♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 24, 2015

"သားတို့ ရည်းစားရရင် ဘာတွေ ပြောင်းသွားလဲ သိချင်သလား" ဖေဖေ မေမေတို့ကို မေ့သွားတာဘဲ.. ဖတ်ကြည့်ပါဦး

 

သားသားတို့ အရွယ်ရောက်လို့ ရည်စားရရင် ဘာတွေပြောင်းလဲသွားသလဲဆိုတာကို ရှင်းပြပါရစေ။
၀၁. ဖြစ်သလိုနေတဲ့ဘဝကနေ စမတ်ကျကျ သန့်သန့်ရှင်းရှင်း
ရည်းစားလေးရလာရင်တော့ ပေါ့ပေါ့နေ ပေါ့ပေါ့စားလို့ မရတော့တဲ့အတွက် အနေအထိုင် ဆံပင်ပုံစံကအစ ပြောင်းလဲသွားလိမ့်မယ်။

၀၂. ဖုန်းကဒ် အလှူခံနေရတဲ့ဘဝ
အချစ်လေးနဲ့ ဖုန်းပြောရတာ ပျော်လွန်းလို့ ဖုန်းကိုသူက အရင်ချရမလား၊ ကိုယ်ကအရင်ချရမလားနဲ့ ကဲနေကြတဲ့အချိန်မှာ ဖုန်းကုမ္ပဏီတွေအတွက်ကတော့ ဖောက်သည်ကြီးများအဖြစ် မှတ်ပုံတင်ပေးပါလိမ့်မယ်။

၀၃. ဘီယာမှ ဝိုင်သို့ အဆင့်တက်ခြင်း
သူနဲ့အတူရှိတဲ့အချိန်မှာ ဘီယာထက် သူလည်းသောက်နိုင်ဖို့ ကိုယ်ချင်းစာပြီး ဝိုင်တွေသောက်ပြီး ပိုက်ဆံတွေကုန်နေတဲ့ ပြောင်းလဲချက်။

၀၄. သူငယ်ချင်းထက် အချစ်လေးက အရေးကြီပါသည်
သူငယ်ချင်းတွေထက် သူအတွက် အချိန်ဇယားက အမြဲတမ်းဖွင့်ထားပေးရသော ပြောင်းလဲချက်။

၀၅. Facebook မှာ မိန်းကလေး သူငယ်ချင်းအသစ်ကို လက်မခံရဲတော့ပါ
မိန်းကလေးသူငယ်ချင်းတွေနဲ့လည်း အရင်တုန်းကလို ပျော်ပျော်နေချင်ပင်မဲ့လည်း အခြေအနေက ပြောင်းလဲသွားပါပြီ။ သတိထားနေရတယ်။

၀၆. သူနဲ့အမြဲတမ်း Chat နေပါတယ်
အလုပ်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာ မတွေ့နိုင်တဲ့အချိန်တွေမှာတောင် Msg တွေနဲ့ Chat နေရတာ အမောပါ။

၀၇. ဘေးမှာသူရှိရင် ကားတောင် လိပ်ကားဖြစ်နိုင်တယ်
ပုံမှန်ဆိုရင် ကားကျပ်တဲ့ကြားမှာ မနည်းစိတ်ဖော်ပြန်မသွားအောင် မောင်းနေရတာကို သူရှိနေရင်တော့ လိပ်နှုန်းနဲ့မောင်းနေမှာပါ။

၀၈. ရုပ်ရှင်ရုံမှာ ထိုင်ခုံရွေးခြင်း
ကိုယ်တစ်ယောက်တည်းဆိုရင်တော့ ရုပ်ရှင်ရုံထဲမှာ ဘယ်နေရာမဆို အဆင်ပြေပင်မဲ့ သူနဲ့ဆိုရင်တော့ နေရာတွေရွေးလို့ မပြီးနိုင်ပါ။

၀၉. ပိုက်ဆံအိတ်ကလေးလည်း အရိုးပေါ် အရေတင်ဘဝ
သူ့ခမျာလည်း အထွက်ကြီးပဲဆိုတော့ အရိုးပေါ် အရေတင်ဘဝသို့ ရောက်ရှိသွားခြင်း။

၁၀. အချစ်လေးနဲ့အတူရှိရင် ကမ္ဘာပေါ်မှာ လူဟာ ကိုယ်တို့နှစ်ယောက်တည်းသာရှိကြောင်း
အချစ်မှာ မျက်စိမရှိဆိုသောစကားအတိုင်း ပျော်လွန်းအားကြီးလို့ ဘာလိုပြောရမှန်းကို မသိတော့ပဲ ပြာပြာသလဲဖြစ်နေခြင်း။

၁၀. ဖေဖေ မေမတို့ကိုတောင် သိပ်မမှတ်မိချင်တော့ ပါဘူး....အားအားရှိအတွေးထဲ နှစ်မျှောနေပြီး...ဖီလင်တွေ တက်လို့ ပါဘဲ...မေးလိုက်ရင် အလန့်တကြား ဟင်!! တဲ့ အယောင်ယောင်အမှားအမှား....ဟီးဟီး...
(( အမှတ် ၁၀ က ရောရောသမက ထပ်ရောလိုက်ပါဘဲ))

Credit : Chelmo Team

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : Shwe Chit Thu.com

No comments:

Subscribe

လာလည်သူများ

free counters