♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 5, 2015

"ချစ်သူကို ယုံမယ်ဆို မိန်းကလေးတွေ စဉ်းစားဖို့လိုတယ်"


( ၁ ) စနိုက်ပါ လိုယောက်ျား

သူက ချစ်တယ်မပြောသေးဘူး
ချစ်တဲ့ အရိပ်အယောင်တွေနဲ့ ပုံသဏ္ဍန်အကုန်ဖော်ပြလိမ့်မယ်
သံယောဇဉ်ကို ခိုင်မာအောင်လုပ်လိမ့်မယ်
ပြောတော့ မလိုလိုနဲ့ ပြောမှာမဟုတ်သေးဘူး

girl ပတ်ဝန်းကျင်က သူငယ်ချင်းတွေကို သူဟာ girl ကိုဘယ်လောက်ချစ်တဲ့အကြောင်းလိုက်ပြောပြလိမ့်မယ်
girl ပြန်ကြားအောင်ပေါ့

ဒီလူဟာ ချစ်နေတာမဟုတ်ပါဘူး
သေချာအောင်ဖန်တီးနေတာပါ
သေချာတော့မှ ပစ်မဲ့ စနိုက်ပါသမားနဲ့တူတယ် . . .

_____

( ၂ ) ပိုက်ကွန်ပစ်သလို ယောက်ျား

တနည်းအားဖြင့် စက်သေနတ်နဲ့လည်းတူတယ်
သူဘယ်လိုတိတ်တခိုးချစ်ခဲ့ရတာပါလို့ သူ့အချစ်ကိုခမ်းနားပြလိမ့်မယ်
ဥပမာ - ခင်ဗျားဓာတ်ပုံလေးတွေ သူသိမ်းထားတဲ့အကြောင်းပြောပြီး
သိမ်းသွင်းလိမ့်မယ်

girl မသိတဲ့အချက်က သူ့ဆီမှာ တခြားgirl တွေရဲ့ပုံတွေလည်း
save ထားတယ်ဆိုတာပါပဲ . . .

_____

( ၃ ) ကြက်တူရွေးလို ယောက်ျား

သူဟာစကားတက်တဲ့ ကြက်တူရွေးနဲ့တူတယ်
သူ့အချစ်ဟာ တောင်ကိုးလုံးကို
အကြည့်တချက်နဲ့ ဖြိုနိုင်တယ်လို့ တင်စားလိမ့်မယ်
တကယ်က ချစ်တာမဟုတ်ပါဘူး
အဲဒါပလီနေတာ
လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတာ

_____

( ၄ ) မုဆိုးလို ယောက်ျား

သူက သူငယ်ချင်းသံယောဇဉ်ကို တိုးအောင်လုပ်လိမ့်မယ်
ထို့နောက် girl ကို မနက် နေ့လည် ည
အချိန်မှန်မှန် စာဖြစ်စေ message ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ
သတိပြုမိအောင်လုပ်လိမ့်မယ်

ပြီးမှ
သူ့ကျော့ကွင်းဆီ မြားခေါ်သွားလိမ့်မယ်

_____

( ၅ ) စပါးကြီးမြွေလို ယောက်ျား

သူက girl အကြိုက်တွေကို တနည်းနည်းနဲ့စုံစမ်းလိမ့်မယ်
ဘယ်သီချင်းကြိုက်တယ်
ဘယ်ဗီဒီယိုကားကြိုက်တယ်
ဘယ်မင်းသား/မင်းသမီးကြိုက်တယ်ပေါ့
ထို့နောက် girl အကြိုက်လေးတွေ တမျိုးတဖုံနဲ့ သူနဲ့အကြိုက်တူနေကြောင်းပြောရင်း
စိတ်ချင်းဆက်နွယ်နေသလို ပြောလိမ့်မယ်

အမှန်က တူနေတာမဟုတ်ပါဘူး
သေချာစနစ်တကျ လုပ်ကြံမှုတခုပေါ့

_____

( ၆ ) ပင့်ကူလို ယောက်ျား

သူဟာ girlကို လာရင်ဖွင့်လိမ့်မယ်
သူအသဲကွဲနေပါတယ်ပေါ့
အချိန်ကြာလာတာနဲ့အမျှ girl က သနားလာလိမ့်မယ်
မယုံကြည်လိုက်ပါနဲ့ဗျာ . . .

