♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 9, 2015

"နွေရာသီမှာ ခန္ဓာကိုယ် အပူချိန်လွန်ကဲခြင်း နှင့် ကာကွယ် ကူသနည်းများ "


ခန္ဓာကိုယ် အပူချိန်လွန်ကဲခြင်း နှင့် ကာကွယ် ကူသနည်းများ တန်ခူးလရာသီ၊ နွေကာလသို့ ရောက်ရှိနေပြီ။ 'တန်ခူး၊ ကဆုန် ဆွေ့ဆွေ့ခုန်' ဆိုစကားအတိုင်း ဂိန်မာန်နွေ၏အပူရှိန်က ကြောက်ခမန်းလိလိ။ အပြင်ထွက်ပြီး အလုပ် ထဲပြန်ရောက်တာနှင့် ချွေးတွေက တစ်ကိုယ်လုံးရွှဲရွှဲစိုလျက်။ တချို့က အနားမနေဘဲ အလုပ်တွေဆက် လုပ်ကြသည်။ ချွေးနှင့်အအေးပတ် သူများ၊ ချွေးငုတ်သွား၍ ဖျားနာ ကြသူများ စသည်ဖြင့် အမျိုးမျိုး ကြားရသည်။  တောရွာဇနပုဒ်များတွင် ကျန်းမာရေးဗဟုသုတခေါင်း ပါးသူများ၊ သိလျက်နှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို မသိသလိုပြုမူနေ ထိုင်သူများကတော့ နွေကာလတွင် အပူ ဒဏ်ကြောင့် တဖြုတ်ဖြုတ် နဲ့  ဇီဝိန်ချုပ်ကြရသည်။


အပူချိန်လွန်ကဲခြင်းဝေဒနာဆို တာ...
ကိုယ်အပူချိန် စင်တီဂရိတ် ၄ဝ ဒီဂရီ (သို့) ဖာရင်ဟိုက် ၁ဝ၃ ဒီဂရီ နှင့် အထက်ရှိခြင်းကို ခန္ဓာကိုယ် အပူချိန်လွန်ကဲခြင်းဝေဒနာဟု ဆို သည်။ ဆေးပညာအခေါ်အဝေါ်က Hypothermia ဖြစ်သည်။ ခန္ဓာ ကိုယ်အပူချိန်လွန်ကဲရခြင်းမှာ ခန္ဓာ ကိုယ်တွင်းရှိ အပူထိန်းအင်္ဂါများ အလုပ်မလုပ်တော့၍ဖြစ်သည် အပူချိန်လွန်ကဲခြင်းဝေဒနာ ဖြစ်ရ ခြင်းမှာ ပတ်ဝန်းကျင်တွင် အပူရှိန် မြင့်မားခြင်း၊ ချွေးထွက်မှုလုပ်ငန်း ပုံမှန်မလည်ပတ်နိုင်တော့ခြင်း၊ ပူ အိုက်စွတ်စိုထိုင်းမှိုင်းမှုကြောင့် ချွေး ငုတ်ပြီး ချွေးထွက်မှုနည်းပါးခြင်း တို့ကြောင့် ဖြစ်သည်။ ခန္ဓာကိုယ်ရှိ အပူချိန်သည် ခန္ဓာကိုယ်မှ စွန့်လွှတ် နိုင်စွမ်းရှိသော အပူချိန်ထက် ပိုများ သွားပါက ကိုယ်အပူချိန်အလွန် မြင့်တက်လာလေလေ ဖြစ်သည်။
အပူကြောင့် ခြေကုန်လက်ပမ်း ကျခြင်းဝေဒနာ (Heat Exhaurtion) လည်း ယခုလိုရာသီတွင် ဖြစ်နိုင်သည်။ ယခုလို ပူအိုက်သောရာသီမျိုးတွင် ပြင်းထန်သောလှုပ်ရှားမှု၊ လုပ်ငန်းဆောင်တာ ဆောင်ရွက်သူ များတွင် ဖြစ်တတ်သည်။ ၄င်းတို့၏ ကိုယ်အပူချိန်သည် ၃၇ ဒီဂရီစင်တီ ဂရိတ် မှ ၄ဝ ဒီဂရီ စင်တီ ဂရိတ် ထိ ရှိနိုင်သည်။ ရာသီဥတုနှင့် ကိုက်ညီ သည့် သင့်တင့်လျောက်ပတ်သော ဝတ်စားဆင်ယင်မှုကို မပြုလုပ် ခြင်း၊ အလုပ်ကို ပြင်းထန်စွာ ဆောင် ရွက်ခြင်းနှင့် ပူအိုက်စွတ်စိုထိုင်းမှိုင်း သော ရာသီဥတုအနေအထားတွင် ခန္ဓာကိုယ်ရှိ အပူထိန်းစနစ်အင်္ဂါ ရပ်များ၏ အားနည်းယိုယွင်းမှုများ ကြောင့် ဖြစ်တတ်သည်။
ထိုသို့ဖြစ်ပေါ်လာပါက ခန္ဓာ ကိုယ်အပူရှိန်မြင့်မားပြီး အသက်ရှူ နှုန်းထား အလွန်လျှင်မြန်ခြင်း၊ ပင်ပန်းနွမ်းနယ်ပြီး ခြေကုန်လက်ပန်း ကျခြင်း၊ ကြွက်သားများအားနည်း နေခြင်းနှင့် မူးဝေခြင်း၊ မူးမေ့လဲကျ ခြင်းတို့အထိ ဖြစ်နိုင်သည်။ ထိုကဲ့ သို့သော လူနာကို အေးသောအရပ် သို့ရွေ့လျားစေပြီး အေးသောရေစို
အဝတ်အထည်များဖြင့် ပွတ်တိုက် ပေးခြင်း၊ ဓာတ်ဆားရည်လုံ လောက်စွာ တိုက်ကျွေး ခြင်း ၊ လိုအပ်ပါက  အငန်ဓာတ်ပါဆေးဘူးကြီးများ သွင်းပေးရမည်။ ပုံမှန်အား ဖြင့် လူကြီးများတွင် ဓာတ်ဆားရည် ငါးလီတာခန့် လိုအပ်သည်။ လုံ လောက်သော ဓာတ်ဆားရည်များ သောက်သုံးပေးခြင်းဖြင့် ဝေဒနာ သက်သာပျောက်ကင်းစေသည်။

