♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 8, 2016

“Game of Thrones” ဇာတ်လမ်းတွဲတွေ ကြည့်ရှုခြင်းဟာ အိမ်ထောင်ရေး သုခ ပျောက်ဆုံးစေနိုင် "

 
သတင်းကောင်းလို့ ပြောရမလား ၊ သတင်းဆိုးလို့ပြောရမလား မသိတဲ့ ရှာဖွေတွေ့ရှိချက်တစ်ခု ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ “Game of Thrones” ဇာတ်လမ်းတွေထဲက အဖော်အချွတ်ဇာတ်ဝင်ခန်းတွေကို ကြည့်ရှုသူတွေဟာ ချစ်တင်းနှောမှု လည်း အကြိမ်ရေ နည်းပါးလာလိမ့်မယ် ဆိုတာပါပဲ။
 
ကမ်းဘရစ်ခ်ျ တက္ကသိုလ်မှာရှိတဲ့ ပရော်ဖက်ဆာ တစ်ဦးနဲ့ သုတေသီတစ်ဦးတို့ဟာ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလေ့လာမှုကနေတစ်ဆင့်တွေ့ရှိခဲ့တာကတော့ ဗြိတိန်နိုင်ငံမှာရှိတဲ့ ဇနီးမောင်နှံ တွေဟာ ပြီးခဲ့တဲ့ နှစ် ၂၀ခန့်ကထက် ချစ်တင်းနှီးနှောမှု ၄၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။
 
၁၉၉၆ ခုနှစ်ဝန်းကျင်ခန့်တုန်းကတော့ ဇနီးမောင်နှံတွေဟာ ပျမ်းမျှအားဖြင့် တစ်လ ကို ၅ ကြိမ်ခန့် ချစ်တင်းနှောကြပြီး ၂၀၁၆ ခုနှစ်မှာတော့ တစ်လကို ၃ ကြိမ်ခန့်သာ ချစ်တင်းနှောမှုရှိတော့တယ်လို့ သူတို့ရဲ့  သုတေသန က ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ထို တွေ့ရှိချက်အရဆိုရင် ၂၀၃၀ခုနှစ်အရောက်မှာ ဇနီးမောင်နှံတွေဟာ ချစ်တင်းနှောခြင်းပါရှိတော့မယ် မထင်ပါဘူး။ စိတ်ပူစရာပါပဲ။ ဘာကြောင့်ပါလဲလို့မေးရင်တော့ သုတေသီတွေ ထောက်ပြ အပြစ်တင်ထားတဲ့အရာတွေပဲ ပြစရာရှိမှာပါ။ အဲဒါတွေကတော့ iPad နဲ့ Tablet တွေလို နည်းပညာ ကိရိယာတွေကြောင့်လည်းဖြစ်ပြီး “Game of Thrones” လို အဖော်အချွတ်ဇာတ်ဝင်ခန်းတွေ များစွာပါဝင်တဲ့ စီးရီး ဇာတ်လမ်းတွဲတွေကို ကြည့်ရှုခြင်းကြောင့်လည်း ဖြစ်တယ်လို့ သုတေသီတွေကို အပြစ်တင်ထားပါတယ်။
 
“Game of Thrones” ဇာတ်လမ်းတွဲရဲ့  အမာခံပရိသတ် ပုရိသ တွေအဖို့တော့ သတင်းဆိုး တစ်ခု ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။
 
Ref:elitedaily

Credit : http://www.trend.com.mm/2016/06/07/movies-9701

No comments:

Subscribe

လာလည်သူများ

free counters