♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 15, 2014

" ကိုယ်လေ မင်းကို ဆရာတင်လို့ လက်တွဲလျှောက်မယ်..အချစ်ရယ်"


မသွားဘူးတဲ့ ခရီးကိုသွားတော့ မျက်စိလည်တယ်
မချစ်ဖူးတော့လည်း အဖြစ်ထူးတဲ့ ကိုယ့်အဖြစ်လိုပါ
ဆရာမရယ်....မင်းကိုချစ်မိလို့ သတိပျောက်ကွယ်..

မရောက်ဘူးတဲ့ နေရာကို ရောက်တော့ တဝဲလည်လည်
မချစ်ဖူးတော့လည်း အချစ်ရူးရူးနေတဲ့ ကိုယ့်အဖြစ်လိုပါ
ဆရာမရယ် ဘယ်အရာကိုမှ ဝေခွဲမတတ်တော့တယ်....

မစီးဘူးတဲ့ ကားကို စီးတော့ ပတ်ချာလည်
မချစ်ဖူးတော့လည်း အဖြစ်ထူးတဲ့ ကိုယ့် အဖြစ်လိုပါ
ဆရာမရယ် မင်းကလွဲပြီး ဘာမှမတွေ့တော့တယ်...

မနမ်းဘူးတဲ့ ပန်းကို နမ်းမိတော့ ရနံ့ သင်းကြွယ်
မချစ်ဖူးတော့လည်း အချစ်မူးတဲ့ ကိုယ့်အဖြစ်လိုပါ
ဆရာမရယ်.. မင်းကိုချစ်တဲ့ အချစ်ရနံ့မှာ နစ်မူးတယ်...

မရေးဘူးတဲ့ အချစ်ကဗျာတွေ ရေးမိတော့ ဟတ်ထိတယ်
မချစ်ဖူးတဲ့ အချစ်ရူးသမား ကိုယ့်အဖြစ်လိုပါ ဆရာမရယ်
အချစ်ရူး စကားတွေ ရေးလို့ ရင်မှာခံစားရတယ်....

မဖတ်ဖူးတဲ့ အချစ်ဝတ္ထုတွေကို ဖတ်ပြီး ဖီးလ်တက်တယ်
မချစ်ဖူးတော့လည်း အချစ်ဆူး ဆူးမိတဲ့ ကိုယ့်အဖြစ်လိုပါ
ဆရာမရယ် အချစ်ဆူး ဆူးလို့ အဖြစ်ထူးဝေဒနာ ခံရတယ်...

မအိပ်ဖူးတဲ့ ညတွေလည်း များလို့သာ လာပါတယ်
မချစ်ဖူးတော့လည်း အသိထူးတွေနှင့် သတိရနေတဲ့ ကိုယ့်
အဖြစ်လိုပါဆရာမရယ်  အချိန်တိုင်း မင်းကိုသာ သတိရလို့ 
နေ့ညဆိုတာမခွဲတတ်တော့တယ်..

မဆိုဘူးတဲ့ သီချင်းတွေကို ကိုယ်လေ ဆိုတတ်လို့
လာတယ်မချစ်ဖူးတော့လည်း အချစ်ရူးသမားတွေလို
ဟစ်ကြူးတတ်လာတဲ့ ကိုယ့် အဖြစ်ပါဘဲ ဆရာမရယ်
မင်းကိုချစ်တဲ့ ဝေဒနာကို ဖြေသိမ့်ဖို့ပါကွယ်

မကျဘူးတဲ့ မျက်ရည်တွေ တခါတလေ ကျလို့သာ
လာပါတယ်...မချစ်ဘူးတော့လည်း အချစ်ဦးကို
လွမ်းမိတဲ့ ကိုယ့်အဖြစ်လိုပါ ဆရာမရယ်....မင်းဆိုတဲ့
အချစ်ဦးကို ရင်သိမ့်အောင်လွမ်းလို့ကျလို့သာလာတယ်..

မလျှောက်ဖူးတဲ့ ဒီလမ်းကို ကိုယ်လေ လျှောက်လို့
လာတယ်...မချစ်ဖူးတဲ့ ကိုယ်အဖြစ်လိုဘဲ မကျင်လည်
ရာကို အစပျိုးမိတယ်ဆရာမရယ် ကိုယ်လေ မင်းကိုချစ်လို့
အချစ်လမ်းကို ရွေးလိုက်တယ်...

အရာရာမှာ ဆရာရှိမှ အခရာကျလှတယ်လို့
ဆိုစကားရှိတယ် ....မချစ်ဖူးဘဲ အချစ်ထူးတဲ့
ကိုယ့်ဘဝမှာ နည်းပြဆရာလိုအပ်တယ်...
အချစ်ထူးတွေနှင့် အချစ်ရူးသမားလေးဘဝကို
ထိန်းပေးပါလား ဆရာမရယ် ကိုယ်လေ မင်းကို
ဆရာတင်လို့ လက်တွဲလျှောက်မယ်..အချစ်ရယ်..


((ရောသမ ပေါက်စီ))

No comments:

Subscribe

လာလည်သူများ

free counters