♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 29, 2015

" တရုတ်အိုဘားမား ဆိုပါလား .....အလိုလေး!!! ...သောက်ကျိုးတော့ နည်းရချေရဲ့ မောင်....

 

တရုတ်နိုင်ငံဟာ အတုလုပ်တဲ့ နေရာမှာ သမ္မတကြီး အိုဘားမားတောင်ချန်မထားဘူးလို့ ပြောရမှာ
 ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံသား တစ်ဦးဟာ အမေရိကန် သမ္မတကြီး အိုဘားမားပုံစံနဲ့ တူအောင် ပြုလုပ်ထားတာကြောင့် ဖြစ်ပါတယ်။ ဒေးလီးမေးလ် သတင်းစာကတော့ ဘေဂျင်း အိုဘားမားလို့ ခေါင်းစဉ်တပ်ပြီး ဖော်ပြခဲ့ပါတယ်။ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးဟာ အမြဲတမ်း ကောင်းမွန်ခြင်း မရှိပေမယ့် အသက် (၂၉)နှစ်အရွယ်ရှိ Xiao Jiguo ဟာ သမ္မတ အိုဘားမားနဲ့ တူအောင် ဖန်တီးယူထားပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါက ရှန်ဇန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနား တစ်ခုမှာ အိုဘားမား ဒီဇိုင်းပုံစံနဲ့ တက်ရောက် လာခဲ့တာကြောင့် အများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။
      Xiao Jiguo ဟာ ဆီချွန် အရပ်ဒေသမှာ နေထိုင်ပြီး အိုဘားမားကို လေးစား အားကျသူ ဖြစ်ပါတယ်။ ၂၀၁၂က ပြုလုပ်ခဲ့တဲ့ အစီအစဉ်တစ်ခုမှာ အိုဘားမားပုံစံနဲ့ သရုပ်ဆောင်မှု ပြုလုပ်ခဲ့ပါတယ်။ ဒီနောက် အိုဘားမားပုံစံ အတုခိုးကာ အစီအစဉ်ပေါင်း များစွာမှာ ပါဝင်ခဲ့ပါတယ်။ Xiao Jiguo ဟာ ဒီနှစ်အစောပိုင်းမှာ မျက်နှာကို ခွဲစိပ်ပြီး အိုဘားမားပုံစံ ပိုတူအောင် ပြုလုပ်ခဲ့ပါတယ်။ အိုဘားမား မိန့်ခွန်းတွေကို အင်တာနက်က အကြိမ်ပေါင်းများစွာ ကြည့်ရှုပြီး စကားပြောဆိုတဲ့ အမှုအရာကအစ
တူအောင် လေ့ကျင့်ယူခဲ့ပါတယ်။ Xiao Jiguo အတွက် အထိမ်းအမှတ် တစ်ခုကတော့ အိုဘားမားရဲ့ မွေးနေ့နဲ့ ရှေ့ဆင့်နောက်ဆင့် ကျရောက်နေခြင်း ဖြစ်ပါတယ်။ Xiao Jiguo ဟာ မေလက အိုဘားမားပုံစံ သရုပ်ဆောင်ထားတဲ့ ဟာသပြကွက်တွေကို  အွန်လိုင်းမှာ တင်ရှိခဲ့ဖူးကြောင်း သိရပါတယ်။ Xiao Jiguo ဟာ အရင်က စားပွဲထိုး တစ်ဦးဖြစ်ပြီး သရုပ်ဆောင်ခြင်းနဲ့ သီချင်းဆိုခြင်းကို အလွန် ၀ါသနာပါတာကြောင့် ထင်ရှားကျော်ကြားမှု ရှိစေဖို့ အိုဘားမားပုံစံ အတုခိုးထားခြင်း ဖြစ်ကြောင်း သိရပါတယ်။ နောက်ပြီး ရုပ်သံအစီအစဉ်တွေမှာ ကိုယ်ပိုင် သံစဉ်သီချင်းတွေ သီဆိုနိုင်ဖို့ အိပ်မက် မက်ထားကြောင်း Xiao Jiguo က ဟြေကြားခဲ့ပါတယ်။



Credit : http://messengernewsjournal.com/General/Eventure/detail.php?id=43152

No comments:

Subscribe

လာလည်သူများ

free counters