♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 18, 2015

" ချစ်ဦးအတွက် ကိုယ်လေ အသက်ပေးလိုက်ပါပြီ....."

သို့ 
ချစ်ဦးသက်လယ်
အချစ်.......ကိုယ်ရင်နင့်အောင်ချစ်ရတဲ့အချစ်......ဒီစာလေးနှင့် ချစ်ကို ကိုယ်နှုတ်ဆက်ခဲ့ပါရစေ။   ချစ်ကို ကိုယ်ရင်ဆိုင်ရဲတဲ့ စွမ်းအားမရှိတော့ဘူး....ကိုယ့်ရဲ့ ရင်တွေမချိတော့ဘူးတချိန်က အချစ်ရဲ့ မျက်နှာလေးကို အိမ်ပြူတင်းပေါက်က လှမ်းကြည့်ပြီးမှ အိပ်ယာဝင်မှ အိပ်တတ်ခဲ့တဲ့သူ   ... မနက်အစောထခဲ့ရင်လည်းဦးဦး
ဖျားဖျား အချစ်က အသံပေးမှ ပြူတင်းပေါက်ကနေ အချစ်မျက်နှာလေးကို.... တွေ့မှ မျက်နှာသစ်တတ်တဲ့သူ..

အစာစားရင်လည်း မေမေနှင့် ဖေဖေ မသိအောင် အချစ်ခွံ့ကျွေးတာကို စားတတ်တဲ့သူ.......နေမကောင်းလို့ 
ဆေးမသောက်ခင်မှာ အချစ်အနမ်းပေးမှ ဆေးသောက်တတ်တဲ့သူ ....ဘာမဆို အချစ်မပါရင် ဘာမှ မလုပ်
တတ်တဲ့သူဟာ ဒီနေ့ တော့ အချစ်ကို ရင်နင့်စွာနှင့် နှလုံးသား ကွဲအက်မှုတွေ ပြွမ်းတီးစွာနှင့် ပျော်ရွှင်မှုတွေ
ဆိတ်သုဉ်းပြီး နှလုံးသားရဲ့ ချစ်လွင်ပြင်မှာ သောကမီးမုန်တိုင်းကြီးပတ်ချာဝိုင်းလို့  လောင်နေခဲ့ရပြီကိုယ် ဆက်
လက်ပြီး ခံစားနိုင်ခြင်းမရှိတော့ပါဘူး။ အသက်ဝိညာဉ် ကင်းမဲ့တာနှင့် စာရင် အချစ်ဝိညာဉ်ကင်းမဲ့တာဟာ ကြင်နာမှုရဲ့ ရသာသိုက်ကြီးထဲမှာ အမုန်းဘီလူးဝင်စီးခံရသလို အနေရခက်လှတယ်အချစ်ရယ်။ ချစ်ကို ကိုယ်
မမြင်ရတာ ကြာလေကိုယ့်ရဲ့ ရောဂါက ပိုဆိုးလေပါဘဲ။ ကိုယ်ဟာ ရောသမမောင်စိုး ကားတွေကို နှစ်သက်
တာထက် ...ရောသမမောင်စိုး ကားမမြင်ရရင် အိပ်မပျော်တဲ့ အဖြစ်ထက် အဆပေါင်းများစွာ ပိုပါတယ်။
ဒါတွေကိုချစ်လည်းသိပြီးသားပါ။  ကိုယ် ချစ်ကို  မခွဲနိုင်ဘူး။ ဒါပေမဲ့ ဒီနေ့ မှာတော့ ကိုယ်ဟာ စိတ်ပိုင်းဖြတ်
ချလိုက်ပြီ။ ချစ်ကို ချစ်ရဲ့ ဦးလေး ဦးပေထူက စက်သူဌေး မောင်ဘကလေးနှင့် ငွေကို မက်ပြီ ပေးစားဖို့ လုပ်
နေတာ ကိုယ်မခံနိုင်ဘူး။ နောက်အပတ်ထဲ စေ့စပ်ဖို့ လုပ်တော့မယ်ဆိုဘဲ...ချစ်ဘက်ကလည်း မိသားစုစား
ဝတ်နေရေးအတွက် နှုတ်ငြိမ်နေတာတွေ့တော့ ကိုယ်အနေရခက်တယ်။ ပြတ်သားမှုကို မပြနိုင်သေးတဲ့ ချစ်
ကြောင့် ကိုယ်ရင်ကွဲရပြီ။ ချစ်ရေ ဒီစာဟာ ကိုယ့်ရဲ့နောက်ဆုံးစာလို့ သာ မှတ်ယူလိုက်ပါတော့ချစ်နှင့် မပေါင်း
သင်းရတော့မဲ့အတူတူ ကိုယ်လည်းဒီလောကကြီးထဲမှာမနေလိုတော့ဘူး.....ကိုယ်နှင့် ချစ်တို့  ပထမဦးဆုံးစ
ချစ်ခဲ့ကြတဲ့နေ့ က ထန်းပင်ကြီး မပန်းအိုကို တိုင်တည်ပြီး မပန်းအိုရဲ့ ပင်စည်ကြီးကို နှစ်ယောက်သားဖက်ပြီး
သစ္စာ ဆိုခဲ့တဲ့ နေဝင်ရီရောအချိန်မှာ ကိုယ်ဟာ မပန်းအိုအပင်ထက်ကို ..တက်ပြီးအောက်ကိုခုန်ချလို့ အချစ်
သက်သေပြ..........
(((( တစ်နာရီ ခန့် ကြာပြီးသောအခါ))))
''မောင်ရေ ချစ်တို့ ကလေးတွေ မပန်းအိုအောက်မှာဆော့နေကြတယ် ထမင်းစားဖို့
သွားခေါ်ပါဦး"   "သူတို့အဖေခေါ်မှ လာကြမယ့်ကလေးတွေ.........မအေခေါ်တာ
အရေးတောင် မလုပ်ဖူးတော်ရေ...ခ်ခ်ခ်"...
(((တဲ့ မီးကတခါပြန်ပြတ်သွားတယ် ရှေ့ ဆက်ဘာဖြစ်တယ်မသိဘူး။ ))) ခုနကလည်း တနာရီတောင် မီးပြတ်သွားတယ် ဇာတ်လမ်းပြတ်သွားတယ်....အဟီးဟီးဟီး

((ရောသမပေါက်စီ))

No comments:

Subscribe

လာလည်သူများ

free counters