♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 11, 2016

" ရွှေဒင်္ဂါးအပြည့်တင်ထားသည့် ပေါ်တူဂီ ရှေးဟောင်းသင်္ဘောတစ်စီး နမ်မီဘီးယားမှာ တွေ့ရှိ "

 
လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက သင်္ဘောသားတွေအားလုံးနဲ့ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တဲ့ သင်္ဘောဖြစ်ပါတယ်။ အာဖရိက အနောက်တောင်ပိုင်းက နမ်မီးဘီးယား ကန္တာရတစ်ခုထဲမှာ ရွှေဒင်္ဂါးပြားတွေ အပြည့်တင်ဆောင်ထားတဲ့ ပေါ်တူဂီရှေးဟောင်း သင်္ဘောတစ်စီး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

စိန်တူးဖော်ရေးကုမ္ပဏီတစ်ခုက ကျောက်တွင်းလုပ်သားတွေက တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေစဉ် ဒီသင်္ဘောပျက်ကို တွေ့ရှိခဲ့တာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ သင်္ဘောပျက်ဟာ ၁၅၅၃ ခုနှစ်တုန်းက ပျောက်ဆုံးသွားတဲ့ ပေါ်တူဂီ ကုန်တင်သင်္ဘောဖြစ်တယ်လို့ သိရပါတယ်။ သဘောင်္ပေါ်မှာ ပါရှိတဲ့ ရွှေဒင်္ဂါးတွေရဲ့ ကာလတန်ကြေးက စုစုပေါင်း စတာလင်ပေါင် ၉ သန်းလောက် ရှိမယ်လို့ သိရပါတယ်။

စပို့တင်း လစ္စဘွန်ကနေ အိန္ဒိယကို သွားခဲ့တဲ့ သင်္ဘောနဲ့အတူ သင်္ဘောသားတွေအားလုံး သတင်းအစရှာမရအောင် နမ်မီးဘီးယားမှာ ပျောက်ဆုံးသွားခဲ့တာပါ။ အဆိုပါသင်္ဘောပျက်ကို ပင်လယ်အနီးက ထုံးကျောက်ဆောက်အောက်မှာ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သင်္ဘောပျက်အပေါ်မှာ ရှာဖွေတွေ့ခဲ့တဲ့
အချို့သော ရှေးဟောင်းပစ္စည်းတွေက ရွှေတွေထက်ပိုပြီး တန်ဖိုးရှိတယ်လို့ မန်ချက်စတာတက္ကသိုလ်က ပါမောက္ခတီမိုသီက ပြောပါတယ်။

Source : Independent

Credit: duwun

Credit : http://www.searchmyanmar.com/link/comment/cid/58549/domain/duwun.com.mm

No comments:

Subscribe

လာလည်သူများ

free counters