♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 14, 2014

" သံချောင်းကတော့ ရွာသူကြီးရဲ့သမီး မေဥသြကို လက်ထပ်ခွင့်ရသွားပါသတဲ့ဗျာ"

ဟို့ရှေ့ရှေ့တုန်းကပေါ့ ၊ ထိန်တောရွာက ရွာသူကြီး ဦးတာတီးရဲ့သမီး မေဥသြဆိုသူဟာ အင်မတန်ရုပ်ချောတယ်ဆိုပဲဗျ၊ ဒါပေမယ့် ရွာကလူပျိုလေးတွေက သူ့ကိုတိတ်တခိုးသာချစ်နေကြရတယ် သူကြီးသမီးဆိုတော့ ဘယ်သူမှမပြောရဲကြဘူးလေ၊ မေဥသြကပဲဖြစ်ဖြစ် သကြီးကပဲဖြစ်ဖြစ် မကျေနပ်ခဲ့ရင် ပြောမိတဲ့အကောင်ကတော့ ထိပ်တုံးပဲမဟုတ်လား၊ အင်း.... မေဥသြကို ခိုးပြီးချစ်နေသူတွေအထဲမှာက တစ်ရွာတည်းသား သံချောင်းဆိုသူလည်းပါတယ်လေ၊ သံချောင်းက အလုပ်အကိုင်သာမရှိတာ ဥာဏ်လီဥာဏ်နက်ကတော်တော်များသတဲ့၊

သံချောင်းရဲ့ကြိုးစားပုံလေးက ဒီလိုပါဗျ.... သူကရွာသူကြီးရဲ့အိမ်နောက်ဖက် ခြုံထဲကနေပြီး မေဥသြကို နေ့စဉ်ချောင်းကြည့်တယ် ဒီလိုနဲ့တစ်နေ့မှာတော့ မေဥသြဟာ အိမ်နောက်ဖေးပေါက်ကနေ အိမ်အောက်ကိုဆင်းပြီး တောသူတွေရဲ့ဓလေ့အတိုင်း မြေပြင်မှာ အပေါ့သွားပါလေရော၊ ဒါကိုလည်းသံချောင်းက ချောင်းကြည့်နေသေးတယ်၊ မေဥသြကအပေါ့သွားပြီး
အိမ်ပေါ်ပြန်တက်မယ်အလုပ်မှာ သံချောင်းက ခြုံထဲကပြေးထွက်လာပြီး မေဥသြ အပေါ့သွားခဲ့တဲ့မြေပြင်ပေါ်က ချိုင့်ခွက်လေးကို လက်ညိုးနဲ့ အကြိမ်ကြိမ်ထိုးနေလေတော့ မေဥသြကရှက်ပြီး အိမ်နောက်ဖေးပေါက်ကနေ အိမ်ပေါ်ကိုပြေးတက်တာပေါ့၊ စိတ်ထဲမှာလည်းကြိတ်ပြီးတော့ဆဲတယ် မသာသံချောင်း တော်တော်မိုက်ရိုင်းတယ်ပေါ့၊ နောက်ပြီးတော့အိမ်နောက်ဖေးတံခါးကို ပိတ်လိုက်တော့မှ သံချောင်းပြန်သွားတယ်၊ မေဥသြဟာသံချောင်းကို မကျေနပ်ပေမယ့် ရှက်လွန်းတော့ ဘယ်သူ့ကိုမှမပြောရဲခဲ့ဘူးလေ၊

သံချောင်းကလည်း သူ့အိမ်ကိုပြန်ရောက်တာနဲ့ သူ့မိဘတွေကိုပြောတယ် ကျနော်တော့ သူကြီးသမီးနဲ့ လွန်လွန်ကျူးကျူးတွေ ဖြစ်ကုန်ပြီ မြန်မြန်သာတောင်းပေးပါတဲ့လေ၊ မိဘတွေက ဘယ်ယုံပါ့မလဲ မေဥသြက သူတို့သားသံချောင်းလိုကောင်နဲ့ ဒီလိုဖြစ်တယ်ဆိုတာ ဒါနဲ့အပြန်ပြန်အလှန်လှန်မေးတယ်လေ သံချောင်းကတော့ ဒီအတိုင်းပဲပြောတယ် မပြောင်းလဲဘူး ဒါနဲ့မိဘတွေကပြောတာပေါ့ ကဲငါ့သား မင်းတကယ်ဟုတ်ရင်တော့ ဒို့လူကြီးတွေခေါ်ပြီးလိုက်တောင်းပေးမယ် မဟုတ်ခဲ့ရင်တော့ အားလုံးဟာ ရွာသူကြီးရဲ့ထိပ်တုံးစာမိမယ်ပေါ့ ဒါလည်းသံချောင်းကမပြောင်းလဲဘူးဆိုတော့ မိဘတွေကဟုတ်ပြီပေါ့ နောက်နေ့ကျတော့ထုံးစံအတိုင်း ရွာသူကြီးရဲ့သမီး မေဥသြကို တောင်းဖို့သွားကြတယ်လေ ကန်တော့ပွဲတို့၊ လက္ဖက်အစ်တို့အစုံပေါ့၊ ရွာမိရွာဖတွေကလည်း(၁၀)ယောက်လောက်ပါတယ်တဲ့လေ၊

