♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 30, 2014

" ဈေးပေါပေါနှင့် ရတဲ့ အဖိုးတန်ပစ္စည်းများ၏ နောက်ကွယ်တွင် အဟင်းးဟင်းးဟင်းး သေချာဖတ်ပါ"

အဖိုးတန်တဲ့ ပစ္စည်းကိုဈေးပေါပေါနှင့်ရောင်းချတာကို ဝယ်ယူခြင်းဟာ ရံဖန်ရံခါ ပွပေါက်တိုးခြင်းမဟုတ်ဘဲ တခုခုသော ဘေးဆိုးနှင့် ကြုံတွေ့ရတတ်သည်။
ထိုကဲ့သို့သော အဖိုးတန်ပစ္စည်းများကို အကြောင်းအရာ အမျိုးမျိုးတို့ဖြင့် လူတို့သည် ရောင်းချတတ်သည်။ 

၁။ ငွေလိုအပ်နေ၍ ရသည့်ဈေးပေါပေါဖြင့် ရောင်းချခြင်း။
၂။ ငွေလိုအပ်လွန်း၍ရောင်းချသော်လည်း အရောင်းမထွက်သဖြင့် ရရာဈေးဖြင့် သာရောင်းချရခြင်း။
၃။ အရောင်းမထွက်သောပစ္စည်းမှန်း သိသဖြင့် ဝယ်ယူသူက ဈေးနှိမ်၍ ဝယ်ယူခြင်း။
၎။ ခိုးရာပါ ပစ္စည်းဖြစ်တတ်ခြင်း။

၅။ အဖိုးတန်သော်လည်း ပစ္စည်း၏ တန်ဘိုးကို မသိသဖြင့် ရရရာဈေးဖြင့်ရောင်းချခြင်း။
၆။ ကြာကြာထားလျှင် ပျက်ဆီးမှုဖြစ်လာမည်ကို သိသဖြင့် အဖိုးတန်သော်လည်း ရရာဈေးဖြင့် ရောင်းချခြင်း။
၇။ အပြစ်အနာအဆာ တခုခုရှိနေသဖြင့် ဈေးလျှော့ရောင်းခြင်း။
၈။ ကောင်းကျိုးမပေးသော ပစ္စည်းဖြစ်သဖြင့် အရောင်းထွက်ရန် ရရာဈေးဖြင့် အမြန်ရောင်းချခြင်း။
၉။ မကောင်းဆိုးဝါး အနှောင့်အယှက်ပေးထားသော ပစ္စည်း၊ အိမ်၊ ခြံ တို့ဖြစ်သဖြင့် ရရဈေးဖြင့် ရောင်းချပစ်ခြင်း။
၁၀။ တနေရာမှ တနေရာသို့ ပြောင်းရွှေ့ရမည်ဖြစ်သောကြောင့် ပစ္စည်းမသယ်နိုင်တော့သဖြင့် သယ်ယူရန်မဖြစ်နိုင်သဖြင့် ရောင်းချရခြင်း၊ အစရှိသည်တို့ဖြစ်သည်။

