♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 8, 2015

"အရေးမပေးသင့်သော မိန်းမများ ..အရေးမပေးသင့်သော ယောက်ျားများ..."




တနာသုံးပါးအလေးမထား ပေါ့ပျက်ပျက်နေတက်သောမိန်းမ....
တနာသုံးပါးအလေးမထား ပေါ့ပျက်ပျက်နေတက်သောယောက်ျား..

အင်္ကျီလယ်ဟိုက်sexyကြိုက် ယောက်ျားများရှေ့ ကုန်းကုန်းကွကွလုပ်တက်သောမိန်းမ....

အင်္ကျီရင်ဘတ်ကျယ်သီးဖွင့်ကာ ဘောလေးသည့်ပုံစံနှင့်(ဟီး)...အမျိုးသမီးများရှေ့ ကုန်းကုန်းကွ
ကွလုပ်တတ်သောယောက်ျား....


ဘောင်းဘီချက်ပျုတ်စတိုင်ထုတ် ဖင်မှီးကုတ်ရိုးပေါ်အောင်ဝတ်ထားသောမိန်းမ.....
ဘောင်းဘီချက်ပျုတ်စတိုင်ထုတ် ဖင်မှီးကုတ်ရိုးပေါ်အောင်ဝတ်ပြီး ဘောင်းဘီဇစ် ဟထားသော 
ယောက်ျား....

အင်္ကျီပါးပါး တမင်ဝတ်ထား အတွင်းသားတွေကိုပြချင်သောမိန်းမ....
အင်္ကျီပါးပါးကျပ်ကျပ် တမင်ဝတ်ထားကာ မရှိသည့်ဗလကို တညှစ်ညှစ် လှစ်ဟပြချင်သော
ယောက်ျား......

စကတ်တိုလက်တအုပ် အရှက်ထုတ်ကို မလုံ့ တလုံပေါ်အောင် ဝတ်တတ်သောမိန်းမ....
ဘောင်းဘီတိုခပ်ပွပွကိုဝတ် လမ်းလျှောက်လျှင် ဝှေးတထောင်ထောင်နှင့် အရှက်ဒုတ်ကို မလုံ့ တလုံပေါ်အောင် ဝတ်တတ်သော ယောက်ျား.....(ဟီး)..

ခေတ်ကိုတင်စား ရင်သားနဲ့ တင်ပါးမှာတက်တူးထိုးထားသောမိန်းမ....
 ခေတ်ကိုတင်စား နို့သီးနဲ့ ချက်မှာ သံကွင်းတပ်ထားသော ယောက်ျား...

နောက်ကြောပြောင်ချော အမှောင်တောမှာ ကချင်လှုပ်ချင်တဲ့မိန်းမ....
ကွမ်းသွေးတပေပေ ချိုင်းချွေးနံ့ ဆိုးရွား...ဘောက်ဖတ်တထူထူ ပေါင်ချန် တကုတ်ကုတ်နှင့် တွဲကချင်တဲ့ယောက်ျား....

ဘောင်းဘီအသားကတ် အနေမတက် ခြေထောက်ကိုကားထိုင်သောမိန်းမ....

ဘောင်းဘီဖင်ကြပ် ဝှေးညှပ်လို့ အနေမတတ် ခြေထောက်ကိုကားထိုင်သော ယောက်ျား....
 
ယောက်ျားတွေမြင် အကွက်ဆင် ချွဲပျစ်ပျစ်ပြောတက်သောမိန်းမ....

မိန်းမတွေမြင် အကွက်ဆင် လေလုံးထွား...ဆိုလုံးကြွား..ရိသဲ့သဲ့တကျူကျူ   အမူအရာပို ဖုန်းခနခနကြည့်တတ်သော သောယောက်ျား....
 
မျက်နှာတစ်ပြင်လုံးရှဲဒိုးသုံး မြင်မကောင်းအောင် မျက်တောင်တုတွေတက်ထားသောမိန်းမ....

နှုတ်ခမ်းမွေးနုတ် မွေးကျွတ်နာတသီ ဝက်ခြံညှစ်ရာ တမဲမဲ နှင့် နှာခေါင်း တဝိုက်အဆီတပျံပျံနှင့် ယောက်ျား..
 
