♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 4, 2014

" ဈေးပေါပေါနှင့် ရသော ပစ္စည်းတို့၏ နောက်ကွယ်တွင် သေချာ ဖတ်ကြည့်ပါ (၂) "

ဈေးပေါပေါ ကြိုက်တတ်တဲ့ လူတို့ရဲ့ ဗီဇလေးတွေက လူတိုင်းမှာရှိကြတာဟာ ဓမ္မတာ တရားတစ်ခုပါဘဲ၊ ငွေကြေးရှာဖွေရတာ မလွယ်ကူလှသလို ရရှိထား
တာလေးနှင့် လုံလောက်အောင် သုံးကြရတာကလည်း မိသားစုတိုင်းရဲ့ နေ့စဉ်ဒူဝ ကြုံတွေနေကြလေးပါဘဲ။ ဈေးချိုသာပြီး ပစ္စည်းကောင်းကောင်း ရရှိခဲ့မယ်
ဆိုရင် မည်သူမဆို မပျော်ဘဲ မနေနိုင်ကြပါဘူး။ ပစ္စည်းကောင်ပြီး ဈေးသက်သက်သာသာ ရတာကလည်း အလွန်ဘဲရှားတတ်တယ်။ တခါတလေတော့လည်း
ကံကောင်းတယ်ဘဲ ဆိုရမလားဘဲ ပစ္စည်းလည်းကောင်း ဈေးလည်းချိုသာကာ အနှေင့်အသွားလည်းလွတ်သည့် အခါလည်းရှိတတ်သည်။ အများအားဖြင့် ဈေး
ပေါသော ပစ္စည်းတို့တွင် တခုခုသော မကောင်းသော အရိပ်အငွေ့က ကပ်နေတတ်စမြဲဖြစ်သည်။ ဥပမာ ခိုးရာပါ ပစ္စည်းဖြစ်ခြင်း။ ကြာရှည်မခံတော့ ပစ္စည်း
ဖြစ်ခြင်း။ ဘေးဆိုးတခုခုနှင့် ကြုံတွေ့ရကာ ပိုင်ရှင် ဖြစ်သူက မိမိအပါးတွင် မထားလိုတော့ဘဲ ရရာဈေးနှင့် ရောင်းချထွက်ပြေးကာ ဒုက္ခဆိုးအား ဝယ်ယူသူ လူ
အသစ်၏ ဦးခေါင်းပေါ်သို့ ပြောင်းလွဲပေးခဲ့ခြင်းလည်းဖြစ်သည်။ ထိုသို့ ထိုသို့ ဖြင့် ပိုင်ရှင်ပေါင်းများစွာ လက်လျှော့ထွက်ပြေးခဲ့ကြရသည့် အိုးအိမ်၊ ခြံမြေ တိုက်
တာ၊ ကားများ သည်လည်း များစွာရှိခဲ့ပါတယ်။ ထိုအထဲဝယ်
အိုးအိမ်နှင့် ပတ်သက်လို့ အနည်းငယ်ပြောပြပါ့မယ်။ တခါတရံ ကျွန်ုပ်တွေ မမြင်ရသော ပရလောက မှ ရွာတွေ မြို့တွေဟာ နေရာအနံ့ရှိတတ်ပါတယ်။ တချို့
တချို့သော သူတို့တွေရဲ့ ရွာတွေ အိုးအိမ်တွေရှိတဲ့ နေရာတွေမှာ ကျွန်တော်တို့ လူသားတွေက အိုးအိမ်တည်ကာ လူနေအိမ်တွေဆောက်လုပ်ပြီးနေမိတဲ့အခါ
နှစ်အိမ့် တစ်အိမ်လိုဖြစ်နေတတ်ပါတယ်.....သူတို့ တခံခါးဖွင့်သံကို တချို့သော အိမ်က လူတွေက ကြားပြီးမိမိတို့ အိမ်မှ တံခါးကို ကြည့်လိုက်လျှင်လည်း မပွင့်
ဘဲ ပိတ်လျက်သားတွေ့ကြရမှာ ဖြစ်ပါတယ်.....လမ်းလျှောက်သံကြားလို့ ကြမ်းပြင်ပေါ် ကြည့်လိုက်လျင်လည်း မည်သူမှ မရှိတတ်ပါ.... တခါတရံ ချက်သည့်
ပြုတ်သည့် အသံများ ဟင်းနံ့များ ထမင်းနံ့များ ရရှိပါသောလည်း မိမိ၏ အိမ်မှ မီးဖိုချောင်တွင် ဘာမျှ ချက်ပြုတ်ထားခြင်း မရှိတတ်ပေ။ ရုပ်အိမ်ထဲမှ နာမ်အိမ်
ကဲ့သို့ ဖြစ်နေတတ်သည်။  တချို့သဘောကောင်းသော သူများဖြစ်ပါက သူ့ဘာသာသူနေတတ်ပြီး အိမ်သားများအား ဒုက္ခလည်းမပေးတတ်ချေ။ တချို့သဘော
