♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 20, 2015

" သံယောဇဉ် ဆိုတဲ့ သရဲ ဇာတ်လမ်းလေး"

 
အလုပ်ကအပြန် ရွာချလိုက်တဲ့ မိုးကြောင့် ဖွေးတော်တော် စိတ်ကသိကအောက်ဖြစ်ခဲ့ရတယ် မနက်က လောလောနဲ့မို့ ထီးယူလာခဲ့ဖို့လဲ မေ့သွားခဲ့တယ် ဒါနဲ့ ဘတ်စ်ကားမှတ်တိုင်ကို အပြေးလေး လှမ်းသွားမိတယ် ရုတ်တရက် မိုးတိတ်သွားသလို ခံစားမိတော့ အပေါ်မော့်ကြည့်လိုက်တော့ ထီးမိုးပေးထားတဲ့ လူတယောက်ကို တွေ့လိုက်ရတယ်
” မိုးရွာနေတယ် ထီးမပါလာဘူးလား ” လို့ မြန်မာလို ပီသစွာ မေးလာတဲ့ သူ့ကို
” ဟင် ရှင်က မြန်မာလား ကျွန်မကိုမြန်မာမှန်းသိတယ်လား ဟုတ်ကဲ့ မနက်က လောလော နဲ့မို့

ထီးယူဖို့မေ့သွားလို့ “” နောက်ကို ထီးဆောင်ထားပေါ့ ဒီနိုင်ငံမှာ ရာသီဥတုက အစိုးမရဘူး Mcdonal မှာ လုပ်တာနဲ့တူတယ်နော် ” လို့ ကျွန်မအင်္ကျီကိုကြည့်ပြီး သူပြောတော့
” ဟုတ်ကဲ့ ” လို့ ပြန်ဖြေလိုက်မိတယ် တော်ပါသေးရဲ့ သူ ထီးမိုးပေးလို့ သိပ်မစိုလိုက်ဘူး
” part time job လား ” လို့ မေးလာ တဲ့ သူ့ကို
” ဟုတ်ကဲ့ ကျောင်းအားတဲ့ အချိန် အခန်းခလေး ကြေအောင် လုပ်တာပါ သိပ်အများကြီးလဲ အလုပ်မလုပ်နိုင်ပါဘူး စာကျက်ရသေးလို့ ”
” ကျွန်တော့်နံမည် ဇော်ရဲထွတ် လို့ခေါ်ပါတယ် ”
” ဟုတ် ကျွန်မနံမည်ကတော့ ဖွေးသန့်စင် ပါ ဖွေးလို့ ခေါ်လို့ရပါတယ် ကျေးဇူးးးနော် ဘတ်စ်ကားလာနေလို့ သွားတော့မယ် ”
” ထီးယူသွားပါလား ” လို့ ပြောတဲ့သူ့ကို
” နေပါရပါတယ် အဆောင်နဲ့ ကားဂိတ်နဲ့က နီးပါတယ် ” လို့ ဖွေး ညာပြောလိုက်မိတယ် ဟုတ်တယ်လေ ဘယ်ကမှန်းမသိတဲ့ လူ တယောက် မြန်မာမှန်းတော့ သိပေမယ့် ဒီလောက်ကူညီတာပဲ ကျေးဇူးတင်တယ်လေ
ည ၁၀ မိုးက ပိုသည်းလေပဲ စိတ်ညစ်ပါတယ် ဒီလိုဆို ဖွေး မိုးမိဦးမှာပေါ့လို့ တွေးရင်း သက်ပြင်းချမိတယ် ကားဂိတ်ရောက်တော့ မိုးကမတိတ်သေးဘူး ဒါနဲ့ အပြေးတပိုင်း အဆောင်ကို ပြန်လာခဲ့ပေမယ့် ကားဂိတ်နဲ့ အဆောင်က တော်တော်လေး လှမ်းတော့ မိုးက စိုတော့တာပေါ့ အဆောင်ရောက်တော့ ရေချိုးခေါင်းလျှော် ပြီးတော့ ပါရာစီတမောကို ကော်ဖီပူပူလေး နဲ့ သောက်ပြီး အိပ်လိုက်တယ်

