♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 14, 2015

"ဆံပင်ကျွတ်.ဆံပင်ပြောင်.. ဆံပင်မသန်သူများအတွက် ကြက်ဆူဆီ(Castor oil) နှင့် ၄င်၏ အကျိုးပြုအာနိသင်များ"

ကြက်ဆူဆီဆိုတာ ကြက်ဆူစေ့ကနေညှစ်ယူပြီးမှ ရလာတဲ့အဆီ ဖြစ်ပြီး ခြံစည်းရိုး ကြက်ဆူဆီနဲ့တော့ မမှားစေလိုပါဘူး။ ဆေးဖက်ဝင် ကြက်ဆူဆီကို Castor oil လို့ခေါ်ဆို ပြီး အာဖရိကနဲ့အိန္ဒိယနိုင်ငံတွေမှာ အများဆုံးတွေ့ရပါတယ်။ သူ့ရဲ့ဆေးဖက်ဝင် အာနိသင်တွေကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာ သုံးစွဲလာမှုများလာပါပြီ။ ဆေးဖက်ဝင် အာနိသင်တွေကို တင်ပြပေးလိုပါတယ်။
ဆံပင် ကျန်းမာရေးအတွက် ကြက်ဆူဆီ
ကြက်ဆူဆီမှာ  ဗီတာမင်အီးနဲ့ အဆီဓာတ်တွေ ပါဝင်နေပါတယ်။ ဦးရေပြားနဲ့ဆံပင်ကို လိမ်းကျံပေးခြင်းဟာ  ဆံပင်ကို သန်စွမ်းစေခြင်း၊ ဦးရေပြားသွေးလှည့်ပတ်မှုကို ပုံမှန်ဖြစ်စေခြင်းနဲ့ ဦးရေပြားမှာ ဘက်တီးရီးယားနဲ့မှိုပိုးဝင်ခြင်းတွေကို ဖယ်ရှားပေးနိုင်ခြင်းတွေကို ရရှိခံစားရစေနိုင်ပါ တယ်။ ကြက်ဆူဆီဟာ ဆံပင်ရဲ့ အဆိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဝင်စားစရာအချက်တစ် ချက်ကတော့ ကြက်ဆူဆီကို မျက်လုံးပေါ်များ လိမ်းကျံပေးရင် ထူထဲနက်မှောင်တဲ့မျက်ခုံးမွေးကို ပိုင်ဆိုင်နိုင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။ ကြက်ဆူဆီကို ဆံပင်တွေကျွတ်ပြီး အကွက်လိုက်ပြောင်နေတဲ့ ဦးရေမှာ နေ့တိုင်းလိမ်းကျံပေးပါ။ သုံးလလောက် ပုံမှန် လိမ်းကျံပေးခြင်းအားဖြင့် ဆံပင်တွေ ပြန်ပေါက်လာတာကို တွေ့ရပါလိမ့်မယ်။ ဆံပင်  အရှာ်မသန်သူတွေအနေနှင့်လည်း ဆံပင်ဦးရေကို ကြက်ဆူဆီလိမ်းပေးပါ ဦးရေကို လက်ချောင်းများနှင့် ခပ်ဖွဖွ နှိပ်နှယ်ပေးပါ၊ နှစ်နာရီလောကြာလျှင် ရေချိုးခေါင်းလျှော်ပါ။ ဆံပြာနှင့် အလွန်အကျွံမတိုက်ပါနှင့်၊ ကလေး

ခေါင်းလျှော်ရည် baby shampoo ကိုသုံးပါ။ သုံးလေးပတ်လောက်ကြာလျှင် ဆံပင်များ စတင်သန်စွမ်းရှည်လျားလာတာကို တွေ့ရပါလိမ့်မယ်။
 
နာကျင်မှု အတွက် ကြက်ဆူဆီ
ကြက်ဆူဆီဟာ tryglyceride အမျိုးအစားဖြစ်ပြီး ရောင်ရမ်းမှုကို သက်သာစေတဲ့ ricinoleic အက်စစ်က ၁၀၀%လောက်ပါဝင်ပါတယ်။ အဆစ်အမြစ်တွေ၊ တစ်ရှူးတွေရောင်ရမ်းလာပြီဆိုရင်ကြက်ဆူဆီကို အရေပြားပေါ်လိမ်းကျံပေးရင် သက်သာစေပါတယ်။ ရေတစ်ဖန်ခွက်ထဲမှာ ကြက် ဆူဆီလက်ဖက်ရည်ဇွန်းနှစ်ဇွန်း လောက်ခပ်ပြီးသောက်ပေးရင် လေးဘက်နာ အဆစ်အမြစ်ကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ နောက်ပြီး အမျိုးသမီးတွေ ရာသီလာနေစဉ်နဲ့ မလာမီကိုက်ခဲခြင်းကိုလည်း လိမ်းကျံခြင်းက သက်သာစေနိုင်ပါတယ်။

