♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 22, 2015

" လေယာဉ်စီးလျှင် သတိထားစရာကောင်းသော ရောဂါများဆိုးကျိုးများ"

 
နေခြည် ဆေး(၁)

ခရီးသွားရတာကို စာရေးသူငယ်စဉ်က တည်းက တအားနှစ်သက်မိတာပါ။
ခရီးသွားတာဟာ အတွေ့အကြုံသစ်၊ ဗဟုသုတသစ်တွေနဲ့ ဘဝကိုရသစုံလင်စေတာမို့ ကမ္ဘာ့ ရွာကြီးတစ်ခုဖြစ်လာတဲ့ ယနေ့ခေတ်ကို ပီတိဖြစ်မိသလို ပြည်တွင်း၊ ပြည်ပမှာ လေယာဉ်တစ်တန်၊ ကားတစ်တန်၊ ရထားတစ်တန်ခရီးသွားရတာကို အင်မတန်မှလည်း ပျော်ခဲ့ပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ခရီးသွားရတာ ကိုနှစ်သက်ဆဲဖြစ်ပေမယ့် ကားကြာကြာစီးရတာ၊ လေ ယာဉ်ကြာကြာစီးရတာကို သိပ်ဘဝင်မတွေ့မိတော့တာ အမှန်ပါ။ သုံး၊ လေးနာရီမျှ လေယာဉ်စီးရတာသိပ်မသိ သာလှပေမယ့် နာရီပေါင်းများစွာ လေယာဉ်စီးရတာ ကို စာရေးသူ မတောင့်တမိတော့ပါ။


 
ပထမတန်းစား ခေါ် First Class တွေ၊ Suite တွေမှာ ခရီး မသွားနိုင်သေးတော့ လည်း Economy Class ခေါ် ဈေးအသက်သာဆုံးခုံတွေမှာထိုင်ပြီး ခြေထောက်ကွေးမရ၊ ဆန့် မရနဲ့ နာရီပေါင်းများစွာ လေယာဉ်စီးရတာကို အင်မ တန်လည်း စိတ်ညစ်မိပါတယ်။ ကျန်းမာရေးရှုထောင့် ကနေကြည့်ရင်လည်း အန္တရာယ်ဖြစ်တတ်တာမို့ ဒီတစ် ပတ်တော့ လေယာဉ်စီးလို့ဖြစ်တတ်တဲ့ ခြေထောက်သွေး ခဲတာ၊ အဲဒီကမှတစ်ဆင့် အဆုတ်သွေးကြောမှာလာပိတ် တတ်တာဆိုတဲ့အခြေအနေနှစ်ရပ်ကို ဒီဆောင်းပါးတို လေးကနေတစ်ဆင့် စာဖတ်သူတွေကို
ပြန်လည်တင် ဆက်ပေးချင်ပါတယ်။

 
ဒါကြောင့် စကားပြန်ဆက်ရမယ်ဆိုရင်တော့ ဒီလိုလေယာဉ်စီးရာကနေဖြစ်တဲ့ အဆုတ်သွေးကြော ထဲမှာ သွေးခဲပိတ်တဲ့ Pulmonary Embolism ကို Economy Class Syndrome လို့လည်း တင်စားခေါ်ထား ကြတာကို တွေ့ရပါတယ်။ ဆိုလိုတာကတော့ လေယာဉ် တွေရဲ့ Economy Class ခေါ်
ဘတ်ဂျက်အားဖြင့်သက် သာတဲ့ထိုင်ခုံတွေဟာ ခြေထောက်ချထားစရာနေရာ legroom ဟာ တော်တော်ကျဉ်းပါတယ်။ နောက်ပိုင်း လေယာဉ်တွေဆိုရင် လူပိုဆံ့အောင် ဒီဇိုင်းဖန်တီးထား ကြတာမို့ ပိုတောင်ဆိုးလာတာတွေ့ရပါသေးတယ်။

ဒီလိုနေရာကျဉ်းကျဉ်းမှာ ခြေထောက်ကို အောက်ချပြီး ကြာရှည်စွာထိုင်မယ်၊ အထူးသဖြင့် လေး နာရီထက်ကျော်အောင်ထိုင်ရတဲ့အခါမှာ လှုပ်ရှားမှုနည်း
တဲ့ခြေထောက်ရဲ့ သွေးကြောတွေထဲ သွေးစီးဆင်းမှုလျော့ နည်းပြီး သွေးခဲလေးတွေဖြစ်လာတတ်ပါတယ်။ မလှုပ် မယှက်ထိုင်တာကြာလေ၊ သွေးခဲဖြစ်နိုင်ခြေပိုများလေ လေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့်တော့ ခန္ဓာကိုယ်ရဲ့ပုံမှန်အရပဲ အဲဒီသွေးခဲတွေဟာ အလိုလို ပြန်ပျော်သွားတတ်ပါတယ်။ ဒီလိုဆိုရင်တော့ ပြဿနာ သိပ်မရှိနိုင်ပေမယ့် တစ်ခါတစ်ရံမှာ သွေးခဲဟာ မပျော် သွားပဲနဲ့ ခဲနေတဲ့နေရာကနေ ပြုတ်ထွက်ပြီး ခြေထောက် သွေးကြောတွေတောက်လျှောက်ကနေတစ်ဆင့် အဆုတ် ဆီကို ဦးတည်သွားတတ်ပါတယ်။

