♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 22, 2016

" အိန္ဒိယနိုင်ငံမှာ တာဝန်သိ လုပ်အားပေး ၈ သိန်းက သစ်ပင်ပေါင်း ၄၉.၃သန်း ပင် ကို စိုက်ပျိုးခဲ့ "

National Geographic News ရဲ့  သတင်းဖော်ပြချက်တစ်ခုအရ အိန္ဒိယနိုင်ငံ အစိုးရက အတည်ပြုပေးနိုင် ခဲ့တာက အိန္ဒိယ နိုင်ငံ တစ်ဝှမ်းမှာ တာဝန်သိ လုပ်အားပေး(Volunteers) ဦးရေ ၈၀၀,၀၀၀ ယောက်တို့က ပြီးခဲ့တဲ့ အပတ်အတွင်း သစ်ပင်ပေါင်း ၄၉.၃ သန်း ပင် အထိ စိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဂရင်းနစ်စံချိန် တင်နိုင်ဖို့အတွက်ကတော့ ၂၀၁၃ ခုနှစ်တုန်းက ပါကစ္စတန် နိုင်ငံမှာ ဆောင်ရွက်နိုင်ခဲ့တဲ့ သစ်ပင် စိုက်ပျိုးမှု စံချိန်ထက် စိုက်ပျိုးတဲ့ သစ်ပင် အရွယ်အစားသေးငယ်နေသေးလို့ပဲ ဖြစ်ပါတယ်။ 
 
အိန္ဒိယ နိုင်ငံဟာ ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းသိမ်းကာကွယ်နေခြင်းရဲ့  တစ်စိတ်တစ်ဒေသ အဖြစ် အခုလို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ မနှစ်က ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Paris Climate Conference ကိုလည်း အိန္ဒိယ နိုင်ငံက တက်ရောက် လက်မှတ်ရးထိုးခဲ့သလို အိန္ဒိယ နိုင်ငံအစိုးရဟာလည်း သစ်တောဝန်းကျင် ထိန်းသိမ်းမှု ကို ၁၂ ရာခိုင်နှုန်းအထိ တိုးမြှင့် ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားခဲ့တာပါ။ 
 
လက်ရှိ စံချိန်စံနှုန်းများအရ အိန္ဒိယ နိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ သစ်တောအကျယ်အ၀န်းပေါင်း ၂၃၅ ဧက အထိ ရှိလာနိုင်ပါတယ်။ စိတ်မကောင်းစရာ တစ်ခုကတော့ အိန္ဒိယ နိုင်ငံမှာ စိုက်ပျိုးခဲ့တဲ့ ထို သစ်ပင်တွေရဲ့  ၄၀ ရာခိုင်နှုန်းဟာ ရှင်သန်လာဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း သစ်ပင် သန်းပေါင်းများစွာကတော့ ရှင်သန်လာဦးမှာပါ။
 
Ref:starpulse

No comments:

Subscribe

လာလည်သူများ

free counters