ည ရောက်တော့ အဖျားတက်လာတယ် အိမ်မက်လိုလို ဘာလိုလိုနဲ့ ကားဂိတ်မှာ တွေ့တဲ့ သူ ဖွေးအခန်းထဲဝင်လာတယ် ကုတင်ဘေးနားမှာ ထိုင်ပြီးတော့
” ပြောသားပဲ ထီးယူသွားပါဆို ဘာလို့ အားနာနေတာလဲ ” လို့ နူးညံ့စွာ မေးလာတယ် ဖွေးဘာစကားမှ ပြန်မပြောနိုင်ခင်ပဲ ဖွေးလက်ကလေးကို ဆုပ်ကိုင်ပြီး
” နေကောင်းသွားမှာပါ နားလိုက်နော် ” ဆိုပြီး အခန်းထဲကနေ ထွက်သွားတယ် မနက်ရောက်တော့ အိမ်မက်လေးကို မှတ်မိနေတယ် ဘာလို့ အခုမှတွေ့တဲ့ သူ့ကို အိမ်မက်ထဲ ထည့်မက်ရတာလဲ ဆိုတာ ဖွေးစဉ်းစားလို့မရဘူး စိတ်ထဲမှာ မတင်မကျကြီး တခုခုကို စိတ်တိုနေတယ် နေကတော့ ကောင်းသွားပါပြီ ဒါနဲ့ ကျောင်းကိုထွက်လာခဲ့လိုက်တယ် ဒီနေ့က မနက်ပိုင်းပဲ ကျောင်းရှိတာ ညပိုင်းအလုပ်ရှိတယ်

” နေကောင်းသွားပြီလား ” လို့ မေးလာတဲ့ သူ့ကို ဖွေး ရုတ်တရက် အံ့သြစွာ ကြည့်မိတယ် သူက
” မိုးမိလို့ နေမကောင်းဖြစ်မယ်ထင်လို့ပါ ” ဆိုတော့
” ဟုတ် ကောင်းသွားပါပြီ ဒါနဲ့ ရှင်က ဘယ်မှာအလုပ်လုပ်တာလဲ ” ဆိုတော့
” ဘဏ်မှာလေ Lloyds ဘဏ်မှာ လုပ်တယ် ကိုယ်က Accounting နဲ့ပြီးထားတာဆိုတော့ ”
” အော် အင်း ကောင်းတာပေါ့ ဘယ်ကိုပြန်မှာလဲ ” လို့ စပ်စုမိတော့
” ကျွန်တော်က ဒီနားလေးတင်နေတာပါ ” တဲ့ ဘေးနားက အင်္ဂလိပ်က ဖွေးကို လှည့်ကြည့်တယ် အေးလေ မြန်မာလိုပြောနေတော့လဲ သူ မကြားဖူးလို့ လှည့်ကြည့်တာနေမှာ လို့ တွေးလိုက်မိတယ်
” ဟုတ်ကဲ့ ဖွေးသွားတော့မယ်နော် ကားလာနေပြီ ” ဆိုပြီး လက်ပြ နှုတ်ဆက်ကာ ထွက်လာခဲ့လိုက်တယ်

ဒီနေ့ တနေကုန်က အတန်းရှိတယ် ဒီနေ့ဆိုရင် အလုပ်မလုပ်ဘူးလေ ဒါနဲ့ ညနေ ၅ နာရီလောက် အဆောင်ပြန်ရောက် စားသောက်ပြီးတော့ အိမ်စာလေး ဘာလေး လုပ်ပြီး အိပ်ယာဝင်ခဲ့တယ် အိမ်မက်ထဲမှာ သူ့ကို တွေ့တယ် သူက
” ဒီနေ့ဘာလို့မလာတာလဲ ဗျာ ကျွန်တော် စောင့်နေတာ ”
” ဟင် ဒီနေ့ ကျောင်းရှိလို့လေ တနေကုန်ဆိုတော့ အလုပ်မလုပ်ဘူး ”
” ဟုတ်လား မသိဘူးလေ ” တဲ့ အဲလိုပြောပြီး သူ ထွက်သွားတယ်
မနက် အိပ်ယာလဲ နိုးတော့ ဖွေး စိတ်ထဲ သင်္ကာမကင်းဘူး ဇဝေဇဝါရယ် ဘာလို့ သူ့ကို အိမ်မက်မက်ပြန်ရတာလဲ ဖွေးကိုယ့်ကိုယ်ကို လုံးဝမကျေနပ်နိုင်ဘူး သူ ဘာလို့ အိမ်မက်ထဲ လာရတာလဲဆိုတဲ့ ပုစ္တာကို ဖွေး အဖြေရှာလို့မရဘူး ဖြစ်နေတယ်

