♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 14, 2015

" ဇနီးရဲ့ အလောင်းကို သင်္ချိုင်းကနေ အိမ်ပြန်သယ်ပြီး မှန်အခေါင်းနှင့် ကော်ဖီစားပွဲပြုလုပ်ခဲ့တဲ့ အချစ်ရူး ယောက်ျား (ဖြစ်ရပ်မှန်)"


 
 
ညကျရင် ..အင်းးးးးးး ထကြည့်လိုက်ဦးမှဆိုပြီး ထချောက်ရင်
 သောက်ကျိုးတော့ နဲရချေရဲ့.. မောင်

အမေရိကန်နိုင်ငံ Arizona က Jeff Green ဆိုတဲ့ အသက် ၃၂ နှစ် အရွယ်ရှိ လူတစ်ယောက်ရဲ့ ဇနီးဖြစ်

သူ Lucy ဟာနှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်..။ သူဟာ သူ့မိန်းမကို အရမ်းချစ်လွန်းပြီး သိပ်ကို ခံစား
ခဲ့ရပါတယ်..၊ နောက်ဆုံးတော့ သူဟာ သာမန်လူသားတွေ လုပ်ဖို့ မစဉ်းစားရဲတဲ့ မိုက်မဲတဲ့ လုပ်ရပ်တစ်ခု
ကို လုပ်ခဲ့ပါတယ်..၊ အဲဒါကတော့သေဆုံးသူ သူ့ဇနီးကို သချိုင်းကနေ အိမ်ကို ပြန်သယ်လာတာပဲ ဖြစ်ပါ
တယ်။ Lucy မသေဆုံးမီ Jeff Green ကို "ငါတို့ ကောင်းကဘုံမှာ ပြန်ဆုံရအောင်" လို့ပြောခဲ့ပါတယ်.။
 

ဒီစကားက Jeff ရဲ့ ခံစားချက်တွေကို နှစ်သိမ့်နိုင်စွမ်းမရှိခဲ့ပါဘူး၊ အသုဘချတဲ့နေမှာ..၊မျှော်လင့်ချက်ကင်း
မဲ့တဲ့မျက်နှာနဲ့ Jeff ဟာLucy ကို သူ့စီကနေ ထွက်ခွာခွင့်မပြုဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

သူဟာ တာဝန်ရှိသူတွေနဲ့ စကားပြောခဲ့ပါတယ်..၊ သူ့ကိုတာဝန်ရှိသူတွေက မယုံကြည်နိုင် ခဲ့ပေမယ့်..၊

ပြင်းထန်လှတဲ့သှူ့ဆန္ဒကို မလွန်ဆန်နိုင်တာကြောင့် ထူးခြားနောက်ဆုံးတော့ သူ့ဇနီးကို အိမ်ပြန်သယ်

သွားနိုင်မယ့် အထူးခွင့်ပြုချက်ကို ပေးခဲ့ပါတယ်..၊

" ကျွန်တော့်ဇနီးကို အိမ်မှာထားရတာက မြေအောက် ၇ ပေ လောက်မှာ မြှုပ်ရမှာထက်ပိုကောင်းပါတယ်၊ 

Lucy ဟာပျော်ရွှင်တတ်သူလည်း ဖြစ်တာကြောင့် သူက ကျွန်တော့်ကော်ဖီစားပွဲဖြစ်ရတာ သူဝမ်းသာမှာ
ပါ " လို့လည်းပြောခဲ့ပါတယ်..။

Jeff ဟာ အလောင်းကို မပျက်စီးစေမယ့် အထူးစီမံပြုလုပ်ထားတဲ့ ဖန်အခေါင်းတစ်လုံးကို ဒေါ်လာ ၆၀၀၀

 လောက် အကုန် အကျခံကာ မှာယူခဲ့ပါတယ်။ တစ်ချို့ အပေါင်းအဖော်နဲ့ ဆွေမျိုးတွေဟာ.၊ ကြောက်လန့်
ပြီးသူ့အိမ်ကို လာမလည်တော့ ပါဘူး..၊ ဒါပေမယ့် သူ့ခံစားချက်ကို နားလည်တဲ့ သူငယ်ချင်းအချို့ကတော့ လာလည်မြဲ လာ လည်ကြပါတယ်၊ တစ်ချို့ဆိုရင် ဒီကော်ဖီစားပွဲဟာ အတော်ကောင်းကြောင်းကိုတောင်
ချီးမွမ်းပြောဆိုသွားပါသတဲ့ဗျာ။

အောင်ထွန်ဦး
ရွှေမြန်မာမီဒီယာ 


Credit http://newmyanmarpyi.blogspot.co.uk/2014/03/blog-post_4752.html?m=0

No comments:

Subscribe

လာလည်သူများ

free counters