♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 19, 2015

" မင်းဟာ သူမရဲ့ အဓိကကျဆုံး ချစ်သူ ဟုတ်မဟုတ် သိနိုင်မယ့်အချက်များ"

 
အမျိုးသားတွေအတွက် ချစ်သူချင်း ပိုမိုအဆင်ပြေစေဖို့နဲ့ ကိုယ့်ချစ်သူကိုယ့်ကို တကယ်ချစ်မချစ် သိသာစေမယ့် ဆက်ဆံရေး အကြံဥာဏ်လေးတွေဖြစ်ပါတယ်။ သင်ဟာ သူမရဲ့ အဓိက အခရာကျသော ချစ်သူတစ်ဦး ဟုတ်မဟုတ် သိရှိစေမယ့် အချက် (၅) ချက်ဖြစ်ပါတယ်။
(၁) ဖုန်းပြန်လည်ခေါ်ဆိုမှုတွေ သိပ်မလုပ်ခြင်း
ကောင်မလေးတစ်ယောက်က မင်းကို စိတ်ဝင်စားနေပြီဆိုရင် သုံးကြိမ် ဖုန်းခေါ်ရင် အနည်းဆုံး သူ ၁ ကြိမ်လောက်တော့ ပြန်ခေါ်ပါလိမ့်မယ်။ သူ့ဆီက ရက်သတ္တပတ်နဲ့ချီ သို့မဟုတ် လနဲ့ချီကြာလို့ ဘာအသံမှ မကြာရရင် ဒါ မင်းကို စိတ်မ၀င်စားလို့ပါ၊ အရေးကြီးတဲ့လူစာရင်းထဲ ထည့်မထားလို့ပါ။

(၂) အချိန်ကျရောက်ခါနီးတိုင်း အစီစဉ်တွေ ပယ်ဖျက်တတ်
အစီအစဉ်တွေကို ယုတ်တိရှိရှိ အကြောင်းပြချက်တွေနဲ့ ပယ်ချတာတော့ တရားပါတယ်။ ဒါပေမယ့် သူမ မကြာခဏ လိမ်လည်ပြီး မင်းနဲ့ အချိန်သိပ်ပေးချင်တော့ဘူးဆိုရင် ဒါ မင်းကို သူမ မလေးမစားလုပ်ရာရောက်ပြီး မင်းထက် ပိုသာတဲ့ လူတစ်ယောက် သူမ တွေ့ထားလို့ပါပဲ။

(၃) အနားမခွာ နေရင် ကျီစယ်နောက်ပြောင်လာခြင်း
သူအနားတစ်ချက်မခွာ ကပ်နေတယ်ဆိုပြီး စနောက်လာတတ်ပါတယ်။

(၄) ကံထူးတဲ့ မိန်းကလေးတွေရဲ့ ချစ်သူရည်းစားတွေ ဘယ်လိုဆိုတာပြောပြနေတတ်
ယောက်ျားတစ်ယောက်မှာ ရှိစေချင်တဲ့ အရည်အချင်းအားလုံး မင်းမှာ ရှိပေမယ့် တချို့သောအကြောင်းရာတွေကြောင့် ငါ မနှစ်မြို့တာတွေရှိတယ် ဆိုတဲ့အစကားမျိုး ကြားနေကျဖြစ်ပါတယ်။

(၅) အတူရှိနေစဉ် တခြား ယောက်ျားတွေအကြောင်း ပြောဆိုတတ်
သူမ သဘောကျတဲ့ အမျိုးသားတွေနဲ့ ပတ်သက်လို့ မင်းကို အကြံဥာဏ်တောင်းလာမယ်။ သူတို့နဲ့ အဆင်မပြေဖြစ်တာတွေ အမြဲပြောနေမှာဖြစ်တယ်။ မင်း စိတ်ဝင်စား သဘောကျတဲ့ အမျိုးသမီးတစ်ယောက် က ပွင့်ပွင့်လင်းလင်းစကားပြောဆိုတဲ့ အနေအထားထိ ဖြစ်လာတဲ့အခါ မင်းဟာ သူမအတွက်ဖြစ်နိုင်ချေရှိတဲ့ ချစ်သူလို့ သူမ မမြင်တော့တာဖြစ်တယ်။ မင်းက မိတ်ဆွေ၊ သူငယ်ချင်းအကန့်မှာပဲ ရှိပါတယ်။

 


Credit : trend.com.mm

No comments:

Subscribe

လာလည်သူများ

free counters