♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 29, 2018

မုန့်ဟင်းခါးတစ်ပွဲ ငါးထောင်ပေးစားပြီး စီးပွားရေးကျနေသည်ဟု ပြောနေသည့် သူဌေးကြီးများစကား လုံးဝလက်မခံဟု စီးပွားရေးကော်မတီဝင် ဦးအေးလွင် ပြော


မုန့်ဟင်းခါးတစ်ပွဲ လျှင် ကျပ်ငါးထောင်ပေးစားကာ စီးပွားရေးကျနေသည်ဟု ပြောနေသည့်သူဌေးကြီးများ၏ စကားကို လုံးဝလက်မခံကြောင်း NLD ပါတီမှ ဗဟိုစီးပွားရေးကော်မတီဝင် ဦးအေးလွင်က ပြောကြားလိုက်သည်။
လက်ရှိ၌ စီးပွားရေးအကျပ်အတည်းအခက်အခဲဖြစ်သည်များကို လက်ခံပြီး NLDအစိုးရ၏ ပြုပြင်ပြောင်းလဲရေး အား ကန့်လန့်တိုက်နေ့သည့် သူဌေးကြီးများ ၏ စကားများကိုတော့ လက်မခံကြောင်း ဦးအေးလွင်က ဆိုသည်။
“လူလတ်တန်းစားတွေစားတဲ့ မနက် မနက် လက်ဖက်ရည်ဆိုင်ကြီးတွေသွားကြည့်ပါ။ ကော်ရည်တစ်ပွဲငါးထောင် ၊ မုန့်ဟင်းခါးတစ်ပွဲငါးထောင် ကော်ဖီလက်ဖက်ရည်တစ်ခွက် သုံးထောင် သောက်ပြီးတော့ ထိုင်ပြောနေတဲ့ သူဌေးကြီးတွေက ပြောတဲ့ စီးပွားရေးကျနေတယ်ဆိုတာကိုတော့ ကျွန်တော်တို့လုံးဝ လက်မခံပါဘူး။ ဒါအမှန်တရားပြောတာ။

ဒါပေမဲ့ လက်ရှိ စီးပွားရေကျပ်တည်းနေတယ်ဆိုတာ ကတော့ ဒါမှန်ပါတယ်’’ဟု ဦးအေးလွင်က ပြောသည်။
လက်ရှိ တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ဆယ်သိန်း မှ ကိုးသိန်းကျော်သို့ ပြန်လည်ကျဆင်းလျက်ရှိပြီး စက်သု့းဆီဈေးနှုန်းမှာ တက်နေဆဲဖြစ်ကာ ဆန်ဈေးမှာ လည်း ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။
“အရင့် အရင် အုပ်ချုပ်သွားတဲ့ တာဝန်ရှိပုဂ္ဂိုလ်များက စည်းစနစ် နိုင်ငံတကာစံချိန်စံညွန်းနဲ့မညီတဲ့ နိုင်ငံတကာဥပဒေများနဲ့ ဝေးကွာတဲ့ လုပ်ထုံးလုပ်နည်းများနဲ့ အကိုကြီး ညီလေး
သဘောတူလုပ်ထားတဲ့စီးပွားရေး စနစ်မှာ သာယာ ပျော်မြူးပြီး လုပ်ချင်တာလုပ်လို့ရတဲ့ စနစ်ကနေ ကျွန်တော်တို့က စည်းကမ်းကျတဲ့ နိုင်ငံတကာစံချိန်စံညွန်းနဲ့ညီအောင်လို့ ပေတံတွေတားပြီး
လိုင်းဆွဲထားတဲ့အချိန်မှာ လုပ်ချင်တာလုပ်လို့မရတဲ့ အများစု စီးပွားရေးလောကကို ငွေကြေးအင်အားနဲ့ ရာခိုင်နှုန်း ခြောက်ဆယ် ခုနစ်ဆယ် ပိုင်ဆိုင်ထားတဲ့ အုပ်စုကြီး ကတော့ ကျတယ် ၊
အော်ပြီးတော့ အရာရာ အဆင့်ဆင့်ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှုတိုင်းမှာ ကန့်လန့်တိုက်နေလို့ဖြစ်ပါတယ်’’ဟု NLD ပါတီမှ ဗဟို စီးပွားရေးကော်မတီဝင် ဦးအေးလွင် က ပြောသည်။
Ref – မင်းသီဟန်(အကုန်သိသတင်းဌာန)

No comments:

Subscribe

လာလည်သူများ

free counters