သူ့ကို အားပေးချင်တဲ့စိတ်ကနေ ချစ်စိတ်ဖြစ်လာအောင်
ရည်ရွယ်ချက်ရှိရှိ ကြံစည်ထားတာပါ

_____

( ၇ ) တံငါသည်လို ယောက်ျား

သူဟာ ဘယ်လောက်ချမ်းသာကြောင်းပြောလိမ့်မယ်
girl အထင်ကြီးအောင်ပေါ့
ထို့နောက်သူဟာ သဘောကောင်းသလောက်
ချစ်သူမရှိလို့ ပျော်စရာမကာင်းဘူးဘာညာပေါ့
girlကို မျှားပါလိမ့်မယ်

သူဟာ ငါးမျှားချိတ်နဲ့ မျှားတဲ့ တံငါသည်နဲ့တူတယ်

_____

( ၈ ) ကြောင်လို ယောက်ျား

သူဟာ တည်ငြိမ်ချင်ယောင် ဆောင်ထားပါလိမ့်မယ်
ငြိမ်ငြိမ်လေးနဲ့ မခုတ်တက်တဲ့ကြောင်လေးပေါ့

ဖွက်ထားတဲ့ လက်သည်းကိုမြင်တဲ့အချိန်မှာ
girl တွေဟာ အသဲကွဲနေပါပြီ

_____

( ၉ ) ရေဒီယိုနဲ့ တူတဲ့ယောက်ျား

တစ်နေ့တမျိုးမရိုးအောင်
သူက free လွှင့်ပေးလိမ့်မယ်
တစ်ယောက်သောသူနားဆင်စေချင်လို့ပေါ့
တကယ်က သူလွှင့်တဲ့ channel က
လူတိုင်းအတွက်ပါ

သူစီစဉ်တာက
သူဟာ ဗလာမပါတဲ့ မဲကိုနိုက်သလို အရှုံးမရှိအောင်ပေါ့

_____

( ၁၀ ) ဗျိုင်းလို ယောက်ျား

သူ့နံဘေးနား ကပ်လာတဲ့girlတိုင်းကို
သူဟာ ရှောင်ဖို့စိတ်ကူးမရှိပါဘူး
girl တွေသတိပြုသင့်ပါတယ်

အလွယ်တကူရတယ့်အချစ်ကို
အရိုးမစူးအောင် စားတက်တဲ့ ဗျိုင်းအိုကြီးပေါ့

_____

( ၁၁ ).စက်ရုံလို ယောက်ျား

အတော်ဆိုးတဲ့ အချက်ပါ
ကိုယ့်အားသာချက်နဲ့ ဖမ်းတဲ့နည်းမျိုးပေါ့
ရုပ်ရည်အားသာလား !
တော်ကီအားသာလား !
ဒါနဲ့ girlကို ကျအောင် ချုပ်ပါလိမ့်မယ်

သူ့အတွက် အပျင်းပြေ ( သို့ )
ကုန်ကြမ်းလိုသုံးသွားပါလိမ့်မယ်

_____

( ၁၂ )

သူဟာ ဘယ်လို
girl တွေရဲ့အဓိက အားနည်းချက် တွေက
အယုံကြည်လွယ်ခြင်း
အထင်ကြီးတက်ခြင်း
သနားတက်ခြင်း
သံယောဇဉ်ဖြစ်လွယ်ခြင်း တွေပါပဲ

ဒါတွေကို သိနားလည်ထားတဲ့ boy တစ်ဦးဟာ
ဆယ်လမွန်ငါး အိမ်ပြန်လမ်းမှာ
စောင့်နေတဲ့ ပန်ဒါတွေလိုပါပဲ
ငါးတွေက အလိုလိုဝင်လာမယ့်နေရာကို ကြိုသိတော့
ပါးစပ်လေး ဟ'ထားရုံပါပဲ . . .

_____

( နိဂုံး )

girl တွေ အသဲကွဲကြပါတယ်
ကျတော်ပြောဖူးပါတယ်
ယုံပါလို့ ပြောရမှာ ယောက်ျားလေးတွေတာဝန်ပါ
မယုံရင် သတ်ပစ်မယ်လို့ တစ်ခွန်းမှမပြောပါဘူး

ဒါကို ယုံကြတာတော့
ဘယ်လိုမှ တွေးလို့ရဝူးး

လက်ရှိချစ်သူကို ဆန်းစစ်ပါ
ဒီထဲက တချက်ချက်နဲ့ငြှိနေရင် ထပ်လောင်းစဉ်းစားသင့်ပါတယ် . . .
လိုအပ်မယ်ဆို အချိန်မီ ဖြတ်သင့်ဖြတ်ဖို့ ဝန်မလေးပါနဲ့
အဖြမပေးရသေးဘူးဆိုရင်တော့ နက်နက်နဲနဲကို တွေးသင့်ပါပြီ . . . ။

 


Ulay Kyi ( ကိုလင်း )
Credit : http://gorkhatz.blogspot.co.uk/2015/04/blog-post_9.html

No comments:

Subscribe

လာလည်သူများ

free counters