♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 22, 2016

" နှုတ်ခမ်းထောင့်စွန်း အက်ကွဲရခြင်းအကြောင်းအရင်း "

မိမိတို့ခန္ဓာကိုယ်မှာ သင့်တင့်လျောက်ပတ်စွာ အလုပ်လုပ် မနေကြောင်း ညွန်ပြတဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီရောဂါလက္ခဏာဟာ အန္တရာယ်ရှိဖြစ်စေနိုင်ပြီး တားဆီးမယ့် နည်းလမ်းတွေ ဖော်ပြပေးချင်ပါတယ်။ နှုတ်ခမ်းထောင့်ချိုးအက်ကွဲစေတဲ့ အဓိကအကြောင်းအရင်းတွေကတော့…  
·         ဗီတာမင် B ချို့တဲ့ခြင်း
·         နှုတ်ခမ်းအမြှေးပါးတွေ စားတဲ့ gastric acid ထုတ်လုပ်မှုလွန်ကဲခြင်းနဲ့ ဆက်စပ်တဲ့ အစာအိမ်ရောဂါများ
·         သံဓာတ်ချို့တည့်မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ
·         ခံတွင်းသန့်ရှင်း ကောင်းစွာမရှိခြင်း သို့မဟုတ် သန့်ရှင်းမှုအားနည်းခြင်း
·         ကိုယ်ခံအား အားနည်းခြင်း
·         ဆီးချိုရောဂါ
·         စကားပြောနေစဉ် လျှာနဲ့ နှုတ်ခမ်းတွေ စိုအောင် ပြောသူတွေမှာ ဖြစ်ပွားလေ့ရှိပါတယ်။
ဒီရောဂါလက္ခဏာက zinc နဲ့ B vitamin (B3, B2 and B12) ချို့တဲ့မှု လက္ခဏာတစ်ခုဖြစ်ပါတယ်။
ဖြေရှင်းနည်း - တို့ဟူး၊ ဒိန်ချဉ်၊ ဟင်းနုနွယ်၊ မြေပဲ၊ တရုတ်ဆီးသီး၊ ကညွတ်၊ အစေ့နဲ့ပဲထောင့်ရည်မျိုးတွေ ပိုစားပေးပါ။ နောက်
သံဓာတ်စုပ်ယူမှုပိုမိုကောင်းမွန်အောင် နေ့စဉ်ပုံမှန်အစားအစာထဲ ပန်းဂေါ်ဖီစိမ်းနဲ့ ကိုက်လန်တို့လည်း ထည့်သွင်းသင့်ပါတယ်။
နောက် နှုတ်ခမ်းထောင့်စွန်း အက်ကွဲစေတဲ့အကြောင်းအရင်းတစ်ခုက အလှပြင်ပစ္စည်းတွေမှာ တွေ့ရတဲ့ ပါဝင်ပစ္စည်းတွေကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှုတွေ ဖြစ်နိုင်ပါတယ်။
Ref: HFT
Credit : http://www.trend.com.mm/2016/08/21/lifestyle-10230

No comments:

Subscribe

လာလည်သူများ

free counters