♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 24, 2015

လမ်းပြောင်းပြန် မောင်းနှင်သဖြင့် ဆိုင်ကယ်(၂)စီး တိုက်မိပြီး (၁)ဦးသေ


ရန်ကုန်၊ ဇန်န၀ါရီ ၂၃

၂၂.၁.၂၀၁၅ ရက်နေ့ ၁၈၄၀ အချိန်တွင် မှော်ဘီမြို့နယ်၊ မြိုင်သာယာ လမ်းသွယ်အတိုင်း အရှေ့မှ အနောက်သို့ မှော်ဘီမြို့နယ်နေ ဦးစိုးလွင် (၅၂)နှစ် စီးနင်း မောင်းနှင်လာသော ၃၄ယ/-----JLM-110 ဆိုင်ကယ်သည် ရန်ကုန်-ပြည်လမ်းမကြီး ပေါ်အရောက် ၀ဲဘက်သို့ လမ်းပြောင်းပြန်ချိုးကွေ့မောင်းနှင်စဉ် ရန်ကုန်-ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မှော်ဘီမြို့နယ်နေ ကိုအောင်အောင်ဇော် (၃၂)နှစ် မောင်းနှင်လာသော ၂၉ယ/-----Honda Wave-110 ဆိုင်ကယ်အား ၀င်ရောက်တိုက်မိခဲ့ပါသည်။


ထိုသို့ တိုက်မိခဲ့သဖြင့် ဆိုင်ကယ်(၂)စီးပျက်စီးသွားခဲ့သည့်အပြင် ၃၄ယ/----- ဆိုင်ကယ်မောင်းနှင်သူ ဦးစိုးလွင်မှာ နားသွေးထွက်၊ မျက်နှာဝဲဘက်ခြမ်း ချိုင့်ဝင်ဒဏ်ရာများရရှိကာ မှော်ဘီဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ ပါသည်။

ယင်းသို့ ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ဦးစိုးလွင်(သေဆုံး)အား မှော်ဘီမြို့မ ရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Subscribe

လာလည်သူများ

free counters