♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 23, 2016

အိမ်သာထဲ ဖုန်းပြုတ်ကျတာ ပြန်ကောက်ဖို့ ကြိုးစားရင်း ဆိုးရွားလွန်းတဲ့ အခြေအနေနဲ့ ကြုံလိုက်ရတဲ့ အမျိုးသား

 အိမ်သာ, ဖုန်း, ပြုတ်ကျ
 အိမ်သာ, ဖုန်း, ပြုတ်ကျ

တရုတ်နိုင်ငံ Guandong ဒေသက အမျိုးသားတစ်ဦးဟာ သူ့ရဲ.အိမ်က အိမ်သာထဲ ဖုန်းလွတ်ကျတာကို ပြန်ကောက်ဖို့ ကြိုးစားရင်း ဒုက္ခအကြီးအကျယ် ရောက်ခဲ့ရပါတယ်။
ဖြစ်ရပ်ကတော့ ဗုဒ္ဒဟူးနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်သမားတွေက မနက် ခြောက်နာရီခွဲကျော်မှ သူ့ကို ကယ်ထုတ်နိုင်ခဲ့တာပါ ။ မီးသတ်သမားတွေ ရောက်လာချိန်မှာ ဒီအမျိုးသားဟာ အိမ်သာ ကြမ်းပြင်မှာ လက်တစ်ဖက်က အိမ်သာခွက်ထဲ နှိုက်လျှက် ပြန်ထုတ်မရတဲ့ အခြေအနေနဲ့ တွေ့ရတာပါ။
အမျိုးသားဟာ အိမ်သာထဲမှာ အခုလို အခြေအနေနဲ့ မနက် ၂ နာရီထဲက ကြုံတွေ့ခဲ့ရပေမယ့် ကံဆိုးချင်တော့ သူက အိမ်မှာ တစ်ယောက်တည်း နေတာမို့ ဘယ်သူကမှ မကူနိုင်ခဲ့ပါဘူး ။ သူ့အော်ဟစ်သံကိုလည်း ဘယ်သူမှ မကြားပဲ မနက် ငါးနာရီထိုးမှ အိမ်နီးချင်းက ကြားခဲ့တာပါ ။ အိမ်နီးချင်းက မီးသတ်သမားတွေကို အကူအညီတောင်းဖို့ နောက်ထပ် တစ်နာရီ
ကြန့်ကြာခဲ့တာပါ။
သေချာတာကတော့ အမျိုးသားအနေနဲ့ အခြေအနေ ဆိုးရွားစွာ ရှိခဲ့မှာပါ ။ သင်လည်း အိမ်သာတက်ချိန် ဖုန်းမယူသွားသင့်ပါဘူး ။
MyanmarPortal
Credit : http://www.lwinpyin.com/2016

No comments:

Subscribe

လာလည်သူများ

free counters