ခန္ဓာကိုယ်အပူရှိန် အလွန့်အ လွန်မြင့်မားပြီး သတိလစ်မေ့မြော သွားသော ဝေဒနာကိုတော Heat Stroke ဟု ခေါ်သည်။ ယင်းဝေဒနာ ဖြစ်ပါက ခန္ဓာကိုယ်အပူရှိန် ၄ဝ ဒီဂရီ စင်တီဂရိတ် ကျော်လွန်ပြီး ခန္ဓာကိုယ်ရှိ အပူထိန်းစနစ် ပျက် ပြားသွားခြင်းကြောင့် အသက် အန္တရာယ်များပြီး ဝေဒနာပြင်းထန် တတ်ပါသည်။ဝေဒနာကြောင့် ခေါင်းကိုက်ခြင်း၊ မူးဝေအော့ အန်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ ကြွက်သားများ တုန်လှုပ်နေပြီး သတိလစ်မေ့မြောသည် အထိ ခံစားရနိုင်သည်။ လူနာ၏ အရေပြားမှာ ခြစ်ခြစ်တောက်ပူ နေပြီး ချွေးထွက်သည့်စနစ် ပျက် ပြားမှုကြောင့် ခန္ဓာကိုယ်မှ ချွေးများမထွက်တော့ပါ။
အပူရှိန်ကြောင့် ခြေကုန်လက်ပန်းကျသော အခြေအနေမှ တဆင့်အထက်ဖော်ပြပါ ဝေဒနာလက္ခ ဏာများကို ခံစားကြရပါသည်။ ဤရောဂါဝေဒနာကို သက်ကြီးရွယ်အိုများ၊ ဆီးချိုသွေးချို၊ သွေးတိုး၊ နှလုံးရောဂါဝေဒနာရှင်များ၊ စိတ်ပိုင်းဆိုင်ရာဆေးများနှင့် ဆီးဆေးများ သောက်သုံးနေသူများနှင့် သေရည် သေရက်အလွန်အကျွံသောက်ကြသူများ ပိုမိုခံစားကြရတတ်ပါ၍ သတိအထူးပြုရန် လိုအပ်ပါသည်။
အထက်ဖော်ပြပါ ဝေဒနာရှင်များသည် နောက်ဆက်တွဲပြဿနာဝေဒနာများအဖြစ် အရည်ခန်း ခြောက်မှုကြောင့် သွေးလန့်ခြင်း (Shock)၊ အက်ဆစ်ဓာတ်မြင့်မား ခြင်း၊ သွေးကျဲဝေဒနာဖြစ်ခြင်း၊ ကြွက်သားများ ပျက်စီးခြင်း၊ အသည်းနှင့် ကျောက်ကပ်များအလုပ်မလုပ်ခြင်းနှင့် ဦးနှောက် ဖောရောင်ခြင်းများ ဖြစ်တတ်ပါ သည်။
ထိုလူနာများအား အထူးကြပ်မတ်ဆောင် (ICU)တွင် တက် ရောက်ကူသမူ ပြုရန်လိုအပ်ပါသည်။ ခန္ဓာကိုယ်အပူချိန်အလျင်အမြန် ကျစေရန် ရေခဲတုံးများဖြင့် ပတ်ထားခြင်း ပြုလုပ်ရပါမည်။ လိုအပ်နေသော ဓာတ်ဆားနှင့် ရေဓာတ်တို့ကို အထူးကြပ်မတ်ဖြည့်ဆည်းပေးရပါမည်။ အခြေအနေပေးပါက ခန္ဓာကိုယ်တွင်းရှိ လျှပ်လိုက်ပစ္စည်းများ (Electrolyter) များကို ဓာတ်ခွဲခန်း တွင် စစ်ဆေးခြင်း ပြုလုပ်ရပါမည်။ သွေးနှင့် ဇီဝဗေဒဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရပါမည်။

