♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 18, 2014

ပညာရေးဥပဒေ သပိတ်မှောက်လို့ တရားစွဲခံရသူ ၂၉ ဦး ရှိပြီ


အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့အတွက် ပုဒ်မ ၁၈ နဲ့တရားစွဲခံလိုက်ရသူပေါင်း ၂၉ ယောက်ရှိသွားပြီလို့ သိရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ၁၉ ယောက်နဲ့  သူတို့ကိုဝန်းရံကူညီ ပေးတဲ့သူ ၁ဝ ယောက်ဖြစ်တယ်လို့  ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ် က RFA ကိုပြောပါတယ်။

တောင်ငူ၊ မုံရွာ၊ မြင်းခြံနဲ့ ပြည်မြို့နယ်တွေမှာ တရားစွဲခံရတာလို့ဆိုပါတယ်။ ဒါပေမယ့် ကျောင်းသား တွေအနေနဲ့ ပုဒ်မ ၁၈ ကိုလက်မခံတဲ့အတွက် တရားးစွဲလို့ အာမခံယူရမှာ၊ ရုံးချိန်းသွားရမှာလက်ခံမှာ မဟုတ်ပဲ
သက်ဆိုင်ရာကဖမ်းရင်လိုက်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေမှာ အဓိကပြင်ဆင်ရမယ့် အချက် ၉ ချက်ရှိတယ်လို့  ကျောင်းသားတွေက ထောက်ပြထားပြီး၊ ဒီကိစ္စတွေကို တွေ့ဆုံဆွေးနွေးပြင်ဆင်ဖို့ တောင်းဆိုထားပါတယ်။

RFA Burmese

No comments:

Subscribe

လာလည်သူများ

free counters