♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 22, 2016

" ခရီးသွားရင်း ငိုက်တတ်သူလား"

 
ခရီးဝေးသွားတဲ့အခါ အေးအေးဆေးဆေးလေး ငိုက်လို့ရမယ့် ကိရိယာဖြစ်ပါတယ်။ ခုံနောက်ခံနဲ့ ချိတ်ပြီး မေးစေ့ကနေ ခေါင်းကိုထိန်းထားမှာ ဖြစ်ပါတယ်။ စီစဉ်သူဟာ အမေရိကန်နိုင်ငံ ကန်တပ်ကီပြည်နယ်အခြေစိုက် ဒီဇိုင်နာ ပေါ်လာဘလန်ကန်ရှစ်ဖြစ်ပြီး ခရီးသွားရာမှာ ကောင်းကောင်းအိပ်လို့မရတာကနေ ဒီလိုတီထွင်ဖြစ်ခဲ့တာလို့ သိရပါတယ်။

ပုံစံအမျိုးမျိုး ပြုလုပ်ကြည့်ပြီးနောက်မှာ  NodPod လို့ခေါ်တဲ့ အခုလိုအိပ်ငိုက်ပစ္စည်းလေးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ခေါင်းရှေ့ကို ငိုက်ကျခြင်းနဲ့ပက်သက်ပြီး အဖြေရှာခဲ့ပေမဲ့ ဈေးကွက်ထဲက ဘယ်အရာကမှ အလုပ်မဖြစ်ဘူးလို့ အသက် ၅၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဘလန်ကန်ရှစ်က ပြောပါတယ်။

သူငယ်ချင်းတစ်ယောက်ဆီ ခရီးထွက်ပြီး သွားလည်ရာကနေ အခုစိတ်ကူးကို ရခဲ့တာဖြစ်ပြီး အိမ်ပြန်ရောက်တာနဲ့
စတင်ဒီဇိုင်းဆွဲပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ ဈေးကွက်ထဲကိုတော့ ၂၀၁၆ အောက်တိုဘာမှာ ဈေးနှုန်း ဒေါ်လာ ၃၀ လောက်နဲ့ ရောက်ရှိလာမယ်လို့ သိရပါတယ်။

Credit : ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

No comments:

Subscribe

လာလည်သူများ

free counters