ကြိုတင်ကာကွယ်နည်း
အထက်ဖော်ပြပါ အပူလွန်ကဲ ခြင်းဝေဒနာများမှ ကင်းဝေးစေရန်

  • နေပူရှိန်မြင့်မားသောအချိန်တွင် ရေချိုးခြင်း၊ ရေကူးခြင်းတို့ကို ရှောင်ကြဉ်ပါ။
  • အရိပ်အာဝါသကောင်းသောသစ်ရိပ်ဝါးရိပ်အောက်တို့တွင် နားနေပါ။
  • ပြင်းထန်သော လေ့ကျင့်မှု၊ ကိုယ်လက်လှုပ်ရှားမှုတို့မှ ရှောင်ကြဉ်ပါ။
  • သေရည်သေရက် သောက်စားခြင်း မပြုရန်နှင့် ပါးလွှာသော အဝတ်အထည်များကိုသာ ဝတ်ဆင်ရန်၊ အဖြူရောင် အဝတ်အထည်များကို ဝတ် ဆင်ပါက ပို၍သင့်လျော်သည်။
  • နေပူထဲကပြန်လာပြီးပါက ဆုံးရှုံးသွားသော ချွေးဓာတ်များကို ပြန်လည်ဖြည့်တင်းရန် ဓာတ်ဆားထုပ် များ သောက်သုံးသင့်ပါသည်။

ပြီးခဲ့သည့်နွေရာသီက ဆုံတွေ့ခဲ့သော စာပေမိတ်ဆွေတစ်ဦးကတော့ ညနေ ၆ နာရီအလုပ်က ပြန်လာပြီး ကျွန်တော်နှင့်တွေ့ဆုံတော့'ခဏလေး' ဟု လက်ပြကာ မျက်နှာချင်းဆိုင်မှာ ဖွင့်လှစ်ထားသော ဆေးဆိုင်သို့ ဝင်သွားခဲ့သည်။ ပြန်ထွက်လာတော့ သူ့လက် ထဲမှာ Classic-D သီးစုံဓာတ်ဆား မှုန့်အထုပ်လေးတွေ ပါလာသည်။ မိတ်ဆွေက သူ့တွင်ပါလာသော ရေဘူးထဲသို့ ဓာတ်ဆားမှုန့်ထုပ် လေးတွေ ဖောက်ထည့်လိုက်သည်။ ရေဘူးကို လှုပ်ပြီးဖျော်လိုက်သည်။ သောက်ချင်စဖွယ်အရောင်အနံ့လေး ပေါ်လာတော့ တစ်ကျိုက်ထဲ မော့သောက်လိုက်သည်။ ပြီးတော့မှ ကျွန်တော့်ကို ''ကိုမိုးရ...။ ဒီလိုရာသီမှာ သီးစုံဓာတ်ဆားထုပ်လေးတွေ ဆောင်ထားပြီး သောက်ပေးဗျ။ နွေရာသီမှာ ကျွန်တော်တို့အားအင် ကုန်ခန်းတာ၊ ချွေးထွက်နွမ်းနယ် ခဲ့တာတွေကို အခုဓာတ်ဆားထုပ် တွေက ပြန်လည်အားဖြည့်ပေး တယ်ဗျ။ အခုပေါ်နေတာ သောက် ချင်စရာ သီးစုံဓာတ်ဆားထုပ်တွေ ဆိုတော့ သောက်ရတာလည်း
ကောင်းတယ်။ ခင်ဗျားသောက် ကြည့်ဗျာ'' ဟု ဆိုပြီး ကျွန်တော့်ကို သီးစုံဓာတ်ဆားထုပ် သုံးထုပ်ပေးခဲ့ သည်။


ထို့ကြောင့် ယခုလို နွေရာသီ မှာတော့ ကျွန်တော်တို့လို အလုပ် များ၊ ချွေးထွက်များတတ်သူတွေ အတွက် သီးစုံဓာတ်ဆားမှုန့် အထုပ်လေးတွေသည် အမြဲဆောင်ထား သင့်သည့် ဆေးစွမ်းကောင်းတစ် လက်ပင် ဖြစ်ပေသည်။


Ref : 7day Shopping Guide

Credit : papawaddy.com

No comments:

Subscribe

လာလည်သူများ

free counters