အတန်းမရှိတဲ့ ဒီနေ့လိုမျိုးဆိုရင် ဖွေး မနက်ပိုင်း လုပ်တာများတယ် ညနေပိုင်းအထိပေါ့ အရင်ရက်တွေကလောက်တော့ နောက်မကျဘူးပေါ့ အလုပ်ပြီးတဲ့အချိန် ၅ နာရီလောက် ကားဂိတ်မှာ စောင့်ရင်း သူ့ကို စိတ်ထဲက မသိမသာ မျှော်ကြည့်မိတယ် သူ့ကို မတွေ့တာနဲ့ အင်းလေ သူအလုပ်မပြီးသေးလို့ နေမှာပေါ့ ဆိုပြီး တွေးဖြစ်ခဲ့တယ်
အိမ်မက်ထဲမှာ
” ဖွေး ကိုယ့်ကို စောင့်နေသေးလား ဟင် ကိုယ် မအားလို့ပါ ” လို့ပြောလာတဲ့ သူ့စကားကြောင့် ဖွေးကိုယ်ဖွေး ရှက်သွားခဲ့တယ် ဘာစကားမှပြန်မပြောနိုင်ခင်ပဲ အိပ်ယာကနေ နိုးလာခဲ့တယ် ဟင် ငါ အိမ်မက်မက်နေတာပဲ ဆိုတဲ့ အသိနဲ့ အတူ ဘာလို့ သူ့ကို မက်ပြန်ရတာလဲ ဆိုပြီး ကိုယ့်ကိုယ်ကို ဒေါသထွက်မိတယ်

ဒီလိုနဲ့ သူနဲ့ ခင်ခဲ့ကြတာ ကြာလာခဲ့ကြတယ် ဖွေးကိုယ်တိုင်လဲ သူ့ကို မသိမသာ သံယောဇဉ် ဖြစ်လို့နေခဲ့တယ် မှတ်တိုင်ရောက်ရင် မျက်လုံးက သူ့ကိုမသိမသာရှာနေမိခဲ့တယ် သူ့ကိုတွေ့ရင် ဖွေးပျော်တယ် မတွေ့ရတဲ့အချိန်တွေဆို ဖွေးစိတ်ထဲမှာ တမျိုးပဲ ဒါပေမယ့် ဖွေးသိတယ် ည ကျရင် သူ့ကို အိမ်မက်မက်မယ်ဆိုတာ ထင်တဲ့အတိုင်းပါပဲ သူနဲ့ မတွေ့ရတဲ့နေ့တွေဆိုရင် သူ ဖွေးအိမ်မက်ထဲကို လာတယ် စကားတွေပြောကြတယ် သူမအားတဲ့အကြောင်းပြောပြီး တောင်းပန်တယ် ဖွေးသူ့ကို ချစ်မိနေပြီလား ဖွေးကိုယ်တိုင် မသိတော့ဘူး သေချာတာကတော့ ဖွေး သူ့ကိုတွေ့ချင်နေမိတယ်