သွားမှာစိန်မြှုပ် ရယ်စရာမဟုတ် ရယ်စရာလုပ်ဤ တဖြဲဖြဲရယ်ပြနေသောမိန်းမ....

သွားမှာစိန်မြှုပ် ရယ်စရာမဟုတ် ရယ်စရာလုပ်ဤ တဖြဲဖြဲရယ်ပြနေသော ယောက်ျား ....
 
လူစုံလျင်ဂျင်းသုပ် သုပ် အတင်း တလှုပ်လှုပ်ပြောတက်သောမိန်းမ....

လူစုံလျင် ပုလင်းထုတ် အတို့အမြုပ်နှင့် ဝိုင်းကြ အာလေးလျှာလေးနှင့် မမူးပဲ မူးဟန်ပြသော ယောက်ျား..
 
အလုပ်နားရက်ထမင်းမချက် အပျင်းထူပြီး တစ်နေကုန်အိပ်သောမိန်းမ....

အလုပ်နားရက် ခြံမရှင်း မိန်းမကိုမကူပဲ အပျင်းထူပြီး တစ်နေကုန်အိပ်သော ယောက်ျား...
 
ဝင်ငွေရရေးလက်မနှေး ဦးနှောက်မရှိတိုင်း ဗေဒင်မေး ချဲထိုးသောမိန်းမ....

ဝင်ငွေရရေးလက်မနှေး ဦးနှောက်မရှိတိုင်း ချဲထိုး..ဖဲရိုက်..အလောင်းအစားလုပ်တတ်သော ယောက်ျား...
 
လမ်းသွားလျင်မျက်စိရွှင် စမတ်ကျသောယောက်ျားတိုင်းကို ပြုံးပြသောမိန်းမ.....

လမ်းသွားလျင်မျက်စိရွှင် အိုးကောင်း ရင်ပြည့် ပေါင်ပေါ်အောင်ဝတ်လင်မြူသော မိန်းမကို မျက်စိပြုတ်လုမတတ် ကြည့်သော ယောက်ျား.....
 
အပြောပက်စက် လက်ကသွက် တို့  ဆိတ် လိမ်ဆွဲဤ ပြောတက်သောမိန်းမ...

အပြောကြမ်းကြမ်း လက်သရမ်းလို့ ဟိုတို့..ဒီနှိုက် ပွတ်တိုက်ပွတ်သီ သွားတဖြီဖြီနှင့် ယောက်ျား...
 
အချစ်ကိုရောင်းပိုက်ဆံတောင်း လိုချင်တာကိုချူယူတက်သောမိန်းမ....

အချစ်ကိုရောင်းပိုက်ဆံတောင်း လိုချင်တာကိုချူယူတက်သော ယောက်ျား...
 
အိမ်မှာကြွက်သိုက် အပြင်မှာ ခက်မိုက်မိုက်ဝတ်တက်သောမိန်းမ....

အိမ်မှာ ညစ်ညမ်း အပြင်မှာ ခပ်လန်းလန်း ဝတ်တတ်သော ယောက်ျား....
 
အတုနဲ့ အစစ်ရောလို့ ဝတ် လူမြင်တိုင်းအမိအရကြွားတက်သောမိန်းမ...

အတုနဲ့ အစစ်ရောလို့ ဝတ် လူမြင်တိုင်း မသိမသာ အရိပ်တမြွက်မြွက်နှင့် ကြွားတတ်သော ယောက်ျား....
 
ပြည်ပမှာစာသင် ငါသာသခင်ဟု ပညာဂုဏ်မောက်နေသောမိန်းမ....

ပြည်ပမှာစာသင် ငါသာသခင် ငါသာဆြာဂြီးဟု ပညာဂုဏ်မောက်ကာ စာသံလေသံ တပါပါနှင့် စကားပြောသော
ယောက်ျား....
 
နိုင်ငံခြားပြန် အခွံသာကျန် အပျိုရည်ပျက်နေသောမိန်းမ...

နိုင်ငံခြားပြန် အခွံသာကျန် မိန်းမပေါင်းစုံနှင့် ကျင်လည်ဖူးကာ ကိုလူရိုးလေး လုပ်နေသော ယောက်ျားပြို....(ပျို မဟုတ်)..
 
