♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 21, 2015

" ရေထဲ ဖုန်းကျသွားတဲ့အခါ ဒီအချက် (၅)ချက်ကို လုပ်ဆောင်သင့်တာ "


ရုတ်တရက်ရေထဲ စမက်ဖုန်းကျသွားရင် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားတတ်ပါတယ။် ဒီအတွက်မပူပါနဲ့ ။ ဒီနည်းလေးတွေကို လုပ်လိုက်ပါ။
၁။ ဖုန်းပါဝါပိတ်ပါ- ဖုန်းရေထဲကျလို့ ပြန်ဆယ်ယူပြီးပြီးချင်း ဖုန်းပါဝါ ခလုပ်ကိုပိတ်ပါ။ ထိုသို့လုပ်ခြင်းအားဖြင့် သင့်ဖုန်းရဲ့အတွင်းပိုင်းထိcircuits တွေ ပျက်စီးသွားခြင်းကို ကာကွယ်ပေးပါတယ်။
၂။ အကုန်ဖြုတ်ပါ- ပါဝါပိတ်ပြီးရင် ဖုန်းထဲက အရာမှန်သမျှ ဖြုတ်ပါ။ ဘက်ထရီ၊ ဆင်းကတ်ဒ်နဲ့ ဖုန်းအလှဆင်တန်ဆာ( အဖုံးခွံ၊ဖုန်းကပ်ခွာ) စတာတွေကို ဖြုတ်ပစ်လိုက်ပါ။
ထိုပစ္စည်းတွေပေါ်မှာ ရေတွေ ကျန်ရစ်ခဲ့မှုမရှိစေဖို့ ဖြုတ်တဲ့အခါ အ၀တ်စ အခြောက်ကလေးကိုင်ပြီး ဖြုတ်ပါ။
၃။ လှုပ်ခါပါ- နားကြပ်ပေါက်၊အားသွင်းပေါက် သို့မဟုတ် ဖုန်းအပြင်ရှိ ခလုပ်ကြားတွေထဲ ရေတွေကျန်မနေအောင် ဖုန်းကို အသာကလေး လှုပ်ခါပါ။ အဲ့ဒီနောက် ဖုန်းအပြင်ပိုင်းရှိ ရေတွေကို ဖယ်ရှားဖို့ အ၀တ်ခြောက် သို့မဟုတ် တစ်ခါသုံးစက္ကူစ သို့မဟုတ် တစ်ရှူးစလေးဖြင့် ဖုန်းအား သုတ်ပါ။
၎။ ဖုန်းကိုဆန်ထဲမြှပ်ထားပါ -ဒီနည်းကတော့ အသုံးများတဲ့ နည်းလမ်းပါ။ လေလုံသေတ္တာငယ်တစ်ခုသို့မဟုတ် ဇစ်ပါသောအိတ်ထဲသို့ မချက်ရသေးတဲ့ ဆန်များထည့်ပါ။ ဖုန်းကို အဲ့ဒီ ဆန်ထဲသို့ထည့်ပါ။ထို့နောက် ယင်းအိတ် သို့မဟုတ် သေတ္တာကို ပိတ်ပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားပါ။ ဂျုံမှုံ့၊ silica gel ထုတ်လေးတွေဖြင့်လည်း လုပ်နိုင်ပါတယ်။
၅။ စောင့်ကြည့်ပါ-ဖုန်းကို ဆန်ထဲတွင် အနည်းဆုံး ၂၄ နာရီ မှ ၄၈နာရီကြာအောင် ထားထားပါ။ အကောင်းဆုံးကတော့ ဖုန်းအလုပ်လုပ်သေးလားဆိုတာ သိရှိလိုရင်တောင် မထုတ်လိုက်ပါနှင့်။ ရေစိုတာ တအားမများရင် ဖုန်းကအလုပ်လုပ်မှာပါ။
စက်အလုပ်မလုပ်သေးရင်
