♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 22, 2015

" အောင်မယ်လေးတော့....ဒါတွေက ဘာကြီးတွေလည်း ကြီးလှချည်းလား??

ရှည်ကြ၊ ကြီးကြ၊ ကျယ်ကြသူများဆိုလို့ တစ်ခြား မဟုတ်ပါဘူး။ ကမ္ဘာ့အကြီးဆုံး အရှည်ဆုံး ၊ အကျယ်ဆုံး စာရင်း ဝင်တာတွေကို ဖော်ပြချင်လို့ပါ။း)


Biggest, Longest, Largest (World Records)

တုရကီနိုင်ငံမှ ကမ္ဘာ့အကြီးဆုံးနှာခေါင်းပိုင်ရှင် Mehmet Ozyurek (ကမ္ဘာစစ်ဖြစ်ရင် ပုန်းစရာနေရာ ရှာဖို့မလိုတော့ဘူး ) :)



ကမ္ဘာ့အကျယ်ဆုံးပါးစပ်ပိုင်ရှင် Francisco Domingo Joaquim (သူ့ပါးစပ်ကျယ်ကြီးထဲမှာ အနည်းဆုံး ဘီယာ သုံးဗူးတော့  ကောင်းကောင်းကြီး ဆန့်မယ်ထင်ပါရဲ့ ) 



Biggest, Longest, Largest (World Records)

 ကမ္ဘာ့အပြူးဆုံးမျက်လုံးပိုင်ရှင် Kim Goodman (စိုးလွင်လွင်ရဲ့ သီချင်းထဲက ဒီလို မျက်လုံးဝိုင်း ကလေးတွေကြောင့် ဆိုတာ ဒီလိုမျက်လုံးမျိုးကို ပြောတာထင်ပါရဲ့ ) :P


Biggest, Longest, Largest (World Records)

 ဒီပုံကတော့ ကမ္ဘာ့အရှည်ဆုံး နားရွက်ပိုင်ရှင်ပါတဲ့။ငယ်ကတည်းက ခုလို နားဆွဲအလေးကြီးတွေ ဆွဲသူတွေဟာ ဒီလို နားပေါက်ကြီးတွေကျယ်ပြီး နားရွက်တွေ တွဲကျနိုင်ပါတယ်။ ဒါကတော့ သူ့ဓလေ့နဲ့သူပေါ့နော်။ ဒီလိုကျယ်မှ လှတယ်လို့ တစ်ချို့သောလူမျိုးတွေကလည်း ထင်တတ်ကြသေး တယ်လေ။ မချောတစ်ယောက်လည်း သူ့ကိုအားကျပြီး နားကွင်းကြီးကြီးတွေ ဝတ်နေပြီဖြစ်ပါကြောင်း :P



Biggest, Longest, Largest (World Records)

 သူကတော့ကမ္ဘာ့အရှည်ဆုံးမျက်ခုံးမွှေးပိုင်ရှင် Leonard Traenkenschuh ( မချောလည်း ရှိသမျှ မျက်ခုံးမွှေးတွေကို စုပြီး စူပါဂလူးနဲ့ ကပ်ကြည့်ဦးမှ )


Biggest, Longest, Largest (World Records)



Biggest, Longest, Largest (World Records)

 ကမ္ဘာ့အရှည်ဆုံးမုတ်ဆိတ်မွှေးပါတဲ့ အိန္ဒိယက Badamsingh Juwansingh Gurjar ပါ။ 


ကြံကြံဖန်ဖန် ( ဆံပင်ရှည်တွေ ဝယ်တဲ့ အိမ်နီးချင်းနိုင်ငံက မုတ်ဆိတ်မွှေးအရှည်ရော ဝယ်လား မသိဘူးနော်. တကယ်လို့သာ ဝယ်တယ် ဆိုရင် ယောက်ျားလေးတွေ အားလုံး မုတ်ဆိတ်အရှည်ထားပြီး ရောင်းစားရင် အတော်အလုပ်ဖြစ်မယ် ) :P

Biggest, Longest, Largest (World Records)

အိန္ဒိယက ကမ္ဘာ့နားရွက်မွှေးအရှည်ဆုံး Radhakant Bajpai ပါ။ (ကြည့်ရင်းနဲ့ နားယားလာသလိုဘဲ) 


Biggest, Longest, Largest (World Records)

ကမ္ဘာ့ဆံပင်အရှည်ဆုံး အမျိုးသမီး Chenq 'Rapunzel' Shiquin ပါ။ ဆံပင်တွေဖြတ်ရောင်း ရင် ဈေးကောင်းကောင်း ရနိုင်လောက်တယ်း )


Biggest, Longest, Largest (World Records)

ကမ္ဘာ့အကြီးဆုံး ခေါင်းပိုင်ရှင် Andre The Giant ခေါင်းကြီးသလို ဦးနှောက်လည်း ကြီးလားမသိ။ 


Biggest, Longest, Largest (World Records)

ကမ္ဘာ့လည်ပင်းအရှည်ဆုံးကတော့ ပဒေါင် အမျိုးသမီးတွေပါတဲ့။ မြန်မာပြည်မှာလည်း ကမ္ဘာ့အရှည်ဆုံး စာရင်းဝင်ရှိတာ ဝမ်းသာစရာ။း)


Biggest, Longest, Largest (World Records)

ကမ္ဘာ့အရှည်ဆုံး လက်သည်းများပိုင်ရှင်Lee Redmond ဒီနေ့ကစပြီး လက်သည်းအရှည်ထားတော့မယ် ကမ္ဘာ့အရှည်ဆုံး စာရင်း ဝင်ချင်လို့ပါ။း)



ခုရက်ပိုင်း အတော်ရှုပ်တဲ့အလုပ်တွေနဲ့ မအားတာမို့ စာအသစ်မရေးနိုင်သေးခင် အပျင်းပြေ ကြည့်ဖို့ပါနော်။ မကြာခင် စာတွေ ပြန်ရေးပါ့မယ်လို့...
Credit : missgreenlady.com

No comments:

Subscribe

လာလည်သူများ

free counters