♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 28, 2015

" ဂျပန်နိုင်ငံက ကီရှီဘူတာမှာ ရုံပိုင်အဖြစ် ကြောင်မလေးနီတာမာကို ခန့်အပ်"


ဂျပန်နိုင်ငံကျေးလက်ဒေသတစ်ခုက ရထားဘူတာမှာ ရုံပိုင်အဖြစ်ခန့်အပ်ခံလိုက်ရတဲ့ ကြောင်တစ်ကောင်အတွက်တော့ ယူရမယ့်တာဝန်ဝတ္တရားက ကြီးမားလွန်းနေပါတယ်။ ဒီကြောင်မလေးရဲ့ရှေ့မှာ ရုံပိုင်တာဝန်ယူခဲ့တဲ့ကြောင်ဟာ ကမ္ဘာကျော်ပြီး အခက်အခဲကြုံခဲ့တဲ့ဘူတာနဲ့ ဘဏ္ဍာရေးအဆင်မပြေခဲ့တဲ့ရထားလိုင်းကို ကူညီခဲ့သူဖြစ်လို့ နာမည်ကြီးတဲ့ ကြောင်လေးတစ်ကောင်ပါပဲ။ ဒါ့အပြင် အဲဒီကြောင်ဟာ ဦးထုပ်တစ်လုံးကို လိုက်ဖက်ညီအောင် ဘယ်လိုဆောင်းရမလဲဆိုတာကို လည်း သိရှိခဲ့သူပါ။

တာမာလို့အမည်ရတဲ့ ယခင်ဘူတာရုံပိုင်ကြောင်မလေးဟာ အသက် ၁၆ နှစ်အရွယ်အရောက်မှာ ၀ါကာယာမာလျှပ်စစ်ရထား လိုင်းက ကီရှီဘူတာရဲ့ရုံပိုင်အဖြစ် ၈ နှစ်ကြာ တာဝန်ယူပြီးနောက် ဇွန်လ ၁၆ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ လူချစ်လူခင်များတဲ့ တာမာရဲ့နာရေးကိုတော့ လူထောင်ပေါင်းများစွာလာရောက်ပြီး ၀မ်းနည်းကြောင်းပြသခဲ့ကြပါတယ်။ ရုံပိုင်ကြောင်မလေးသေဆုံးပြီးနောက်မှာတော့ ရိုးရာဓလေ့အတိုင်း ၀မ်းနည်းခြင်းကာလကို ရက် ၅၀
သတ်မှတ်ပြီး တာဝန်လက်ခံ ယူမယ့်သူကို စောင့်ကြည့်အကဲဖြတ်ခဲ့ကြပါတယ်။


ဒီလအစောပိုင်းမှာတော့ ရထားလိုင်းဥက္ကဌကိုဂျီမာက တာမာရဲ့နေရာကို ဘယ်သူဆက်ခံမလဲဆိုတာ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ကီရှီဘူတာရဲ့ရုံပိုင်သစ်ကတော့ နီတာမာ ခေါ် တာမာ ၂ ပဲဖြစ်ပါတယ်။
ကိုဂျီမာရဲ့ထုတ်ပြန်ချက်မှာ ‘နီတာမာဟာ ယခင်တာဝန်ယူခဲ့တဲ့ရုံပိုင်လို ကြောင်အမျိုးအစားဖြစ်ပြီး ကြောင်ရုံပိုင်လေ့ကျင့်ရေး သင်တန်းကျောင်းကို အောင်မြင်စွာတက်ရောက်ပြီးစီးခဲ့သူဖြစ်ပါတယ်။


ဒီအလုပ်မှာ အဓိကကျတာကတော့ အလုပ်မှာ လူတွေနဲ့ အဆင်ပြေဖို့ရယ် ဦးထုပ်ဆောင်းလိုစိတ်ရှိဖို့ရယ်ပဲဖြစ်ပါတယ်။ နီတာမာ့ကို ခန့်အပ်ရတဲ့အကြောင်းရင်းကတော့ သူဟာ တာမာရဲ့ သင်ကြားမှုတွေကို တိုက်ရိုက်ရရှိခဲ့လို့ပါပဲ။ တာမာဟာ အရမ်းယဉ်ပြီး ဒေါသထွက်ခဲပါတယ်။ ဒါပေမဲ့ သူ့ရဲ့လက်အောက်ငယ်သား နီတာမာ့အပေါ်တော့ စည်းကမ်းတင်းကျပ်ခဲ့ပါတယ်’ လို့ ရေးသားထားပါတယ်။ နီတာမာဟာ အသက် ၅ နှစ်သာရှိသေးပေမယ့် ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ရတော့မှာပါ။


နီတာမာဟာ အိုင်ဒါကီဆိုဘူတာမှာ ရုံပိုင်အဖြစ်တာဝန်ထမ်းဆောင်ဖူးသလို အိုကာယာမာလျှပ်စစ်ကုန်တင်ရထားလိုင်းမှာလည်း ဧည့်ကြိုအဖြစ်တာဝန်ယူခဲ့ဖူးပါတယ်။ ဒါ့အပြင် တာမာရှိစဉ်တုန်းကလည်း ကီရှီဘူတာမှာ လက်ထောက်ရုံပိုင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ယခင်သတင်းတွေအရတော့ ၀ါကာယာမာလျှပ်စစ်ရထားလိုင်းဟာ ၂၀၀၇ ခုနှစ်က တာမာ့ကို ရုံပိုင်အဖြစ်မခန့်အပ်ခင်မှာ ဘဏ္ဍာရေးအခြေအနေကြောင့် ပိတ်သိမ်းရလုနီးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ တာမာရဲ့လူသိများထင်ရှားမှုကြောင့် ရထားလိုင်းလည်း ဒေ၀ါလီခံရမယ့်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ တာမာကို ကယ်တင်ရှင်လို့ တင်စားထားတဲ့ ကိုဂျီမာကတော့ တာမာ့နေရာကိုဆက်ခံတဲ့ နီတာမာ ခေါ် တာမာ ၂ ကလည်း အလားတူစွမ်းဆောင်ပေးမယ်လို့ ယုံကြည်နေပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
Credit: innewsmyanmar

No comments:

Subscribe

လာလည်သူများ

free counters