ဆိုးသည့် သူများဖြစ်ပါက ထိုအိမ်တွင် နေထိုင်သူများကို ဗြောင်းဆန်အောင် မောင်းပြန်ချတတ်သည်။ ထိုကဲ့သို့သော အိမ်ကိုဝယ်ယူမိသော သူတို့သည် စိတ်ကူး
ယဉ်အိပ်မက်လေး လှလှလေးမက်ကာ အိမ်ကိုမည်သို့မည်ပုံ ဆေးသုတ်မည်...မည်သည့်အခန်းကို မည်ကဲ့သို့ထားမည် အလှပြင်မည်ဟု ကြံစည်ထားသော်လည်း
အကောင်အထည်မပေါ်မှီမှာပင် ထိုအိမ်မှ ထွက်ပြေးရတတ်သည်။ တခါ ထိုကဲ့သို့ အိမ်ကို ဆေးသုတ် အလှပြင်ထားပါမူ အိမ်နံရံတွင် အပျောက်အကွက်များ အပုပ်
နံ့များဖြင့် ထွက်ပေါ်နေအောင် ရွ့ရှာဘွယ်ကောင်းအောင်ပြုလုပ်တတ်သည်....တခါတရံ အိမ်နံရံမှ သွေးစိမ်းများ ကျလာသကဲ့သို၎င်း၊ မိမိ၏ နောက်တွင် အရိပ်
ကဲ့သို လာလာရပ်နေသည်ကို၎င်း၊ ထားသော ပစ္စည်းများ သူ့နေရာတွင် မရှိတော့ဘဲ နေရာပြောင်းနေခြင်း ရှာ၍ မတွေ့တော့ခြင်းများ လည်းဖြစ်တတ်သည်။
တဖန် တံခါးပိတ်ထားလျှင် သူ့အလိုလိုပွင့် တတ်ခြင်း တခါးဖွင့် ထားလျှင် ပိတ်သွားခြင်း၊ အိမ်တွင် နေသမျှလူ တခုမဟုတ်တခု နေထိုင်မကောင်းဖြစ်ခြင်း၊ လိမ့်ကျ
ခြင်း၊ စီးပွားရေး တဆထက်တဆ ကျဆင်းလာခြင်း၊ အလိုလိုနေရင်း လင်မယားများ၊ ညီအစ်ကိုမောင်နှမများ၊ အိမ်သားများ တစ်ဦးနှင့် တစ်ဦး ကြည့်မရအောင်
ဖြစ်လာကာ ရန်ခဏခဏဖြစ်ခြင်း၊ တဖန် အထက်၌ဖော်ပြထားသကဲ့သို့ ဖြစ်ရပ်များဖြင့် နှင်ထုတ်ရန်မဖြစ်တော့လျှင် ကိုယ်ရောင်ပြကာ အသေအလဲ ချောက်ချားမှုများကို ပြုလုပ်တော့သည်။ ထိုကဲ့သို့သော အိုးအိမ်ခြံမြေကို ပိုင်ဆိုင်မိသောသူသည် မိမိဒုက္ခမှ လွတ်ကင်းရန်အတွက် ဈေးပေါပေါဖြင့် ရောင်းချကာ ဝေး
ရာသို့ ထွက်ပြေးတတ်သည်။ ထို့ကြောင့် ဈေးပေါပေါဖြင့် ရောင်းချသော အိုးအိမ်ခြံမြေတို့ကို ဝယ်ယူမည်ဆိုလျှင် ထိုအိမ်အနီးအနားမှ ပတ်ဝန်းကျင်ရှိလူအများကို
တိုးတိုးတိတ်တိတ် လေ့လာ စုံစမ်းသင့်သည်။ အနှောင့်အယှက် တစုံတရာရှိပါက ဆိုင်ရာပိုင်ရာ နည်းလမ်းများဖြင့် ဖြေရှင်းကာ ဝယ်ယူသင့်သည်။ သို့မဟုတ်ပါက
ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်......သူက ကိုယ့်ကို မနှင်ထုတ်မည် ကိုယ်က သူ့ကို နေရာပေးကာ နှင်ထုတ်တတ်ရမည်...သူ့ကိုလည်း မနစ်နာစေရ
ကိုယ်လည်း မနစ်နာစေရ သော နည်းလမ်းကိုသုံးရမည် ဖြစ်သည်.... ဆရာကောင်းကို အားထားရမည်....ကိုယ်တိုင်လည်း သီလနှင့် ပြည့်စုံသူဖြစ်ဖို့ အရေး
ကြီးသည်..... ဘယ်အရာမဆို မဝယ်ယူမှီ အလျင် ဆန်းစစ်လေ့လာရမည် ဖြစ်သည်။
အားလုံးကို ကျေးဇူးတင်ပါတယ် အထက်က အသဲပုံလေးကို ကျေးဇူးပြုပြီး တချက်ကလစ်ပေးခဲ့ ပါလားခင်ဗျာ 
(( ရောသမ ပေါက်စီ))

No comments:

Subscribe

လာလည်သူများ

free counters