♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 13, 2015

" စီးချင်းတိုက်ပွဲ "


                                                            
                                                 စီးချင်းတိုက်ပွဲ
                      ကောက်နုတ်သည့်စာအုပ် = ရာဇာဓိရာဇ် အရေးတော်ပုံ
                         ခေတ်                         = တောင်ငူခေတ်
                         ရေးသူ                        = မွန်ဝန်ကြီး ဗညားဒလ

 
ရည်ရွယ်ချက်သူရဲကောင်းတို့၏ တိုက်ရည်ခိုက်ရည်နှင့် စိတ်ထားတို့ကို တင်ပြလိုခြင်း။
- စီးချင်းတိုက်ပွဲ စကားပြေ ဗျည်းနွဲ့၏ စိတ်ထားနှင့် ဗညာနွဲ့ စိတ်ထားကို ဖော်ပြပါ။ (သို့မပာုတ်) သူရဲကောင်း
တို့၏ စိတ်ဓာတ်ကိုဖော်ပြပါ။
စီးချင်းတိုက်ပွဲ စကားပြေကို ရေးသားသူမှာ တောင်ငူခေတ် မွန်ဝန်ကြီး ဗညားဒလ ဖြစ်သည်။


ဗျည်းနွဲ့၏ စိတ်ထား ။ ။ ဗျည်းနွဲ့သည် မြောင်မြစား လောက်ဖျား၏ ကျွန်ဖြစ်သည်။ မြောင်မြစားသည် ရာဇာဓိရာဇ်
၏ တပ်များက ပုသိမ်နှင့်ဒေးပသွယ်ကို ရကြောင်းကြားလျှင် နတ်လှေစီး၍ ရခိုင်သို့ပြေးရန်ပြုသည်။ ဗျည်းနွဲ့က သွားတော်မမူနှင့်ဦးပာု တားကာ မိမိနှင့် ရာဇာဓိရာဇ်တို့ စီးချင်းတွေ့မည်။ မိမိနိုင်လျှင် လောက်ဖျားက မင်းစည်း
စိမ်ယူရန်၊ ရှုံးလျှင် ရခိုင်သို့ပြေးရန် အကြံပေးသဖြင့် လောက်ဖျားက ဆိုင်းငံ့နေသည်။ အရှင်သခင်အတွက် အသက်ကိုစတေးရဲသော ဗျည်းနွဲ့၏စိတ်ထားကိုတွေ့ရပါသည်။ ဗျည်းနွဲ့သည် ရာဇာဓိရာဇ်ထံစေလွှတ်၍ ချိန်းဆို
ခဲ့သည်။ ဆင်တွင်း၊မြင်းတွင်း၊ ဆူးငြောင့်ခလုတ် မချထားပာုဆိုသည် အတိုင်းတည်ခဲ့ပုံကို ထောက်၍ ကောက်
ကျစ်စွာ အနိုင် မယူလိုသော စိတ်ဓာတ်ရှိသူဖြစ်သည်။ ဗျည်းနွဲ့သည် ရာဇာဓိရာဇ်ကတိုက်ရန် ၀င်လာသောအခါ
မြို့တခါးအကွယ်မှ ရုတ်တရက် ၀င်တိုက်ခြင်းမှာ စစ်ပရိယာယ်ရှိကြောင်း သိနိုင်သည်။ ဒုတိယအကြိမ်တိုက်၍
ရာဇာဓိရာဇ်နိုင်သောသွားအခါ ကြောက်ရွံ့ခြင်း မရှိ။ အသက်ကို မငဲ့ကွက်ခဲ့ပေ။ ရာဇာဓိရာဇ်က မိမိကိုတိုက်ရ
မည်လားပာုမေးသည်ကိုပင်ရဲဝံ့စွာ“ရန်ငြိုးဖွဲ့၍ မေးတော်မူလျှင် မေးခွင့်မရှိပြီ” ပာု တုံ့ပြန်ခဲ့သည်။ မိမိ၏ အစွမ်း
ကို သိမြင်စေသည်။ ရာဇာဓိရာဇ်က ထားလိုသော်လည်း “တစ်ခါသေလို့တော့သည်” ပာုဆိုကာ ကွပ်မျက်ခံခဲ့
သူဖြစ်သည်။ ဗျည်းနွဲ့သည် အရှင်သခင်အပေါ်အသက်နှင့်ရင်း၍ ကျေးဇူးပြုသူ၊ ဆင်စီးသူရဲကောင်းကို စိန်ခေါ်ရဲ
သူ၊ မပာုတ်လျှင် မခံ မှန်ရာကို ပြောရဲသူ၊ အရှင်သခင်တစ်ဦးတည်း၏ ကျွန် တော်ဖြစ်လိုသော သူရဲကောင်းစိတ်ဓာတ် ရှိသူဖြစ်ပါသည်။
ဗညားနွဲ့(ရာဇာဓိရာဇ်) စိတ်ထား  ။ ဗညားနွဲ့သည် ပာံသာဝတီ မွန်ဘုရင်ဖြစ်သည်။ ဆင်စီးဆင်ဖမ်း စစ်ရေး