ဒီအခါမှာတော့ သေစေလောက်တဲ့အဆုတ် သွေးကြောမှာ တခြားသွေးကြောတစ်ခုက ပြုတ်ထွက် လာတဲ့ သွေးခဲလာပိတ်တာဆိုတဲ့ Pulmonary Embolism(P.E) ကို သေလုမျောပါး ခံရတော့တာပါပဲ။ ဒါ ဟာ အသက်အန္တရာယ်လည်းရှိတတ်တဲ့ အရေးပေါ်အ ခြေအနေဖြစ်ပါတယ်။ လူနာဟာ ချက်ချင်းအ သက်ရှူတွေ ကျပ်တတ်လာပြီး နှလုံးခုန်ပုံမှန်မဟုတ် တတ်တာ၊ ရင်ဘတ်အောင့်လာတာ၊ ချောင်းဆိုးတာ၊ ချောင်းဆိုးသွေးပါတာ၊ မူးလဲတာစတာတွေ ခံစားလာ ရတတ်ပါတယ်။

ဒါကြောင့် ဘယ်လိုလူတွေဒီလို P.E ပိုရတတ် သလဲဆိုရင်တော့ ခြေထောက်မှာသွေးခဲဖြစ်တတ်တဲ့ သူတွေလို့ဆိုရမှာပါ။ ဒါဆို ဒီလိုသွေးခဲဖြစ်တတ်သူတွေ ကရော ဘယ်သူတွေဖြစ်နိုင်ပါသလဲဆိုရင်တော့ -
-''အဝလွန်သူတွေ၊
- ခရီးမသွားခင် မကြာခင်သုံးလခန့်လောက်က ခွဲစိတ် မှုကြီးကြီးမားမားခံယူထားရသူတွေ၊ အီစထရိုဂျင်ပါသော ဟော်မုန်းသန္ဓေတားဆေးတွေ ပုံမှန်စားသုံးနေရသူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ မီးဖွားပြီးစအမျိုးသမီးတွေ၊
-ကင်ဆာရောဂါရှိသူတွေ၊ ကင်ဆာကုထုံးယူနေရသူတွေ၊ ခြေထောက်မှာ သွေးကြောများထုံးနေသူတွေ၊
• လှုပ်ရှားမှုနည်းသူတွေ (ဥပမာ အရိုးကျိုးထားသူတွေနဲ့
• မိဘမျိုးရိုးမှာ သွေးခဲတတ်တဲ့ရောဂါအခံရှိသူ''တို့ပဲ ဖြစ်ပါတယ်။

သူတို့တွေဟာ ပုံမှန်အားဖြင့်ကို သွေးပြစ်၊ သွေးခဲတာဖြစ်တတ်သူတွေဖြစ်တဲ့အတွက် ဒီလိုမျိုး လေ ယာဉ်ကြာကြာစီးရမယ်ဆိုရင် သတိထားသင့်ပါတယ်။ ခရီးမသွားဖြစ်လောက်အောင် ကြောက်စရာတော့မဟုတ် ပါဘူး။ ဒါပေမဲ့ ခရီးစဉ်တစ်လျှောက်မှာ ဆောင်ရန်၊ ရှောင် ရန်လေးတွေကို ဂရုပြုလိုက်နာသင့်ပါတယ်။
မိမိခြေသလုံြး<ွကက်သားတွေ ဖောင်းတင်း လာတာ၊ အောင့်တက်လာတာ၊ နာလာတာ၊ ခြေသလုံးြ<ွကက်သားရဲ့အရေပြားတွေ ပူနွေးနီရဲလာတာ စတာ တွေဟာ ခြေထောက်ကသွေးကြောတွေမှာ သွေးခဲနေ တာရဲ့လက္ခဏာဖြစ်တတ်ပါတယ်။ ဒါပေမဲ့ တချို့သူ တွေမှာတော့ လက္ခဏာမပြတတ်တာမျိုးလည်း ရှိပါ တယ်။ ဒီလိုနဂိုကတည်းက သွေးပြစ်၊ သွေးခဲတဲ့ သွေး ရောဂါရှိသူတွေကတော့ ခရီးမသွားခင်ကတည်းက သွေး ကျဲဆေးတွေကို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ရဲ့ တိတိကျကျညွှန်ကြားမှုအတိုင်း လိုက်နာသောက်သုံးပြီး အကာအကွယ်ယူထားသင့်ပါတယ်။