သံချောင်းတို့လူစုတွေ ရွာသူကြီးအိမ်ရှေ့ကို မ၀ံ့မရဲနဲ့ရောက်လည်းသွားရော သူကြီးကမေးပြီလေ ဟေ့ဘာလာလုပ်တာလဲ ဆိုတော့ ဖြေတာပေါ၊့ သူကြီးသမီးကိုလာတောင်းတာပါ သံချောင်းနဲ့သူကြီးရဲ့သမီး မေဥသြတို့က လူငယ်တွေသဘာဝ လွန်လွန်ကျူးကျူးတွေဖြစ်နေပြီ ဆိုတော့ သူကြီးကဒေါသပေါက်ကွဲပြီး မင်းတို့တွေက ငါ့သမီးကိုတောင်ဒီလိုပြောဝံ့တယ် ဟုတ်ရင်တော့ဟုတ်ပေါ့ကွာ မဟုတ်လို့ကတော့ မင်းတို့အားလုံးထိပ်တုံးပဲပေါ့၊ ရွာမိရွာဖတွေကလည်း သူကြီးကိုကြောက်နေတယ်၊ သူကြီးကလည်း ရွာမိရွာဖတွေကိုအားနာမှုနဲ့ စိတ်လျှော့ထားတယ်လေ ဒါနဲ့လက္ခံစကားပြောကြလေရော သူကြီးကလည်း ရွာလူကြီးတွေကိုယ်တိုင်းပါလာတယ်ဆိုတော့ စဉ်းစားတာပေါ့ ဟုတ်လိမ့်နိုးနိုးနဲ့လေ၊ စကားပြောကြတာက သူကြီး၊ သူကြီးကတော် နဲ့ မေဥသြတို့ကတစ်ဖက် ၊ ရွာမိရွာဖတွေနဲ့သံချောင်းတို့ကတစ်ဖက်ပေါ့



သူကြီး။ ကဲပြောကြစမ်း ဘာတွေလွန်လွန်ကျူးကျူးဖြစ်တာလဲ၊

သံချောင်း။ မေဥသြကိုသာမေးကြည့်ပါခင်ဗျာ၊

သူကြီး။ ပြောစမ်း အမိုက်မ ဟုတ်လား၊

မေဥသြ။ သံချောင်းက သေးပေါက်တဲ့နေရာကိုလုပ်တာပါ အဖေရဲ့၊

သူကြီး။ သြော်... နင်ကသေးပေါက်တဲ့နေရာမဟုတ်ပဲ နင့်ပါးစပ်ကိုလုပ်**** ဟာ...နင်တော်တော်မိုက်နော်၊

မေဥသြ။ မဟုတ်ဖူးအဖေ အိမ်နောက်ဖက်က......

သူကြီး။ သြော်... နင်နော် အိမ်နောက်ဖက်မဟုတ်ပဲ ဧည့်ခန်းမှာလုပ်ရမလားဟဲ့၊

(သူကြီးကစိတ်တိုတယ်မေဥသြစကားကိုဆုံးအောင်မစောင့်တော့ဘူး)

မေဥသြ။ မြေကြီးပေါ်မှာလုပ်တာ (သူကလည်းရှင်းအောင်မပြော၊ရှက်တာလည်းပါတယ်)

သူကြီး။ ဟင်... ဒီကိစ္စကို မြေကြီးပေါ်မှာမလုပ်ပဲ ဘုရားစင်မှာလုပ်ချင်တာလားနင်က၊ ကဲတော်ပြီကွာတော်ပြီ

ရှေ့ဆက်ပြောနေရင် အရှက်တွေကွဲပြီးရစရာတောင် ရှိတော့မှာမဟုတ်ဖူး ကဲ...ရှင်မရေ နင့်သမီးကို

သံချောင်းနဲ့သာ ပေးစားလိုက်တော့ဟာ၊
ဘယ်လိုပဲဖြစ်ဖြစ် သံချောင်းကတော့ ရွာသူကြီးရဲ့သမီး မေဥသြကို လက်ထပ်ခွင့်ရသွားပါသတဲ့ဗျာ၊ သူငယ်ချင်းတို့ရေ... ပုံပြင်ပါနော် တကယ်လုပ်မိကြရင်တော့ ကျနော်လည်းမတတ်နိုင်ဘူးနော် ကိုယ့်ပြသနာကို ကိုယ်သာရှင်းကြပါနော် ကျနော့ကိုတော့ ဆွဲမထည့်ကြဘို့တောင်းပန်ပါတယ်ဗျာ
credit :chitthueainkalay.weebly.com

No comments:

Subscribe

လာလည်သူများ

free counters