♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 19, 2015

" Pancake လုပ်ပြုနည်း "


 
Pancake  ပြုလုပ်နည်းကတော့ လွယ်ပါသည်။ အပျင်းပြေလုပ်စားနိုင်သလို မနက်စာ အဖြစ်လည်း စားသုံး
နိုင်ပါတယ်။
ပါဝင်သေးပစ္စည်းများမှာ၊
၁။ ဂျုံမှုန့်    (နို့ဆီဗူး တစ်လုံး)
၂။ ပြောင်းဖူးမူန့် အနု  (နို့ဆီဗူး တစ်ဝက်)

၃။ ကြက်ဥ ( တစ်လုံး)
၎။ နွားနို့   (နို့ဆီဗူး နှစ်ဗူး ခွဲ) လိုလျင် ပို/လျော့ နိုင်သည်။

၅။ သကြား  (လက်ဘက်ရည်ဇွန်း ငါးဇွန်း (သို့)  စိတ်ကြိုက်မြည်းပြီး ထည့်ပါ)
၆။ ဆော်ဒါ ( လက်ဘက်ရည်ဇွန်း တစ်ဇွန်း)
၇။ ဆား အနည်းငယ်မျှသာ
  

 ပြုလုပ်နည်း

 

ဂျုံမူန့်ကို့ နွားနို့နှင့် ခပ်ပျစ်ပျစ်လေးဖျော်ပါ၊ ကြက်ဥကို ဖောက်ထည့်ပြီးမွှေပါ။ သကြား၊ ဆား၊ ဆော်ဒါမှုန့်များကို
လည်းထည်ပြီး သေချာ ခလောက်ပါ။ မွှေပြီးနောက် အဖုံးအုပ်ထားပြီး မိနစ်နှစ်ဆယ်လောက် ထားထားပါ။
ထို့နောက် မကပ်သော ဒယ်ပြား (non-stisk pan) ကို မီးဖိုပေါ်တင်ပြီး မီးအေးအေးနှင့်အပူ ပေးပါ။ ပူလာလျင်
ထောပတ်အနည်ငယ်ထည့်ပြီး နှံ့စပ်အောင်လုပ်ပါ။ ထို့နောက် မုန့်နှစ်ကို နည်းနည်းလေးခပ်ပြီး ဖြန့်လိုက်ပါ၊ အပေါ်မှာ အဖုံးအုပ်ထားပြီး မျက်ခြေမပြတ်ကြည့်နေပါ၊ မီးကိုလည်း အနေတော်ထားပါ။ တူးတတ်လွန်းလို့ပါ။  မုန့်တင်းလာတဲ့အခါ တဖက်ကိုလှန်လိုက်ပါ၊ ခေတ္တထားပြီး အောက်ကိုချနိုင်ပါပြီ။ သကြားဖြူးစားလည်းရသလို 
ပျားရည်၊ ချောကလက်အရည်၊ အချိုစေးတို့ကိုလည်း ဖြူးစားနိုင်ပါတယ်။ ဘာမှမဖြူးပဲလည်း စားနိုင်ပါတယ်။ 


Image result for pancake making

 

(( ရောရောသမမွှေ))  အချက်အပြုတ် ကဏ္ဍ

No comments:

Subscribe

လာလည်သူများ

free counters