♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 14, 2015

"ကျန်းမာရေး အတွက် ခေါင်းအုံးကို သန့်စင်အောင် ထားရန်"


 

မည်သူမဆို အိပ်ရာဝင်သည့် အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။လူ့ခန္ဓာကိုယ် အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံး အတွင်းပိုင်းသို့ စိမ့်ဝင် သွားတတ်သည်။ ဦးခေါင်းမှ စိမ့်ထွက်သော ချွေးစေးနှင့် အဆီများ သည်လည်း ခေါင်းအုံးကို ညစ်ညမ်း စေနိုင်သည်။
အချိန်ကြာလျှင် ခေါင်းအုံးသည် အညစ်အကြေး စု၍ နေသော နေရာ ဖြစ်တတ်သည်။ခေါင်းအုံးထဲ သွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွား
လာတတ်သည်။ အထူးသဖြင့် အသက်ရှူ လမ်းကြောင်း ရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြား ရောဂါရှိသူနှင့် ကူးစက် ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံးထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ ရှိသဖြင့် အနာရောဂါ ကူးစက်တတ်သည်။ ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံး ပဝါကို မကြာခဏ လျှော်ဖွပ် ပေးရမည့် အပြင် ခေါင်းအုံးစွပ် ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်း ပေးရပါမည်။အထူးသဖြင့် အအေးမိ ရောဂါနှင့် အခြား ကူးစက်တတ်သည့် ရောဂါများ ဖြစ်နေသည့် အချိန် ခေါင်းအုံးစွပ်ကို သန့်စင်အောင် လျှော်ဖွပ် ပေးရ ပါမည်။ ခေါင်းအုံးကို နေပူလှန်း ပေးရပါမည်။ သို့မှသာ ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ကင်းစင်သွားပြီး ရောဂါဘယ ကင်းဝေးကြမည် ဖြစ်ပါသည်။

 


credit to ;နှင်းဆီဖူးလေးများ-Love BUDS
မြဝတီ
Credit: http://www.monyocity.com/2013/12/blog-post_4029.html#more
 

No comments:

Subscribe

လာလည်သူများ

free counters