ဒါပေမဲ့လည်း ရောဂါအခံရှိတာ၊ မရှိတာဆို တာထက် ကြာရှည်ခရီးသွားရတဲ့အခါမှာ ပြုလုပ်သင့် တာကတော့ ခရီးစဉ်တစ်လျှောက်မှာ ခြေသလုံးကြွက် သားလေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပြီး ကြွက်သားမှာ သွေး လျှောက်တာကို ကောင်းမွန်စေဖို့လိုပါတယ်။ တစ်ချိန် လုံး လေယာဉ်လျှောက်လမ်း ဗငျူန မှာ လမ်းထလျှောက် ဖို့ကလည်း အမြဲမဖြစ်နိုင်တာမို့ မိမိထိုင်ခုံမှာ မိမိထိုင် နေတုန်းမှာ မကြာမကြာခြေထောက်ကို အညောင်းအ ညာဆန့်ပေးဖို့ မမေ့ပါနဲ့။ (တစ်ဖက်လူက ကိုယ့်ကိုကြည့် ရင် အပျင်းဆန့်သလိုဖြစ်နေမှာမို့ ထူးဆန်းသလိုကြည့် နေရင်တောင် ဂရုသိပ်မစိုက်ပါနဲ့။)

ရိုးရိုးခြေထောက်ဆန့်တာထက် ပိုစနစ်ကျ ချင်ရင်တော့ မိမိခြေထောက်ကိုထိုင်ခုံမှာ ဆန့်ထုတ်လို့ ရသလောက် ထုတ်ပေးပြီး ခြေကျင်းဝတ်ကိုတော့ကွေး ကာ ခြေချောင်းများကို အတွင်းဘက်ကိုကော့ပေးပါ။ ဒါ့အပြင် မိမိဒူးတစ်ဖက်စီကို မိမိရင်ဘက်နားထိကပ် အောင် ကွေးထားပေးပြီး လက်နဲ့ ၁၅စက္ကန့်လောက်
ကြာအောင်ထိန်းထားပေးပါ။ ၁၅စက္ကန့်ပြီးရင် ဒူးပြန် ဆန့်လိုက်ပြီး တစ်ခေါက်ကို ဆယ်ကြိမ်လောက်လုပ်ပေး ပါ။ ဒီလိုလုပ်ပေးတာဟာ ခြေထောက်က သွေးလည်ပတ် မှုကို ကောင်းမွန်စေပါတယ်။ ရှောင်ရန်တစ်ချက်ကတော့ ခြေထောက်ကိုချိတ်ပြီး မထိုင်မိဖို့ပါပဲ။ ခရီးကြာကြာ သွားတဲ့အခါ အမှတ်တမဲ့ ခြေထောက်တစ်ဖက်ကို နောက် တစ်ဖက်ပေါ်မှာချိတ်ပြီး ထိုင်တတ်ပါတယ်။ ပုံမှန်ဆို ရင်တော့ စမတ်ကျတဲ့ဟန်ပန်ဖြစ်ပေမယ့် ခရီးသွားနေ စဉ်မှာ ခြေထောက်ချိတ်ထိုင်တာဟာ ဒူးကွေးပြီး သွေး ကြောတွေကို ညှပ်ထားသလိုဖြစ်တဲ့အတွက် သွေးစီးဆင်း မှုမကောင်းဘဲ သွေးခဲတာကိုပိုဖြစ်စေတတ်ပါတယ်။

နောက်ဆုံးအနေနဲ့ မျှဝေချင်တာလေးက တော့ အထက်မှာဖော်ပြထားသလို သွေးခဲနိုင်ခြေများ သူတွေဖြစ်နေမယ်ဆိုရင်တော့ ခြေထောက်လှုပ်ရှားမှု လုပ်ပေးတာအပြင် အခုနောက်ပိုင်းခေတ်စားလာတဲ့ Graduated Compression Stockings ခေါ်ခြေ ထောက်သွေးလည်ပတ်မှုကိုကောင်းစေတဲ့ ခြေစွပ်ရှည် တွေကို ခရီးသွားစဉ်မှာ ခြေထောက်နှစ်ချောင်းစလုံးကို စွပ်ထားပေးနိုင်ပါတယ်။ ဒီလိုခြေစွပ်တွေဟာ ခြေထောက် ကြွက်သားတွေအလုပ်လုပ်ပြီး သွေးကိုညှစ်ပေးတတ် သလိုပဲ တုပလုပ်ဆောင်ပေးတဲ့အတွက် ထိုင်နေရတာ များမယ့်ခရီးစဉ်တွေအတွက် အင်မတန်အထောက်အ ကူပြုစေပြီး အထိုက်အလျောက်တော့ ကာကွယ်နိုင်တာ မို့ ခရီးလည်းဆုံးလေယာဉ်လည်းဆိုက်၊ လူကိုယ်တိုင် လည်းခွေကျသွားတယ်ဆိုတာမျိုး မဖြစ်ရလေအောင် Pulmonary Embolism and Air Travel အတွက် လေ့လာမိသမျှကိုစာဖတ်သူတို့နဲ့ ပြန်လည်မျှဝေလိုက် ရပါတယ်။




Credit :  https://www.facebook.com/yangonmediagroup/posts/1011347558884164

No comments:

Subscribe

လာလည်သူများ

free counters