♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 7, 2016

" အကျီအဖြူ အောက်မှာ ဘယ်လိုဘရာစီယာအရောင် ရွေးချယ်သင့်တယ်ဆိုတာ "

 
အမျိုးသမီးတိုင်း ဖြူဖွေးနေတဲ့ အကျီတစ်ထည်ကို ၀တ်ဖို့ရွေးချယ်လိုက်ပြီဆိုရင် အောက်က ဘရာကို ဘာရောင်ဝတ်ရင် ကောင်းမလဲဆိုပြီး အမြဲစဉ်းစားကြရပါတယ်။ အနက်ရောင်ဘရာပဲ ခပ်တည်တည် ၀တ်ချလိုက်ရမလား၊ အခြားကာလာကြီးတွေရွေးလိုက်ရင် ကောင်းမလား၊ အဖြူရောင်နဲ့ဆိုရင်ရော စသဖြင့် ကိုယ့်အကျီအရောင်နဲ့ လည်း လိုက်မယ်၊ သိပ်လည်း မရိုင်းမယ့်အထာမျိုး ဖြစ်အောင် မ၀တ်ခင်အချိန်လေးမှာ တွေးကြရပြီလေ။ 
 
ဒါပေမယ့် တစ်ချက်စဉ်းစားစရမှာက ကိုယ်ဝတ်မယ့်အကျီအရောင်နဲ့ ဘရာအရောင် ၀မ်းဆက်ဖြစ်နေဖို့ လိုသလား ဆိုတာပါပဲ။ အဖြေက နိုးပါ။ ၀မ်းဆက်ဖြစ်နေစရာ လုံးဝမလိုအပ်ပါဘူး။
 
သင့်အကျီက အဖြူရောင်ဆိုရင် သင့်အနေနဲ့ ချိုးဖောက်ရမယ့် စည်းမျဉ်းလေးတွေရှိနေပါတယ်။ ဒီတော့ အကျီအရောင်နဲ့ ဘရာကို အရောင်ဆင်တူဝတ်မယ့်အစား သင်ရှာရမှာက သင့်အသားနဲ့သိပ်အရောင်မကွာတဲ့ ဘရာစီယာကိုပါ။ သင့်အသားက နို့နှစ်ရောင်လို ဖွေးနုနေတယ်ဆိုရင် နို့နှစ်ရောင် ဘရာရှာပါ။ ဒါမှမဟုတ် သင့်အသားက နည်းနည်ညိုတယ်ဆို အညိုရောင်ကိုရှာပါ။ သင့်အသားက မည်းတဲ့ဘက်ရောက်တယ်ဆို အညိုရင့်ရောင် ဒါမှမဟုတ် အမည်းကို ရှာဝတ်လိုက်ပါ။
 
အောက်ခံဘောင်းဘီအတွက်လည်း ဒီနည်းအတိုင်းပဲ ၀တ်ဆင်ပါ။ သင်က အဖြူရောင်ဘောင်းဘီကို ၀တ်ထားတယ်ဆိုပါစို့။ သင့်အောက်ခံဘောင်းဘီဟာ သင်အပေါ်က၀တ်မယ့် အဖြူရောင်ဘောင်းဘီနဲ့ တွဲစဉ်းစားတာမျိုးထက် သင့်အသားရောင်နဲ့သာ တွဲပြီး စဉ်းစားဝတ်ဆင်ကြရမှာပါ။ 
 
တစ်မျိုးကြီးတော့ ဖြစ်နေတယ်မလား။ ဒါပေမယ့် ဒီနည်းအတိုင်း နိုင်ငံတကာက မင်းသား မင်းသမီး အနုပညာရှင်တွေ ဆင်မြန်းနေကြတာ ဖြစ်သလို တစ်ခါဝတ်ကြည့်ပြီး သင်နောက်ပိုင်း ဒီနည်းကို အကြိုက်တွေ့သွားပါလိမ့်မယ်။
 
Ref:shefinds

No comments:

Subscribe

လာလည်သူများ

free counters