” ဆောင်းတွင်းရောက်လာပြီနော် ဖွေး ဂရိုစိုက်ဦး အေးတယ် သိလား ” လို့ ပြောလာတဲ့ သူ့ကို ဖွေးကြည့်မိတော့ သူက ပြုံးပြပြီးတော့
” ခင်ဗျားလေး နေမကောင်းဖြစ်ရင် ကျွန်တော့်ကို မတွေ့နိုင်မှာစိုးလို့ ပေါ့ ” လို့ ပြောလိုက်တဲ့ သူ့စကားကြောင့် ဖွေးရင်ထဲ နွေးခနဲ ဖြစ်သွားတယ် စိတ်ထဲမှာတော့ အပြင်မှာမတွေ့ရလဲ အိမ်မက်ထဲ ရှင်လာတာ ဖွေးသိသားပဲ လို့ ပြန်ပြောလိုက်မိတယ် ဖွေးကိုယ့်ဟာကိုယ် တွေးပြီး ရှက်ရှက်နဲ့ပဲ ခေါင်းငုံ့ထားလိုက်မိတယ် သူက
” ဇက်ကြီးလဲ ကျိုးသွားပါဦးမယ် ဗျာ ” ဆိုတော့ ဖွေး ရီမိတယ် ဒီတော့ သူကလဲ လိုက်ရီတယ် ပြီးတော့ ဖွေးကို
” ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်တွေ ပြောပြချင်တယ် ဒါပေမယ့် မပြောပြရဲဘူးဗျာ ” တဲ့ ဖွေးက
” ဘာပဲဖြစ်ဖြစ်လေ ရှင်ပြောချင်တဲ့အချိန်ကျရင်ပြောလိုက်ပါ ဖွေး နားထောင်ပေးပါ့မယ် ဖွေး ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး ဖွေးကို ယုံရင်ပေါ့လေ ” ဆိုတော့ သူက
” ဖွေးကို ကျွန်တော် မယုံလို့မဟုတ်ပါဘူး ဖွေး ကျွန်တော့်အပေါ်သဘောထား ပြောင်းသွားမှာ စိုးလို့ပါ ” တဲ့ ဘာတွေလဲ ဖွေးက ဘာကိုသဘောထားပြောင်းရမှာလဲ မေးခွန်း မမေးလိုက်ရခင်ပဲ သူက
” ဖွေး ကားလာနေပြီ တာ့တာနော် မနက်ဖြန် တွေ့မယ် ဘိုင် ” ဒါနဲ့ ဖွေးလဲ ကားပေါ်တက်ခဲ့လိုက်တယ် လက်ပြရင်းကျန်ခဲ့တဲ့ သူ့ကို ဖွေးထားခဲ့ရတာ တမျိုးကြီးပဲ
ဟင်းးးးးးးး လို့သာ သက်ပြင်းရှည်ကြီးချရင်း သူ့ရဲ့ လျှို့ဝှက်ချက် ဆိုတာကို သိချင်နေမိတယ် ဘာတွေများဖြစ်နေမလဲ….

လူတိုင်း လူတိုင်းမှာ အတိတ်ကိုယ်စီ ရှိခဲ့ကြတာပဲလေ သူက ရော ဘာအတိတ်တွေ ရှိခဲ့လို့လဲ ပြင်မရတဲ့အတိတ်ကြောင့်လား ဘာတွေ လျှို့ဝှက်ထားတာလဲ မေးခွန်းပေါင်းစုံနဲ့ ဖွေးသူ့ကို ဒီနေ့ည အိမ်မက်ထဲမှာ တွေ့လိုတွေ့ညား ရှာကြည့်ပါသော်လည်း သူ ရောက်မလာခဲ့ပါ မနက်မိုးလင်းတော့ လူက နုံးချိစွာပဲ လှပတဲ့ မနက်ခင်း ကို နောက်ကျိတဲ့စိတ်တွေနဲ့ပဲ ဖြတ်သန်းခဲ့တယ် ဒီနေ့ တော့ သူ့ကိုရအောင်မေးရမယ် သူမပြောမချင်း ငါ အဆောင်မပြန်ဘူးလို့ အကျပ်ကိုင်ရမယ် လို့တွေးပြီး သူ့ကို တွေ့ချင်စိတ်ပြင်းပြ နေခဲ့တယ် အလုပ်ကိုလဲ ခါတိုင်းထက် မြန်မြန်လေး ပြီးချင်နေခဲ့တယ်

