♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 12, 2015

နေ့စဉ်ကော်ဖီသောက်ခြင်းက ဆီးချိုရောဂါအမှတ်(၂)ကိုကာကွယ်ရာရောက်


ကော်ဖီကြိုက်သူများအတွက်သတင်းကောင်းလေးပါ။ ''ကော်ဖီကို ရံဖန်ရံခါမှသောက်သူတွေထက်စာရင်၊ ကော်ဖီကို နေ့စဉ်ပုံမှန်သောက်သူများဟာ ဆီးချိုရောဂါအမှတ်(၂) ဖြစ်နိုင်ခြေ အလားအလာနည်းပါးနိုင်တယ်''လို့ ပြင်သစ်နိုင်ငံအခြေစိုက် AFP သတင်းဌာနမှ ဧပြီ ၂၄ ရက်မှာ သတင်း ထုတ်ပြန်သွားခဲ့ပါတယ်။ ဆီးချိုရောဂါအမှတ်(၂)ဆိုတာ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ကိုတုံ့ ပြန်နိုင်အားကျဆင်းလာတဲ့အတွက် အင်ဆူလင် မလိုအပ်ဘဲ အင်ဆူလင်ကို တုံ့ပြန်ပေးနိုင်စွမ်းသော ဆေးဝါးများလိုအပ်ခြင်းကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးပါ။
ပျမ်းမျှ အသက်(၃၅)အထက်မှာ စဖြစ်လေ့ရှိပြီး သွေးတိုး၊နှလုံးရောဂါတို့နဲ့ ဆက်စပ်နေပါတယ်။ သက်ကြီးပိုင်းဖြစ်လေ့ရှိတဲ့ ဆီးချိုရောဂါ၏ ၉ဝ ရာခိုင်နှုန်းခန့်က ထိုဆီးချို ရောဂါအမှတ်(၂)ပဲဖြစ်ပါတယ်။ ယခုလို ကော်ဖီနှင့်ဆီးချို ရောဂါ ဆက်စပ်မှုသုတေသနကီုငဘေနအသူသါငေ အသင်းအဖွဲ့မှ စေတနာရှင် ကျန်းမာရေးဝန်ထမ်း ဦးရေ ၁၂ဝဝဝဝကျော်နှင့် လေ့လာ စမ်းစစ်ခဲ့ပါတယ်တဲ့။ လေးနှစ်ကြာ မျှကော်ဖီစွဲသောက် လာခဲ့ကြသူများ ဖြစ်ကြသော ထိုကျန်းမာရေးဝန်ထမ်းများကို အုပ်စုနှစ်စုခွဲ၍ လေ့လာကြည့်တဲ့အခါမှာ (က) တစ်နေ့ကို ကော်ဖီပျမ်းမျှတစ်ခွက် (သို့မဟုတ်)တစ်ခွက်ခွဲ သောက်လေ့ရှိသူဟာ ဆီးချိုရောဂါ အမှတ် (၂) ဖြစ်နိုင်ခြေအလားအလာ ၁၁ ရာခိုင်နှုန်းနည်းပါးကြောင်း (ခ) တချို့နေ့တွေမှာ ပုံမှန်သောက်နေ ကျ တစ်ခွက်ထက်ပို၍ နှစ်ခွက် တိတိသောက်တတ် သူများဟာ ဆီးချိုရောဂါအမှတ်(၂)ဖြစ်နိုင်ခြေ အလားအလာ ၁၈ ရာခိုင်နှုန်းထိနည်းပါးသွားကြောင်း၊ (ဂ)ဘော့ စတွန်နိုင်ငံရှိ The Harvard School of Public Health မှ Shilpa Bhu-pathiraju ဆိုသူက ထိုသုတေသန ကို ဦးဆောင်သူဖြစ် ကြောင်း The European Association for the Study of Diabetes (ခေါ်) ဆီးချို ရောဂါလေ့လာစောင့်ရှောက်ရေး ကျန်းမာရေးဂျာနယ်တစ်စောင်မှာ ယခုလို အကျယ်တဝင့်ဖော်ပြထား ပါတယ်။ ၄င်းရဲ့အဆိုကို The Science Media Centre မှကျွမ်းကျင် သူများကလည်းအတည်ပြုထောက်ခံ ထားကြပြီး ကော်ဖီတစ်ခွက်နေ့စဉ် သောက်သင့်ပြီး တချို့နေ့တွေမှာ နှစ်ခွက်သောက်ခြင်းဖြင့် ဆီးချို ရောဂါဖြစ်မလာအောင် ထိန်းထား နိုင်တယ်လို့ ထပ်လောင်းအကြံပြု ထားပါတယ်။ သို့သော် အထက်ပါသုတေ သနပြုချက်ထဲမှာတော့ လက်ဖက် ရည်နှင့် Decaffeinated Coffee (ခေါ်)ကဖိန်းဓာတ်မပါတဲ့ ကော်ဖီ အမျိုးအစားတွေကို မဆိုလိုပါဘူးတဲ့။ အကယ်၍ လက်ဖက်ရည် နှင့် Decaffeinated Coffee တို့ကို စွဲသောက်တဲ့ အခါမှာတော့ သွေး ထဲမှာ သကြားဓာတ်တွေများလာ ၍ ဆီးချို(အမှတ်-၂)ဖြစ်စေတဲ့ အပြင် အဝလွန်ရောဂါပါ ဖြစ်လာ စေနိုင်တယ်လို့ ဆိုပါတယ်။

ပေါက်ပေါက်
The Union Daily

mgsoemin1995@gmail.com

No comments:

Subscribe

လာလည်သူများ

free counters