♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 7, 2015

"၂၄နှစ် ပြည့်ပြီးသော မိန်းကလေးများ အတွက် "




(၁) ဒီလောကမှာမိဘတွေပဲကိုယ့်အပေါ်ထာဝရကောင်းတယ်
ဆိုတဲ့အမှန်တရားကိုယုံကြည်ထားရမယ်။

သင်၂၄ နှစ်ပြည့်ပြီ။
ငယ်ရွယ်ချိန်မှာမိဘတွေအပေါ်ဆန့်ကျင်ပုန်ကန်ခဲ့၊
သူတို့စိတ်ပူအောင်လုပ်ခဲ့တာကို မှတ်မိသေးလား။
သင် ၂၄နှစ်ပြည့်ပြီ။ မိဘတွေရဲ့အသက်လည်း
ရာစုနှစ်တစ်ဝက်ကျော်တော့မယ်။သူတို့အပေါ်

ကောင်းကောင်းဆက်ဆံဖို့အချိန်သိပ်မကျန်တော့ပါဘူး။
ဆုံးရှုံးသွားမှမိုက်မဲဆိုးသွမ်းခဲ့ပါတယ်၊ကျေးဇူးမဆပ်
လိုက်ရဘူးလို့ နောင်တမရပါနဲ့။
 
(၂) အိမ်ထောင်ပြုတဲ့အသက်အရွယ်ရောက်ပြီ
ဆိုပေမယ့်လောစရာမလိုပါဘူး။

သင့်မှာချစ်သူရှိကောင်းရှိလိမ့်မယ်။
သင်နဲ့သင်ချစ်သူတို့တစ်သက်လုံးချစ်ကြမယ်လို့
ကတိသစ္စာဆိုချင်ဆိုထားကြမယ်။သင်အခုမှ
၂၄နှစ်ပြည့်တာပါ။တစ်သက်ဆိုတာဘယ်လောက်
ရှည်ကြာမယ်မှန်းသင်မသိနိုင်ပါဘူး။ဘဝဆိုတာ
ဖြတ်သန်းပြီးမှဖြစ်လာတာပါ။စိတ်ကူးယဉ်ပြီးမှ
ဖြစ်လာတာ မဟုတ်ပါဘူး။အိမ်ထောင်ပြုတယ်
ဆိုတာလူနှစ်ယောက်တည်းရဲ့ကိစ္စမဟုတ်ပါဘူး။
မိသားစုနှစ်စုရဲ့ကိစ္စပါ။တစ်သက်မှာတစ်ခါဆိုတဲ့
ယုံကြည်မှုကိုလက်ကိုင်ထားပြီးအဲဒီတစ်ခါကို
အသင့်တော်ဆုံးလူအတွက်ထားပါ။
လောစရာမလိုပါဘူး။
 

(၃) ကလေးမဆန်၊မရူးမိုက်နဲ့တော့
သင်၂၄နှစ်ပြည့်ပြီ။တခြားလူအတွက်
ဟာသဖြစ်စေမယ့်ရူးရူးမိုက်မိုက်အလုပ်
တွေမလုပ်နဲ့တော့။ညဘက်အိမ်မကပ်တာ၊
လမ်းပေါ်မှာအော်ကြီးဟစ်ကျယ်ရန်ဖြစ်တာ၊
ကိုယ့်အသက်နဲ့ခြိမ်းခြောက်တာ၊ဘာမဟုတ်တဲ့
ကိစ္စနဲ့အော်ဟစ်ငိုယိုတာ၊ဒါတွေကအသက်၂၄နှစ်
မပြည့်ခင်ရူးမိုက်ခဲ့၊တွေ့ကြုံခဲ့ပြီးတဲ့အရာတွေပါ။
အခုအသက်၂၄နှစ်ပြည့်တော့ရင့်ကျက်နားလည်မှု
တွေရှိသင့်ပါပြီ။ မိန်းကလေးဆိုတာဂုဏ်ရှိရှိနဲ့
ဝင့်ကြွားစွာရှင်သန်နေသင့်တယ်။သူတစ်ပါး
အချစ်ကိုရဖို့ကိုယ့်ကိုယ်ကိုသိမ်ငယ်နိမ့်ချ
နေစရာမလိုပါဘူး။
 

(၄) အထီးကျန်အဖော်မဲ့လို့ရည်းစားထားတာမျိုးမဖြစ်စေနဲ့။
သင်၂၄နှစ်ပြည့်ပြီ။ကိုယ့်ဘဝကိုကိုယ်တာဝန်
ယူတတ်ဖို့သင်ယူရပါမယ်။
 

(၅) ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို
တခြားသူဆီကနေလက်ဆောင်ရဖို့မမျှော်လင့်ပါနဲ့။

သင်၂၄နှစ်ပြည့်ပြီ။အရင်တုန်းကမြူတူတူ
ဆော့ကစားခဲ့သလိုမျိုး အီစီကလီဆိုတာ
မရှိသင့်တော့ဘူး။ကိုယ်ကြိုက်နှစ်သက်တဲ့
အရာကိုတခြားသူဝယ်ပေးတာမျိုး၊တခြားသူ
ဆီကနေလက်ဆောင်ရဖို့ မျှော်လင့်တာမျိုး
မရှိသင့်တော့ဘူး။ကိုယ့်အားကိုယ်ကိုးသင့်ပါပြီ။
ဝင်ငွေမှာလည်းကိုယ့်အားကိုယ်ကိုးတဲ့အခြေခံ
ရှိသင့်ပါပြီ။
 