ကျွမ်းကျင်သည်။ စစ်တိုက်ရမည် ဆင်စီးချင်း တိုက်ရမည်ကို ၀ါသနာထုံသည်။ မြောင်းမြစားလောက်ဖျား၏ ကျွန်
ဗျည်းနွဲ့က စီးချင်းတိုက်ရန် စိန်ခေါ်လာသည်ကို လက်ခံခဲ့ခြင်းက အရှင်နှင့် ကျွန် မခွဲခြားတက်သော၊ သူရဲကောင်းကို သူရဲကောင်းအဖြစ်သာ မြင် တက်သော စိတ်ထားရှိကြောင်း သိရပါသည်။ ဗျည်းနွဲ့၏ ချိန်းဆို
သောစာကိုရလျှင် မင်းရိုးမင်းဆက်မှန်သူ ဖြစ်သောကြောင်း သာသနာစောင့်နတ်ကို တိုင်တည်၍ သစ္စာစကားဆို
ခဲ့သည်။ မိမိ၏ မှူးမတ်များက ၀င်တိုက်မည်ပြုသည်ကို လက်မခံခဲ့။ ပြောထားသည့် စကားအတိုင်း ကိုယ်တိုင် တိုက်ခဲ့သည်။ ပထမအကြိမ် ဗျည်းနွဲ့နှင့် တိုက်ရာတွင် အငိုက်မိသော်လည်း ဒုတိယအကြိမ်တွင် ဆင်ကိုချွန်းဖွင့်
၍ တရှိန်းထိုး ၀င်တိုက်သည်။ စစ်ရေးကျွမ်းကျင်မှုရှိခြင်းကြောင့် ဗျည်းနွဲ့ကို အနိုင်ရခဲ့သည်။ ဗျည်းနွဲ့ကို ဓားဖြင့်
ခုတ်ခွင့်ရသော်လည်း ချွန်းသီးဖြင့်သာ ရိုက်ခဲ့ခြင်းက မတရားသည့်နည်းဖြင့် အနိုင် မယူလိုသော စိတ်ဓာတ်ရှိကြောင်း သိရသည်။ ဗျည်းနွဲ့က မိမိ၏ ဓားကောင်းကြောင်းသက်သေပြသောအခါ “ဓားကောင်းပေ”
ပာုချီးမွမ်းခဲ့သည်။ ရန်သူဖြစ်သော်လည်း ချီးမွမ်းစရာရှိလျှင် ချက်ချင်း ချီးမွမ်းသူဖြစ်သည်။ ဗျည်းနွဲ့သည် မိမိကို
စိန်ခေါ်သူဖြစ်သော်လည်း အမျက်မထားခဲ့ပေ။ မိမိထံထားတော်မူချင်လျက် ဗျည်းနွဲ့ကလက်မခံဘဲ အသက်သေ
ခ့ခဲသည်။ သူရဲကောင်းကို မြတ်နိုး တန်းဖိုးထားသော ဗညားနွဲ့၏ စိတ်ဓာတ်ကိုတွေ့ရပါသည်။
မှတ်ချက် ။  ။ သူရဲကောင်းတို့၏ စိတ်ဓာတ်ကို မေးလျှင်နှစ်ခုပေါင်း ဖြေဆိုပါ။
-“စီးချင်းတိုက်ပွဲ” တွင် သူရဲကောင်းနှစ်ဦး၏ ဂုဏ်ကို ပေါ်လွင်အောင် မည်သို့ ရေးဖွဲ့ထားသနည်း။
-“စီးချင်းတိုက်ပွဲ” စကားပြေအရ သူရဲကောင်းတို့၏ လက်ရုံးရည် နှလုံးရည် ထက်မြက်ပုံကို တင်ပြပါ။
-“စီးချင်းတိုက်ပွဲ” အရ သူရဲကောင်းတို့၏ စွမ်းရည်နှင့် စိတ်ထားကို ပေါ်လွင်အောင် တင်ပြပါ။
-“စီးချင်းတိုက်ပွဲ”စကားပြေမှ သရုပ်ဖေါ်အဖွဲ့ကောင်းပုံကို ပေါ်လွင်အောင် တင်ပြပါ။
-“စီးချင်းတိုက်ပွဲ” တွင် သူရဲကောင်းတို့၏ ဂုဏ်ရည်ကို မည်သို့ ရေးဖွဲ့တင်ပြထားသနည်း။
-“စီးချင်းတိုက်ပွဲ” စကားပြေမှ ဗညားနွဲ့နှင့်ဗျည်းနွဲ့တို့၏ လက်ရုံးရည်း၊ နှလုံးရည်ကို နှိုင်းယှဉ် တင်ပြပါ။

(မှတ်ချက်)=== ကျူရှင်ကပေးတဲ့စာရွက်ထဲကနေ ရေးသားတင်ဆက်လိုက်ပါတယ်ဗျာ
သူငယ်ချင်း မိတ်ဆွေတို့ဖတ်ပြီး ပြန်မျှဝေပေးပါနော် တက္ကသိုလ်ဝင်တန်းကျောင်းသား သူ တွေလဲ အဆင်ပြေ
မယ်လို့ထင်ပါတယ်ဗျာ။ အဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်…..
Mgsoemin1995@gmail.com  +959250370904  ဆက်သွယ်နိုင်ပါတယ်ဗျာ။

No comments:

Subscribe

လာလည်သူများ

free counters