♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 24, 2015

" ဆီးနှင့် အညစ်အကြေးမှ ထုတ်သောရေကို သောက်သုံးပြသသည့် မိုက်ခရိုဆော့ဖ် ထူထောင်သူဘီလ်ဂိတ် "

 
လူ့ကျင်ငယ်ရေနှင့် မစင်များကို ပြန်သန့်စင်ပြီး ထုတ်လုပ်ထားသော ရေသန့်ကို ဘီလ်ဂိတ် ကိုယ်တိုင် သောက်ပြခဲ့ကြောင်း သိရသည်။ အညစ်အကြေး ရေများကို ပြန်သန့်စင်ကာ ရေသန့် ထုတ်ယူသည့် နည်းပညာကို အသုံးပြုကာ ဆင်းရဲသော ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ရေကောင်း ရေသန့် ရရှိအောင် ဆောင်ရွက်မည့် စီမံကိန်း လှုပ်ရှားမှုတစ်ရပ် ဖြစ်သည်။
            အညစ်အကြေးရေကို ရေသန့် ဖြစ်အောင် သန့်စင် ပေးမည့် စက်ကို သေချာစွာ စမ်းသပ် ပြီးစီးပါက ယခု နှစ်ကုန်ပိုင်း ကစပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ထိုစက်များ ပေးပို့ သွားမည် ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ် ထူထောင်သူ ဘီလ်ဂိတ်က ပြောသည်။ ကမ္ဘာတစ်ဝန်း လူသား (၇၄၈) သန်းလောက်ထိ ရေကောင်း ရေသန့် ပြတ်လပ် နေကြောင်း ရေသန့် ပရဟိတ အဖွဲ့ကြီး WaterAid ကပြောသည်။
            မစ္စတာဂိတ်၏ ဘလော့ စာမျက်နှာတွင် ဖော်ပြထားသော ဗီဒီယိုအရ စက်၏ တစ်ဖက်ခြမ်းသို့ အညစ်အကြေးရည်များ လောင်း ထည့်လိုက်ပြီး နောက်တစ်ဖက် ထွက်လာသော ရေသန့်ကို မစ္စတာ ဂိတ်က သောက်ပြခဲ့သည်။
         ““ရေသန့်ဘူးထဲက ရေအတိုင်းပဲ။ ဘာအနံ့အရသာမှ အပိုမထွက်ဘူး။ စက်ကို တည်ဆောက်ထားပုံ အဆင့်ဆင့် ကိုလည်း
ကျွန်တော် လေ့လာ ထားပြီးပါပြီ။ ဒီစက်က ထွက်တဲ့ ရေကို နေ့တိုင်း ပျော်ပျော်ကြီး သောက်နိုင်ပါတယ်။ ကျန်းမာရေး အတွက်လည်း စိတ်ချရပါတယ်”” ဟု မစ္စတာဂိတ်က ၄င်း၏ ဘလော့ စာမျက်နှာတွင် ရေးသားထားသည်။
            ထိုစက်ကို Omniprocessor ဟု အမည် ပေးထားသည်။ အညစ်အကြေးရည်များကို ဆူပွက်သည် အထိ ကျိုချက် ပြီးနောက် ထွက်လာသော အငွေ့များကိုသာ ယူလိုက်သည်။ ထိုနည်းဖြင့် အညစ်အကြေး အဖတ်များကို လုံးဝ စစ်ထုတ် လိုက်နိုင်သည်။ ရေဓာတ် ကုန်ခမ်းသွားသော အညစ်အကြေး အဖတ်များကို လောင်စာအဖြစ် ပြန်သုံး မီးရှို့ပြီး စက်ကို ဆက်လက် လည်ပတ် နိုင်သဖြင့် လောင်စာ အကုန်အကျလည်း သက်သာသည်။
            စုဆောင်း ထားသော ရေငွေ့များကို ရေအဖြစ် ပြန်စုစည်းပြီး နောက် ရေသန့်စင်မှု အဆင့်ဆင့် ဖြတ်သန်း ပြီးနောက် သောက်သုံးနိုင်သော ပကတိ ရေသန့် ဖြစ်လာသည်။ မသန့်သော ရေကို သောက်မိသောကြောင့် ၀မ်းရောဂါများ ဖြစ်ပွားပြီး ကမ္ဘာတစ်ဝန်း ကလေးငယ် ခုနစ်သိန်း နီးပါး သေဆုံး နေရကြောင်း မစ္စတာဂိတ်က ပြောသည်။
            ထိုရေသန့်စက် ထွက်ပေါ်လာရေး အတွက် ဘီလ်နှင့် မလင်ဒါဂိတ် ဖောင်ဒေးရှင်းက ရန်ပုံငွေ ထောက်ပံ့ထားသည်။

သန်းထိုက်စိုး
နယူးယောက် ၊ ဇန်န၀ါရီ ၈

Source: BBC

Credit : http://messengernewsjournal.com/News/Tech/detail.php?id=29823

No comments:

Subscribe

လာလည်သူများ

free counters