♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 20, 2015

ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက် ကူးတို့ဆိပ်အနီးတွင် ပင်လယ်ရေ၀က်( sea cow ပင်လယ် နွားဖျံ) တစ်ကောင်တွေ့ရှိ




ဓါတ်ပုံ - facebook
ရွှေသောင်ယံ ဇွန် ၁၉

ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက် ကူးတို့ဆိပ်အနီး ချောင်းစပ်တွင် ပိဿာချိန် ၁၂ဝ ခန့်ရှိသော ပင်လယ်ရေဝက်တစ်ကောင် ကပ်ပါလာကြောင်း သိရသည်။

အဆိုပါ ရေဝက်သည် ဇွန် ၁၈ ရက် နံနက် ၈ နာရီခန့်က ကူးတို့အနီးသို့မျောပါလာပြီး ၄င်းသည် အလျား ၁ဝပေ ငါးလက်မ၊ လုံးပတ်ခုနစ်ပေလေးလက်မ၊ ရေယက်တစ်ပေ နှစ်လက်မ၊ အမြီးအကျယ် သုံးပေ၊ အရှည် နှစ်ပေ တစ်လက်မရှိပြီး ရေဝက်အမဖြစ်ကြောင်း မြို့နယ်ရေလုပ်ငန်းဦးစီးဌာန က လာရောက်တိုင်းထွာစစ်ဆေးချက် အရ သိရသည်။

ကိုကိုမောင် (iprd)
Myanmaalinn

No comments:

Subscribe

လာလည်သူများ

free counters