကြားခဲ့ လိုက်ပါတယ်...
အဆိုပါ ဖခင်ဖြစ်သူအား ရာဝဇ၀တ်မှုမြောက်သည့် ကိုယ်ထိလက်ရောက်စော်ကားမှုအဖြစ် ဂျာ
အတွက် ဒါဏ်ငွေပေးဆောင်စေရန်အမိန့် ချမှတ်ခဲ့ ခြင်းဖြစ်ပါတယ်....
၎င်းအား လည်ပင်းညှစ်ရန်ကြိုးစားခဲ့ သည့် အတွက်မိမိကိုယ်ကို ခုခံကာကွယ်သည့် အနေနှင့် 
သားဖြစ်သူအား တံမြက်စည်းဖြင့် တွန်းထုတ်ခဲ့ ရကြောင်းပြောဆိုကာထိုစွပ်စွဲချက်အား ဖခင်ဖြစ်
သူက အပြင်းအထန်ငြင်းဆိုခဲ့ ပါတယ်....
အသက် ၈၈ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူက အထိုအမိန့် ချမှတ်ခဲ့ မှုအား အယူခံဝင်ခဲ့ လို့ လွန်ခဲ့
သည့် တနင်္လာနေ့ က ကြားနာခဲ့ ပါတယ.်...
 ပြောစကားနားမထောင်တဲ့ သားမိုက်...တံမြက်စည်းနဲ့ ရိုက်...
ဘယ်သူတွေများလည်းလို့ အဖေဖြစ်သူက ၈၈ နှစ်၊ သားဖြစ်သူက ၆၅ နှစ်တဲ့ ...
ထိုသားအဖနှစ်ယောက်ဟာ မိုက်ဆက်အမည်ရှိရွာတွင် တစ်အိမ်ထဲအတူနေထိုင်ကြတာဖြစ်ပြီး
ဖခင်ဖြစ်သူက ၎င်း၏ဇနီးဖြစ်သူနှင့် အတူ အောက်ထပ်တွင်နေထိုင်ပြီး သားဖြစ်သူက လည်းသူ့ 
၎င်းတို့ ဇနီးမောင်နှံစုံတွဲ များဟာ အချိန်တိုင်းနီးပါး ရန်ဖြစ်နေကြတာဖြစ်တယ်လို့ တရားရုံးတော်
တွင် ထွက်ဆိုခဲ့ ကြပါတယ်...
ရုံးတော်တွင်လည်း ၎င်းတို့ နှစ်ဦး ငြင်းခုန်အော်ဟစ်နေလို့ တရားသူကြီးမ မိုက်ကယ်လာဝယ်လ်န်
ဟိုဖာ အနေနှင့် သူမစကားနားထောင်စေရန် နှစ်ကြိမ်တိတိ တားမြစ်ခဲ့ ရပါတယ်....
ဖျက်သိမ်းခဲ့ တယ်လို့ ဆိုပေမယ့် အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ သားဖြစ်သူကတော့ ပြုစုစောင့် 
ရှောက်ဖို့ လိုအပ်နေတဲ့ မိခင်ဖြစ်သူကိုမထားခဲ့ ချင်တာကိုအကြောင်းပြုပြီး နေအိမ်မှဖယ်ပေးဖို့ 
ငြင်းဆန်ခဲ့ ပါတယ်...
နောက်ဆုံးတော့ အသက် ၈၈ နှစ်ရှိဖခင်ဖြစ်သူက အမှုအတွက်အယူခံဝင်မှုကို ပြန်လည်ရုပ်သိမ်း
ခဲ့ ပြီး ဒါဏ်ငွေပေးဆောင်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ်...
Credit : kopeter.com
No comments:
Subscribe
လာလည်သူများ
free counters