” ကျွန်တော့်ကို မေးခွန်းမေးဖို့စောင့်နေတာလား ” လို့ မေးလိုက်တဲ့ သူ့စကားကြောင့် ဖွေး မအံ့သြဘဲ မနေနိုင်တော့ဘူး
” ဟုတ်တယ် ” လို့ ဖွေးဝန်ခံခဲ့လိုက်တယ် သူက မချိပြုံးပြုံးပြီးတော့
” ဖွေး စိတ်ကို ကျွန်တော်သိနေတာပဲ ကျွန်တော့်မပြောရင် ဒီနေ့ အဆောင်မပြန်ဘူးလို့ ဆုံးဖြတ်ချက်ချထားတယ် မလား ” လို့ ပြောလာတဲ့ သူ့စကားကြောင့် ဖွေး ဒုတိယမ္ပိ အံ့သြသွားခဲ့ရပြန်ပါတယ် ဒါနဲ့ ဒုတိယအကြိမ်
” ဟုတ်တယ် ” လို့ပဲ ခပ်ပြတ်ပြတ် ပြန်ဖြေခဲ့တယ် သူက သက်ပြင်းလေး မသိမသာ ခိုးချပြီးတော့
” ဖွေးရယ် မကြောက်နဲ့နော် ကျွန်တော် အမှန်အတိုင်းပြောမယ် ကျွန်တော်ဟာ တကယ်တော့ လူသားတယောက်မဟုတ်ပါဘူး ကျွန်တော်ဟာ ဝိညာဉ် ပါ ”
” ဟင် ” လို့ အံ့သြသွားတဲ့ ဖွေးကို
” ဖွေး သိပ်ကြောက်သွားလားဟင် ” ဆိုတော့ ဖွေး ဖြေးညင်းစွာခေါင်းခါပြလိုက်မိတယ်
” ဖွေးကို ပြောပြလို့ရမလားဟင် ဖွေးကူညီနိုင်ရင် ကူညီရတာပေါ့ ” ဆိုတော့ သူက
” ပြောပြပါ့မယ် ကျွန်တော်ကလေ သိပ် အလုပ်တာဝန်ကျေတဲ့ လူတယောက်ပေါ့ ကျွန်တော်လုပ်တဲ့ စာရင်းကိစ္စ မပြီးခင်မှာပဲ ကျွန်တော် ကားတိုက်ပြီး သေခဲ့ရတယ် ကျွန်တော် လျော်ကြေးအများကြီးရပေမယ့် ကျွန်တော် မကျွတ်ခဲ့ဘူး ကျွန်တော်လုပ်တဲ့ အလုပ်ကို စိတ်စွဲနေလို့လေ ”
” ဘယ်တော့ ကျွတ်မှာလဲဟင် ဖွေး အမျှဝေမယ်လေ ” ဆိုတော့
” နီးပါပြီဖွေး မနက်ဖြန် ည ဆိုရင် ကျွန်တော့်ကို လာခေါ်ကြတော့မယ် ”
” ဟင် ဒါဆိုရင် ဖွေးတို့မတွေ့ရတော့ဘူးပေါ့နော် ” လို့ ပြောလိုက်တဲ့ ဖွေးရဲ့စကားကြောင့်
” ဟုတ်ပါတယ် ကျွန်တော် ဖွေးကို သတိထားမိတာ ကြာပါပြီ ကျွန်တော် ကိုယ်ထင်မပြဘူးလို့ တင်းထားပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် မထိန်းနိုင်တာရယ် အဲဒီနေ့က ဖွေးမိုးစိုမှာစိုးလို့ ကျွန်တော်…. ” သူ ဆက်မပြောပဲ စကားကို ရပ်ထားလိုက်တယ် ဖွေးအရာ အားလုံးကို သိလိုက်ပြီ ရင်ထဲမှာ တဆစ်ဆစ်နာနေတယ် သူက ဖွေးကို
” ကျွန်တော် တောင်းပန်ပါတယ် ဗျာ ” ဘာလို့လဲ တောင်းပန်စရာ မလိုပါဘူး သူရယ် လို့ ပြောလိုက်တဲ့ ဖွေးရဲ့စကားတွေ လည်ချောင်းဝ မှာပဲ ဆို့နေခဲ့တယ်
” ကျွန်တော် တခုတော့ ပြောခဲ့ချင်ပါတယ် ဖွေးရယ် ကျွန်တော်လေ ဖွေးကို တကယ်ချစ်တာပါ ” တဲ့ ဖွေးသည်းခံနိုင်စွမ်းမရှိတော့ပဲ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာခဲ့တယ် ဗလုံးဗထွေးနဲ့
” ဖွေးလဲ ရှင့်ကို ချစ်ပါတယ် ” လို့ ပြန်ပြောခဲ့တယ်
” ဘယ်လိုမှ ပေါင်းစပ်လို့မရတဲ့ ကျွန်တော်တို့ ဘဝ ၂ ခု ဘယ်သူ့ကိုမှလဲ အပြစ်မတင်ချင်ပါဘူးဗျာ ဖွေး ပျော်ရွှင်ပါစေ နော် နောက်နေ့တွေ ကျွန်တော့်ကို မစောင့်ပါနဲ့တော့နော် ကျွန်တော် မရှိတော့ဘူး ကိုယ့်ကိုယ်ကိုလဲ ဂရုစိုက်ပါ ကျွန်တော်သွားတော့မယ် ” ဆိုပြီး ဖွေးကို ထားခဲ့ကာ ထွက်သွားတဲ့ သူ့ကျောပြင်ကိုကြည့်ရင်း တဖြေးဖြေး ပျောက်ကွယ်သွားခဲ့တယ်…။ ။

ပြီးပါပီ..
ရေးသူ = ၀က်ဝံလေး


Credit : chitthueainkalay.weebly.com

No comments:

Subscribe

လာလည်သူများ

free counters