ရေစိုသွားတဲ့ဖုန်းက လုံးဝပြန်ကောင်းလာမယ်လို့တော့ အာမခံလို့ မရပါဘူး။ ပြန်ကောင်းလာဖို့က ၅၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အထက်ပါအတိုင်း ဆန်ထဲထည့်တဲ့နည်းက အလုပ်မဖြစ်ဘူးဆိုရင်တော့ သက်ဆိုင်ရာ ဖုန်း ၀န်ဆောင်မှုစင်တာကိုသွားပါ။ သူတို့က သင်ဖုန်းပြန်ကောင်းအောင် ပြုပြင် ပေးနိုင်ပါလိမ့်မယ်။ သိထားရမှာက ဖုန်းအာမခံပေးထားမှုမှာ ရေစိုပျက်စီးမှု မပါဝင်ပါဘူး။ မိုးတွင်း သို့မဟုတ် ကမ်းခြေလိုနေရာမျိုး သွားတဲ့အခါ ဖုန်းရေစိုခံအိတ် ဆောင်သွားခြင်းမျိုးဖြင့် ရေစိုခြင်းကို ကာကွယ်ထားနိုင်ပါတယ်။
(၆)။ အိမ်သာထဲ ဖုန်းယူသွားရင်- တော့ ဖုန်းကိုခါးမှာ မထည့်ထားပါနှင့်၊ ရင်ဘတ်ကြားလဲ မထည့်ထားပါနှင့် အိမ်သာထဲက မပြုတ်ကျနိုင်တဲ့ တန်းတခုခုသေချာတင်ပါ။ ဒါမှမဟုတ် ကြွတ်ကြွတ်အိတ်ဆောင်ထားပါ။ ကြွတ်ကြွတ်အိတ်ကို ခေါက်ထားရင် အိတ်ကပ်ထဲ နေရာမယူပါဘူး။ ပါးပါးလေးဆိုတော့ မလေးတဲ့အပြင် အသာအယာထည့်ထားလို့ရပါတယ်။ 
အဲ့ဒီလိုပဲ အဖိုးတန်ဖုန်းကို သိန်းပေါင်များစွာ ပေးဝယ်ထားပြီး ဂရုမစိုက်ပဲ နမော်နမဲ့ နိုင်လွန်းတာကြောင့် အိမ်သာထဲ ဖုန်းကျပြီး ပျက်ဆီးသွားရင် ပြန်ပြင်လို့မရတော့ပါ။ ကိုယ့် အနေနှင့် သိန်းတွေ ပုံအောပြီး ဝယ်ထားတဲ့ ပစ္စည်းကိုတော့ တန်ဘိုးထားတတ်ဖို့ ကောင်းပါတယ်။ ငွေဆိုတာက မြေက ပေါက်လာတာမဟုတ်တော့ ဘာပဲဖြစ်ဖြစ် ဂရုတစိုက် ထားဖို့တော့လိုပါတယ်။ တချို့တလေကလည်း ဖုန်းဗားရှင်း အသစ်ပေါ်လာရင် ဖုန်းအဟောင်းကို တနည်းနည်းနှင့် ဖျက်ဆီးပြီး မတော်တဆ အက်ဆီးဒင့်ဖြစ်သယောင်လုပ်ကာ မိဘတွေ၊ ဇနီး၊ ခင်ပွန်းတွေကို ဘတ်တတ်ကြတာလည်းရှိသေးပါတယ်။  အသစ်လိုချင်ရင်လည်း အဟောင်းကို တဝက်ဈေးနှင့် ရောင်းပြီး ငွေထပ်စိုက်ပြီး ဝယ်ခိုင်းလည်းရနိုင်ပါတယ်။ ဖုန်းကို ဖျက်ဆီးလိုက်မယ်ဆိုရင်တော့ ငွေပေါင်များစွာ ပြန်စိုက်ရတဲ့အပြင် ဖုန်းအဟောင်းဟာလည်း အလဟသဖြစ်သွားကာ အကျိုးမဲ့သွားတတ်ပါတယ်။ ဒါတွေဟာ လက်တွေ့ဖြစ်စဉ်တွေပါ။
( အမှတ် (၆) ကို ရောရောသမမွှေမှ ရောသမကာ ထပ်တိုးထားခြင်းဖြစ်ပါတယ်။ တိုက်ဆိုင်မှုရှိခဲ့ရင် ခွင့်လွှတ်ကြပါလို့ မေတ္တာရပ်ခံပါရစေ....
Ref:timesofindia.indiatimes
 

No comments:

Subscribe

လာလည်သူများ

free counters