(၆) တကယ်လို့ယောက်ျားတစ်ယောက်ကသင်နဲ့သူ
မတူမတန်ဘူးလို့ပြောလာခဲ့ရင်သူ့စကားကိုယုံကြည်လိုက်ပါ။

သင်နဲ့ မလိုက်ဖက်ဘူး၊ မတူမတန်ဘူးလို့
ကိုယ့်ကိုယ်ကိုပြောလာတဲ့ယောက်ျားက
သင်နဲ့တစ်သက်လုံးလည်းလိုက်ဖက်မှာ
မဟုတ်ပါဘူး။အားထားထိုက်မှာမဟုတ်ပါဘူး။
တန်ဖိုးထားတယ်ဆိုတာ ခွန်အားနဲ့မဆိုင်ပါဘူး။
ငွေကြေးနဲ့မဆိုင်ပါဘူး။
 

(၇) ပြတ်သားတဲ့ရည်မှန်းချက်နဲ့
အဲဒီရည်မှန်းချက်အတွက်ကြိုးစားပါ။

သင်၂၄နှစ်ပြည့်ပြီ။နိုင်ငံခြားထွက်ကျောင်းဆက်တက်မလား၊
အလုပ်ရှာမလား၊ တစ်ခုခု သင်ယူမလား။ သင် ၂၄နှစ်ပြည့်ပြီ။
လူမှုကွန်ယက်ထဲသင်ခြေဝင်ဆန့်ဖို့ နီးလာပါပြီ။
အဲဒီအတွက် သင်အဆင်သင့်ဖြစ်နေပြီလား။
 

(၈) လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အရာကို
ဖြစ်အောင်လုပ်ပါ။

တစ်ခါတလေကိုယ့်ကိုယ်ကို စည်းကမ်းတင်းကျပ်သင့်တယ်။
ဆုံးဖြတ်ချက် ခိုင်မာသင့်တယ်။ကိုယ့်ကိုယ်ကို
သနားနေရင်၊ပျော့ညံ့နေရင်ဘာမှဖြစ်လိမ့်မှာမဟုတ်ဘူး။
သင် ၂၄နှစ်ပြည့်ပြီ။လက်တွေ့ဘဝကို
ရင်ဆိုင်တတ်ရပါတော့မယ်။ရှောင်လွဲတာမျိုး၊
စိတ်ကူးယဉ်တာမျိုး မရှိသင့်တော့ပါဘူး။
 

(၉) နာကျင်ထိခိုက်စေခဲ့သူကိုကျေးဇူးတင်ပါ။
အသက်၂၄နှစ်ပြည့်တဲ့နေ့မှာသင့်ကိုနာကျင်
ထိခိုက်စေခဲ့သူကိုလက်ပြနှုတ်ဆက်ပါ။
သူတို့ကိုကျေးဇူးတင်ပါ။သင်ကြီးပြင်းလာခဲ့ပါပြီ။
ထိခိုက်နာကျင်မှုတချို့ကိုတည့်တည့်ရင်ဆိုင်ရပါလိမ့်မယ်။
တချို့ထိခိုက်နာကျင်မှုတွေကသင့်ကို
ကောင်းတဲ့သင်ခန်းစာတွေ ပေးပါလိမ့်မယ်။
 

(၁ဝ) လှည့်ထွက်တာက
မျက်ရည်ကျတာထက်မြန်ရမယ်။

သင်၂၄နှစ်ပြည့်ပြီ။ဘယ်သူကမှသင့်ကိုကလေးလို
သဘောထားတော့မှာမဟုတ်ဘူး။ကိုယ့်အမှားကို
ကိုယ်တိုင်တာဝန်ယူတတ်ရပါတော့မယ်။သင် ၂၄နှစ်ပြည့်ပြီ။
နာကျင်ဝမ်းနည်းမှုတွေ၊အခက်အခဲတွေကို
ခံနိုင်ရည်ရှိဖို့ သင်ကြိုးစားရပါမယ်။
ဒါတွေဟာဖြစ်ပြီးရင်ပျက်သွားမယ်အရာတွေပါ။
ငါသတ္တိရှိရှိလုပ်နိုင်တယ်လို့ကိုယ့်ကိုယ်ကို
အမြဲအားပေးပါ။တခြားသူရဲ့ရှေ့မှာဘယ်တော့မှ
မျက်ရည်မကျစေပါနဲ့။သင့်မျက်ရည်ကိုသူတို့မြင်ဖန်များရင်
သင်ဟာပျော့ညံ့သူဆိုတာသူတို့အလိုလိုသိသွားပါလိမ့်မယ်။
 

ကိုဂျိုး



 သုတ အချစ် ဘ၀ စာတိုပေစ

Credit : https://www.facebook.com/363772307102084/photos/a.366956006783714.1073741828.363772307102084/670764713069507/?type=1&theater

No comments:

Subscribe

လာလည်သူများ

free counters