ရည်းစားရှိလည်း နံ့ ကြောဆွဲ သာတာမြင်ရင် မျက်စောင်းထိုးတက်သောမိန်းမ

ရည်းစားရှိလည်း နံ့ ကြောဆွဲ သာတာမြင်ရင် ခိုးခိုးကြည့်ကာ နှာခေါင်းချွေးပျံသော ယောကျာ်း..
 
ရင်ဖုံးအင်္ကျီချိတ်လုံချည်နဲ့ ဘုရားကအပြန် ကာအမှန်တွေနဲ့ ပါ ပါသွားတဲ့မိန်းမ...

စိပ်ပုတီး လည်မှာဆွဲ ဘုရားကအပြန် မာဆတ်ထံ တန်းဝင်သော ယောက်ျား....

အရှက်ကနဲ ရက်ကွက်ထဲ လူတကာအော့ကြောလန်အောင် နှုတ်ကြမ်းသောမိန်းမ...

အရှက်ကနဲ ရက်ကွက်ထဲ ပုဆိုးမနိုင် ဘောင်းဘီ အောက်တလျှောလျှောနှင့် လူတကာ အော့ကြောလန်အောင် 
မူးသံပါပါနှင့် အော်ဆဲတတ်သော ယောက်ျား.....
 
ကိုယ့်ထက်သာလျင်အပြစ်မြင် မနာလိုစိတ်ထားရှိသောမိန်းမ....

ကိုယ့်ထက်သာလျင်အပြစ်မြင် မနာလိုစိတ်ထားရှိကာ လူမကြားအောင် ဆဲဆိုတတ်သော ယောက်ျား..
 
Rapperဆိုရင်အသေကြိုက် အဖေရိုက်လည်းရိုက်ပစေဆိုတဲ့ ဆက်စလူးစိန်မိန်းမ....

Rapperဆိုရင်အသေကြိုက် အမေရိုက်လည်းရိုက်ပစေဆိုတဲ့ အဖေကန်လဲ ကန်ပါစေ ဆိုတဲ့ လက်ကြောမတင်း စီးပွားမရှာ မိဘလုပ်စာ ထိုင်ဗြုန်းနေသော ယောက်ျား.....
 
အလုပ်ပြီးလျင် net ဆိုင်ဝင် လူတကာနဲ့ အရသာခံကြူတက်သောမိန်းမ....

အလုပ်ပြီးလျင် net ဆိုင်ဝင် မမတွေနဲ့ အရသာခံကြူတက်သော ယောက်ျား...
 
အဖော်နောက်လိုက် အပျော်ကြိုက် လမ်းသလားသောမိန်းမ.....

အဖော်နောက်လိုက် အပျော်ကြိုက် လမ်းသလား မိန်းမပွေ အမြင်ကတ်ဖို့ကောင်းတဲ့ ယောက်ျား
 
ကိုးရီးယားဆိုအထင်ကြီး ငရုပ်သီးစက်တာကိုတောင် အူပါး လို့ အော်တက်တဲ့မိန်းမ....

အိပ်မက် ယောင်တာကိုတောင် ၈၃၄ ..ညာလေး...၈၄..ဆို အော်တတ်တဲ့ ယောကျာ်း....
 
ညအိပ်ရာဝင်ရေမချိုးချင် ညစ်ပတ်နံစော်နေသောမိန်းမ........

ညအိပ်ရာဝင်ရင် သွားမတိုက် ကိုယ်လက်မဆေးပဲ ဆေးလိပ်နံ့ တဟောင်ဟောင်နှင့် အိပ်တတ်သော ယောက်ျား.


Credit : ဖိုးသူတော် http://www.phothutaw.com/2015/05/blog-post_30.html
Credit : ဆူးနှင်းဆီ    

(တချို့ အမျိုးသမီးများကို ဦးတည်ကာ ရေးသားထားခြင်းက တဖက်သတ်ဆန်တဲ့ အတွက် တချို့ အမျိုးသားများ အကြောင်း
ကိုလဲ ဖြည့်ဆွက်ပေးလိုက်ရပါတယ်...ပျော်စေ ရွှင်စေ သဘောပါ...မည်သူကိုမှ မရည်ညွှန်းပါ...အမျိုးသား အမျိုးသမီးများ
နားလည် ခွင့်လွှတ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...အားလုံးကို ကျေးဇူးပါ...)

No comments:

Subscribe

လာလည်သူများ

free counters