♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 6, 2015

"အမျိုးသမီးများအတွက် ကိုယ်ပိုင်အခန်းငယ်လေးဟာ အရေးကြီးပါတယ်"

 
အမျိုးသမီးတို့ဟာ နံနက်စောစောထ ချက်ပြုတ်၊ သားသမီးတွေ ကျောင်းသွားဖို့ ပြင်ဆင်၊ ခင်ပွန်းသည် အလုပ်သွားဖို့ ပြင်ဆင်၊ ခေတ်နဲ့အညီ မိမိအလုပ်သွားဖို့လည်း ကမန်းကတမ်း လုပ်၊ အလုပ်မှာလည်း တိုးတက်အောင်လုပ်ဖို့ တာဝန်တွေပိ၊ ပြန်လာတော့လည်း အိမ်ထောင့်တာဝန်တွေ ပြန်လုပ်၊ အိပ်တော့လည်း လင်ယောက်ျားထက် နောက်ကျမှ အိပ်ယာဝင်ရတဲ့ မြန်မာတို့ရဲ့ မယားကျင့်ဝတ်အရဆို အိမ်ထောင်ရှင် အမျိုးသမီးတို့ဘဝ သေချာတွေးကြည့်ရင် ဘယ်လောက်များ ဖိအားများလိမ့်မလဲ။

အင်း..ဟင့်အင်း..ဆို့တဲ့ အဖြေတစ်ခုရဖို့ အမျိုးသမီးတွေကို ပိုးပန်းရတာ သေချာမှုမရှိဘဲ အချိန်ကုန် ငွေကုန်တယ်လို့ တချို့အမျိုးသားတွေက ပြောကြတယ်။ အမျိုးသားများ ပြောတာ မှန်သလို အမျိုးသမီးတို့ အနေနဲ့လည်း အရမ်းကို ခက်ခဲပင်ပန်းတဲ့ ဘဝကို အချစ်တစ်ခုအတွက် ပျော်ရွှင်ရမယ့်ရက်က နည်းပြီး ပင်ပန်းဆင်းရဲမယ့် ရက်က များများ ဖြစ်နေတဲ့ ဘဝတစ်ခုထဲ ခုန်ဆင်းရဲဖို့ဆိုတာ ရက်လ အတော်ကြာ စိတ်ဓာတ်ခွန်အားကို ပြင်ဆင်နေရမှာဘဲ။ လက်တွဲဖော်ရဲ့ အားနည်းချက်၊ အားသာချက်ကို လေ့လာ သုံးသပ်ရဦးမှာပါပဲ။

မိသားစု ဘဝတစ်ခု မဟုတ်သေးဘူး.. ရင်ခုန်သံ မှားယွင်းစွာနဲ့ ခပ်ဆိုးဆိုး ချစ်သူတစ်ယောက်ကို ချစ်မိရင်တောင် နေ့တိုင်းညတိုင်းမှာ ချစ်မိတဲ့ ထိုအမျိုးသမီးအတွက် ခေါင်းမအေးစရာ ကိစ္စတွေ ဖြေရှင်းရဖို့ သယ်လာပေးတာက များပါတယ်။ ယောက်ျားတစ်ယောက်တွေက ချစ်ခွင့်ပန်လို့ ငြင်းခံလိုက်ရရင် ခံပြင်းတတ်ကြတယ်။ တကယ်ဆို သူမမှာ အကြောင်းအရင်း တစ်ခုရှိလို့ ဆိုတာကို လက်ခံပေးလိုက်ခြင်းက အငြင်းခံရသူကို စိတ်ချမ်းသာမှု ဖြစ်စေတာပါ။ ချစ်ခွင့်ပန်လို့ ခေါင်းညိတ်ပေးလိုက်ရင်လည်း ငါ ပိုင်ပြီးဆိုတဲ့ စိတ်မထားဘဲ သူမရဲ့ ချစ်ခြင်းကို တန်းဖိုးထား အလေးပေးသင့်ပါတယ်။

လူကြီးတွေ ပြောသလို အိမ်ထောင်ပြုတယ်ဆိုတာ အမျိုးသားတွေအတွက် ဘဝအစ ဆိုပေမယ့် အမျိုးသမီးတွေအတွက် ဘဝအဆုံးဆိုတော့ ဘဝအဆုံးခံပြီး လက်တွဲရဲတဲ့ အကြင်အမျိုးသမီးကိုမှ မြတ်နိုးတန်ဖိုးမထားဘဲ အိမ်ထောင့်တာဝန်တွေ ပိနေပြီး တစ်နေ့တစ်ခြား ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုနည်းလာကာ စိတ်ဖိအားတွေ တနင့်တပိုး ခံစားနေရတဲ့ အိမ်သူသက်ထား ဇနီးမယားကို စိတ်ပျက်ပြီး ငယ်ရွယ်တဲ့ အပျိုမယ်တွေနဲ့ သင်တို့ ထွက်တွေ့နေတာလည်း ခွင့်လွှတ်နားလည် ပေးနိုင်ရတယ်။ အိမ်ထောင်ရေး ပြိုကွဲသွားရင်လည်း ဘယ်သူက ပိုနစ်နာမှာလဲ ဆိုတဲ့စကားထက် သားသမီးတွေ မျက်နှာကို ထောက်ထားရင်း မာနကို ခြေမွ ပြစ်လိုက်ရတယ်။ အစစ အရာရာ သည်းခံခွင့်လွှတ်ပြီးကာမှ တည်ဆောက်ရတဲ့ အိမ်ကလေး မပြိုကွဲအောင် ထိန်းသိမ်းပေးနေရတဲ့ ကြီးမားတဲ့ တာဝန်ကြီးရဲ့ ဖိအားမှ မများရင် ဘယ်လိုဖိအားက များမှာလဲ။ တန်းဖိုးထားပါ။ မိမိတို့ရဲ့ ကြင်ယာဘက် အမျိုးသမီးများကို တန်ဖိုးထား သစ္စာရှိကြပါ။ တစ်အိမ်လုံး အလုပ်လုပ်မှ စီးပွားရေး ချောင်လည်မှုရှိတဲ့ ခေတ်ရဲ့ အမျိုးသမီးတွေကို ပို တန်ဖိုးထားပါ။ သားသမီးဖြစ်သူတွေကလည်း မိခင်ရဲ့ ကျေးဇူးကြီးမှုတွေကို သိတတ်ပြီး လိမ္မာကြပါလို့ ပြောပြချင်ပါတယ်။

ဒါကြောင့် အမျိုးသမီးတွေက အလုပ်အတွက်ဘဲ ဖြစ်ဖြစ် မိမိဘဝအတွက်ဘဲ ဖြစ်ဖြစ် ဖိအားတွေ ဖြစ်နေခဲ့ရင် သင်တို့ရဲ့ ဖြစ်ပေါ်လာတဲ့ စိတ်ဖိအားကြီးကို ဖြေလျော့နိုင်ဖို့အတွက် အသင့် ပြင်ဆင်ထားတဲ့ အခန်းလေးတစ်ခန်းမှာ လွတ်လပ်ပေါ့ပါးစွာ အနားယူ ဖြေလျော့ကြပါလို့ အကြံပြုလိုက်ပါတယ်။





Credit : http://goo.gl/2T0sjj
LILY- Yangon Life
Credit : http://www.searchmyanmar.com/click#content-49450
7day daily

No comments:

Subscribe

လာလည်သူများ

free counters