♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 14, 2014

တိုက်လေးလွှာမှ ပြတင်းပေါက်မှန် ပြုတ်ကျ၍ လူငယ်တစ်ဦး ဒဏ်ရာရ

ရန်ကုန် ဒီဇင်ဘာ ၁၃
ဗိုလ်ချုပ်လမ်းနှင့် (၃၉) လမ်းထောင့်ရှိ တိုက်အမှတ် (၂၅၉-၂၆၃) သမဝါယမ ပို့ကုန်/သွင်းကုန်လုပ်ငန်း တိုင်း ဒေသကြီး သမဝါယမ ဦးစီးဌာန ဆိုင်းဘုတ်တင်ရှိ ထားသည့် ခြောက်ထပ်တိုက်ကြီး၏ လေးလွှာမှ ဒီဇင်ဘာ ၁၃ ရက် နံနက် ၁ဝ နာရီခွဲခန့်က ပြတင်းပေါက်မှန် တစ်ချပ်ပြုတ်ကျရာ ပလက်ဖောင်းပေါ်တွင် သွားနေသူများထဲမှ လူငယ်တစ်ဦး ၏ ဦးခေါင်းပေါ်သို့ ကျရောက်သဖြင့် ထိုလူငယ်မှာ ဦးခေါင်း ပေါက်ပြဲသွားခဲ့သည်။
လူငယ်တစ်ဦးက တိုက်ပေါ်သို့ တက်ရောက်ခေါ်ရာ တာဝန်ရှိသူဟု ယူဆရသူ အမျိုးသား နှစ်ဦးပါလာပြီး ခေါင်းဒဏ်ရာရသူ လူငယ်ကိုခေါ်၍ တက္ကစီဖြင့် ဆေးရုံသို့တင်ပို့ခဲ့ကြောင်း သိရသည်။
(ဦးမြချစ်)
The Mirror Daily
mgsoemin1995@gmail.com

No comments:

Subscribe

လာလည်သူများ

free counters