ဝမ်းပျော့ဆေးအဖြစ် သုံးနိုင်သော ကြက်ဆူဆီ
ပါးစပ်ကနေ သောက်သုံးပေးမယ်ဆိုရင် သူ့မှာပါဝင်တဲ့  ricinoleic acid ဟာ အူအတွင်းကို ရောက်ရှိပြီး ၀မ်းပျော့စေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် အူအတွင်းက မကျေညက်တဲ့ အစာဟောင်းတွေကို ချေပေးနိုင်ပြီး အူလှုပ်ရှားမှုကို မြင့်တက်စေပါ တယ်။ဝမ်းချုပ်သူများအဖို့ ဘေးထွက် ဆိုးကျိုးနည်းပါးတဲ့ ကြက်ဆူဆီဝမ်းပျော့ဆေးတွေကို အသုံး ပြုနိုင်ပါတယ်။

အရေပြားလှပမှု အတွက် ကြက်ဆူဆီ
ကြက်ဆူဆီကို အရေပြားပေါ် မှာ လိမ်းကျံပေးခြင်းဟာ ရေဓာတ်ကို ဖြည့်တင်းပေးပြီး ပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ၀က်ခြံအတွက်လည်း ကြက်ဆူဆီကို အသုံးပြုနိုင်ပါ တယ်။ ဒါ့အပြင် ကုတ်ဖဲ့ခြင်းကြောင့် ဖြစ်တဲ့ အစင်းရာတွေ၊ ပွေးနာတွေကို လည်း ကြက်ဆူဆီလိမ်းကျံပေးခြင်းက သက်သာပျောက်ကင်းစေနိုင်ပါ တယ်။ နို့တိုက်မိခင်များ နို့သီးခေါင်း ကွဲခြင်း၊ ကလေးငယ်များ ဆီးလောင်တဲ့အနာတွေကိုလည်း ကြက်ဆူဆီ လိမ်းပေးခြင်းပျောက်ကင်းစေနိုင်ပါတယ်။ အသားအရေမှာ လိမ်းပေးခြင်းဖြင့် အသားအရေ လှပ စိုဝင်းလာပါလိမ့်မယ်။ ဗီတာမင် အီး အပြည့်ပါဝင်တဲ့ အတွက် ချောမွှေ့လှပ

လာမှာ ဖြစ်ပါတယ်။

ခုခံအားစနစ်ကို မြှင့်တင်ပေးတဲ့ ကြက်ဆူဆီ
ကြက်ဆူဆီဟာ သွေးဖြူဥတွေ ကို ထုတ်လုပ်မှုမြင့်တက်စေပြီး ပိုးဝင်ခြင်းကို တိုက်ခိုက်ပေးနိုင်ပါတယ်။ သိပ္ပံနည်းကျ စမ်းသပ်မှုတွေ ပြုလုပ် ပြီးနောက်မှာ ကြက်ဆူဆီဟာ lymphocyetes သွေးဖြူဥအားလုံးရဲ့ T11 ဆဲလ်တွေကို အသုံးပြုပြီး ၂၄နာရီအတွင်း မြင့်တက်စေတယ်ဆိုတာ ဖော် ထုတ်နိုင်ခဲ့ပါတယ်။ ဒါဟာ ကိုယ်ခန္ဓာရဲ့ ကာကွယ်နိုင်စွမ်းကို မြင့်တက်စေပါတယ်။
သက်ကို


မှတ်ချက်။  ဆီလိမ်းပြီး လက်ကို စင်ကြယ်အောင် ဆေးပစ်ပါ။ ပါးစပ်ထဲလက်ထည့်မိရင် (သို့) အစာကို ကိုင်စားမိရင် ဝမ်းလျှောပါလိမ့်မယ်......ဝမ်းနှုတ်ဆီဖြစ်တဲ့အတွက်ပါ....ဟိဟိ( ရောရောသမမွှေ)



 

Ref;IANSCredit : http://www.healthupdatesjournal.com/%E1%81%BE%E1%80%80%E1%80%80%E1%80%B9%E1%80%86%E1%80%B0%E1%80%86%E1%80%AEcastor-oil-%E1%80%9B%E1%80%B2%E1%82%95-%E1%80%80%E1%80%BA%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%AC%E1%80%B1%E1%80%9B/

No comments:

Subscribe

လာလည်သူများ

free counters