ကလေး နှစ်ယောက် အမေ လူးဝစ်ကားတစ် ဆိုသူက စိတ်ကူးထဲက ချစ်သူမျိုးကို
ရှာဖွေရန် အတွက် သူ့ကိုယ်သူ eBay မှာ လေလံ တင်ခဲ့ကြောင်း သိရသည်။ သူမက
စိတ်ကူးယဉ် ချစ်သူမှာ ဂရိနိုင်ငံသား ဖြစ်ရမည်၊ ယောက်ျားပီသပြီး
ခံ့ညားရမည်ဟု ဖော်ပြထားကြောင်း သိရသည်။အဆိုပါ အမျိုးသမီး၏ ဖော်ပြချက်တွင် အပျို မဟုတ်တော့သော်လည်း အပျိုနီးပါး လှသွေးကြွယ် သေးကြောင်း၊ ခန္ဓာကိုယ် တောင့်တင်းခိုင်မာပြီး ပျော်ပျော် နေတတ်သူ ဖြစ်ကြောင်း၊ ဖန်တရာ တေနေသည့်
အကြောင်းအရာများကို မုန်းတီးတတ်ကြောင်း ချက်ပြုတ် လျှော်ဖွတ် ကျွမ်းကျင်ကြောင်း ရေးသား ဖော်ပြထားသည်။
လေလံ ဈေးပေးသူတွေလည်း ပေါ်လာသည်။ အသက် (၄၉) နှစ်အရွယ် အဆိုပါ အမျိုးသမီးမှာ လေ့လာဈေးပြိုင် ပမာဏ (၂၀၅) ပေါင် တန်ဖိုးထိ ရောက်ရှိလာချိန်တွင် ထိတ်လန့်စိတ် ၀င်လာပြီး လေလံကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လေလံကို ဖျက်လိုက်ပြီး ဖြစ်သော်လည်း သူ့ကို အီးမေးလ်မှ တစ်ဆင့် ဆက်သွယ်သူတွေ အများကြီး ရှိကြောင်း အဆိုပါ အမျိုးသမီးက ပြောကြားခဲ့သည်။
Credit : ဖိုးသူတော်(www.phothutaw.com)
Credit : messenger
No comments:
Post a Comment