တနေ့ သ၌ ကျွန်တော် ရောသမပေါက်စီသည်  တီဗီ ပရိုဂရမ်တစ်ခုအား ကြည့်ခဲ့မိသည်။ တီဗီ ချဲနယ် အမည်နှင့် တီဗီ ပရိုဂရမ် အမည်ကိုလည်းမမှတ်မိတော့ပါ။
သို့သော် ထိုပရိုဂရမ်၌ ပါသော အကြောင်းအရာကိုကား မမေ့နိုင်သေးပါ။
အမေရိက တွင် လူတယောက်ဟာ ဈေးကြီးကြီးကားတစီးကို အဖိုးသက်သာစွာနှင့်ဝယ်ူခဲ့တယ်။ အဲ့ဒိကားက သိပ်ပြီးလှ သိပ်ပြီးအဖိုးတန်တယ်တဲ့။ သူဟာ ကား
ကိုဝယ်ပြီး သိပ်ပျော်နေတယ်တဲ့.....သူငယ်ချင်းတွေ မိတ်ဆွေတွေကို ပြသရတာကလည်းအမောပါဘဲ.....သို့သော် နေအပူရှိန်ပြင်းလာတဲ့နေ့တွေဆိုရင် ကားရှေ့
ခန်းထဲက အပုပ်နံ့ မျှင်မျှင်ထွက်လာတယ်တဲ့ တဖြေးဖြေး အနံ့က ဆိုးသထက်ဆိုးလာလို့ သူက ကားရေဆေးတဲ့ နေရာမှာ ကားကိုသေချာဆေးခိုင်း စပရေးတွေ
ပက်ခိုင်းတာပေါ့ ..ကာလေးက မွှေးကြိုင်သွားပြန်ရော တရက်နှစ်ရက်နေရင် ပြန်နံပြန်ရော ဒါနှင့် သူက စပရေးပေါင်းစုံသုံးတာလည်း မရတာနှင့် ကားရှေ့ခန်းက
ထိုင်ခုံတွေကနံတာဖြစ်မယ်ဆိုပြီး ထိုင်ခုံတွေကို လဲပစ်လိုက်တယ်....ဒါပေမဲ့ အပုပ်နံ့ဆိုးကြီးက ခဏတဖြုတ်သာ ပျောက်ပြီး ဆက်လက်ရှင်သန်မြဲရှင်သန်နေကာ
ကားပိုင်ရှင်သစ်ကို ကောင်းကောင်းကြီး ဒုက္ခပေးပါတော့တယ်.....ပိုရှင်သစ်ခမျာလည်း တတ်စွမ်းသမျှနည်းလမ်းကိုသုံး ရေဆေးတဲ့နေရာတွေသွားခဲ့ပေါင်း များ
သော်လည်း...အပုပ်နံ့ဆိုးကြီးရဲ့ ကြီးစိုးမှုဒဏ်ကို ဝဝကြီး ခံရလေတော့ အဲဒီကားကို ရောင်းချခဲ့တဲ့ လူဆီကို သွားရောက်ကာ မေးမြန်းတော့တာပေါ့....အဲဒိတော့
ဟူလူက ကျွန်တော်လည်း အဲဒိအပုပ်နံ့မခံနိုင်တာနှင့် ရတဲ့ဈေးနှင့် ရောင်းချလိုက်တာပါတဲ့....ပိုင်ရှင်သစ်က အဲ့ဒါ ဘာအပုပ်နံ့လည်းလို့မေးတော့ ပိုင်ရှင်ဟောင်းက
အဲ့ဒါ ကျွန်တော့်အဖေပေါ့တဲ့........ပိုင်ရှင်သစ်က ခင်ဗျားအဖေကဘာဖြစ်တုန်းလို့မေးလိုက်တော့ .....ပိုင်ရှင်ဟောင်းက....ကျွန်တော့်အဖေက နှလုံးရောဂါရှိတယ်
တဲ့......ပိုင်ရှင်သစ်က သူနှလုံးရောဂါရှိတာနှင့် အပုပ်နံ့က ဘာဆိုင်လည်းတဲ့.......ပိုင်ရှင်ဟောင်းက ဒီကားသစ်ကြီးက သူ့ရဲ့ကားတဲ့......ပိုင်ရှင်သစ်က ဒီကားက ခင်
ဗျားအဖေရဲ့ ကားဖြစ်တော့ ဘာဖြစ်လည်းတဲ့ ကျွန်တော်တော့ ဘာမှ နားမည်နိုင်တော့ပါဘူးတဲ့...အပုပ်နံ့ရယ် နှလုံးရောဂါရယ်...ခင်ဗျားအဖေကားရယ်...အဲ့ဒါဘာ
ဖြစ်လည်းတဲ့.....ဒီတော့ ပိုင်ရှင်ဟောင်းက......အဲ့ဒါ အဖေပေါ့....ဆယ်ရက်နေမှ သူ့ကိုကားထဲမှာ ပြန်တွေတာ......ပိုင်ရှင်ဟောင်းက သူ့ကို ကားထဲမှာ ဆယ်ရက်
နေမှ ပြန်တွေ့အောင် သူက ကားဘယ်ကိုမောင်းသွားနေလို့ လဲလို့ မေတော့......ကားပိုင်ရှင် ဟောင်းက သူလေ အဖေပေါ့....ဒီကားကြီးကို မောင်းချင်မောင်းချင်တဲ့
ဇောနှင့် အိမ်ကနေမောင်းထွက်သွားတာ ....ဆယ်ရက်နေမှ သူ့ကို ပြန်တွေ့တာ....ဟာာာာာ ခင်ဗျားဟာကလည်း ဘာတွေလည်း.....ကျုပ်သိချင်တာက ဘာအပုပ်
နံ့လည်းသိချင်တာ....ခင်ဗျား အဖေကားမောင်းတာတွေ ကားကြိုက်တာတွေကို မေးနေတာမဟုတ်ဘူး....ဒီတော့ ကားပိုင်ရှင်ဟောင်းက ...ဟုတ်ပါတယ်....အဖေက
ကားမောင်းထွက်သွားတာလေ...အဲဒါ ဆယ်ရက်နေမှ ပြန်တွေ့တော့ ကားကနံတော့မှာပေါ့.....ပိုင်ရှင်သစ်က အဲတော့ ဘာဖြစ်တုန်း...ငနုံရဲ့ လို့မေးတော့...........
ပိုင်ရှင်ဟောင်းကအဖေက တော်တော့်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီတဲ့......အဲဒါကြောင့် ကျပ်လည်း သူ့အသုဘချအပြီး ကားကို အမျိုးမျိုးဆေးကြည့်တာ မရတာနှင့်
ရောင်းလိုက်တာတဲ့.......ဟိုက် အမလေးလေး လေး ခွေးမသားရဲ့....လုပ်ရက်လိုက်တာ ...
ကဲ မိတ်ဆွေတို့လည်း......ပစ္စည်းဝယ်ရင် သတိထားကြပေါ့.......ဂျပန်နိုင်ငံက လူတချို့လည်း ကားထဲမှာ မီးခိုးပိုက်သွင်းပြီး ကိုယ့်ကိုယ်ကို သေးကြောင်းကြံတတ်သူတွေ
ရှိကြလေတာ့ အဲ့ဒိလို အစိမ်းသေ သေထားတဲ့ ကားကို ဝယ်မိသူတိုင်းဟာ တခါတခါ ကားထဲမှာ မီးခိုးလုံးကြီးကို နောက်ကြည့်မှန်ကနေ တွေ့ရတတ်တယ်ဆိုဘဲ......
ကားဝယ်ပြီးရင် မိမိတို့ ဘာသာဆိုင်ရာ ဝတ်ပြုဆုတောင်းတာ ရေမန်းပက်တာတွေနှင့် ကားကို ဆေးကြောသင့်ပါတယ်...
အားလုံးသော ချစ်မိတ်ဆွေများကို လေးစားလျှက်
 ((ရောသမပေါက်စီ))

No comments:

Subscribe

လာလည်သူများ

free counters