♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 10, 2016

" ကမ္ဘာတစ်ဝန်းက ထူးခြားဆန်းပြားတဲ့ ပွဲတော်များ "

 
ကမ္ဘာတစ်ဝန်းနိုင်ငံတွေမှာ ကျင်းပပြုလုပ်တဲ့ အားလပ်ရက်နေ့တွေ သို့မဟုတ် ထူးထူးခြားခြားပွဲတော်တွေ ပြုလုပ်တဲ့ နေ့ရက်တွေရဲ့ အကြောင်းတွေကို တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့အတွက် တင်ဆက်ပေးချင်ပါတယ်။



မတ်လ ၂၁ ရက်နေ့က ဘာလီနှစ်သစ်ကူးရက်ဖြစ်ပြီး အင်ဒိုနီးရှား၊ ဘာလီမှာ ကျင်းပပြုလုပ်တဲ့ Silent Day လို့ ခေါ်ဆိုတဲ့ ပိတ်ရက်တစ် ရက်ပါပဲ။ အဲ့ဒီနေမှာ မီးတွေလုံးဝမရှိဘူး။ ဘာအလုပ်မှ မရှိဘူး။ ဘယ်လိုကစားခြင်းမှ ပြုလုပ်လို့ မရဘူး။ စကားမပြောရဘူး။ မစား ရဘူး။ မနက် ၆ နာရီမှ ညနေ ၆ နာရီအထိကို တစ်မြို့လုံးတိတ် ဆိတ်ပြီး လမ်းတွေ၊ လေဆိပ်တွေ အားလံးက ပိတ်ထားမှာ ဖြစ်ပါ တယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့ကို ကမ္ဘာ့အိမ်သာများနေ့လို့ သတ်မှတ် ပေးထားပါတယ်။


 ဥရောပနိုင်ငံတွေမှာ ကျင်းပကြပြီး ကမ္ဘာ့အိမ်သာ များအဖွဲ့အစည်းက သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၀ ကျော်မျာ ကျင်းပကြပြီး အဲ့ဒီ့နေ့မှာ ဟောပြောပွဲတွေ၊ အနုပညာ ပြပွဲတွေ၊ ကစားပွဲတွေ စသဖြင့်ကျင်းပပြုလုပ်ကြပါတယ်။ တစ်ကမ္ဘာ လုံးအတိုင်းအတာအနေနဲ့ လူဦးရေ ၃ ဘီလျံကျော်က ကိုယ်ပိုင်အိမ် သာသုံးစွဲခွင့်တွေမရရှိကြတာကို သတိထားမိအောင် လှုပ်ရှားမှု တွေပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။

ဧပြီလရဲ့ ပထမပတ်မှာဆိုရင် ဂျပန်နိုင်ငံမြို့တော်တစ်ဝန်းမှာ ဧရာမ ရုပ်ထုကြီးတစ်ခုကို အမျိုးသီးထုက ထမ်းပြီးလှည့်လည်သွားလာနေ ကြပါတယ်။ ဘာရုပ်ထုကြီးလဲဆိုတာသိရင် သိပ်ကိုအံ့သြစရာ ကောင်းနေမှာပါ။ အမျိုးသားတန်ဆာကြီးပါတဲ့။ အဲ့ဒီအရာကို ထမ်းပြီးအပျော်လှည့်ပတ်သွားလာကြတယ်၊ သီချင်းတွေသံပြိုင် သီဆိုပြီး ပျော်ပွဲရွှင်ပွဲအဖြစ် ပါဝင်ဆင်နွှဲကြတာက လွန်ခဲ့တဲ့ ၁၇ ရာစုကတည်းက ဖြစ်ပြီး ရှိခိုးကိုင်းရှိုင်းခြင်းလို့ အဓိပ္ပါယ်ဆောင် ကာ ရောဂါဘယတွေကင်းဝေးအောင် ရည်ရွယ်တယ်လို့လည်း သိရပါ တယ်။



Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

No comments:

Subscribe

လာလည်သူများ

free counters