♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 1, 2014

" လူပျိုကြီး..... "

 
တစ်နေ့တစ်နှိုက်.........
ငသီ - တင်အုန်း မင်း အသက် ဘယ်လောက် ရှိပြီလဲ
မိန်းမ မယူသေးဘူးလား
တင်အုန်း - ၄၀ ရှိပြီ ရှာနေတုန်း
ငသီ - ဒါဆို အသက်ငယ်ငယ် ထဲက ရှာပြီး
ရွယ်တူအောင် စောင့် ယူလေကွာ


တင်အုန်း - မင်းဟာက မဖြစ်နိုင်တာ ကြီး
ငသီ - ဘာလို့ မဖြစ်နိုင်ရမလဲ ငါတွက်ပြမယ်

တင်အုန်း - လုပ်စမ်းပါဦးကဲ
ငသီ - အခုမင်းက ၄၀ နော် ကဲ ၁၀ နှစ်သမီး ရှာကွာ
မင်းထက် လေးဆငယ်တယ်

တင်အုန်း - ငါ့တော့ ချောက်တွန်း နေပီ
အသက်မပြည့် ရင် အမှု ပတ်မှာကွ

ငသီ - ဒါဆို မင်း နောက် ၅ နှစ်စောင့်လိုက်။
မင်း က ၄၅ ဟိုက ၁၅ သုံးဆပဲ ကွာတော့တယ်

တင်အုန်း - ဟုတ်သလိုလို တော့ရှိသားဟ
ဒါပေမယ့် ၁၅နှစ် လဲ အသက်မပြည့်ဘူးကွ
သက်တူရွယ်တူ ပဲ ကောင်းတယ်

ငသီ - သက်တူရွယ်တူ ဖြစ်အောင် စောင့်ရတယ်ကွ
ထားတော့ နောက် ၁၅ နှစ် စောင့်လိုက် ဟုတ်ပလား
မင်းက ၆၀ ဟိုကလေးမက ၃၀ ကဲ နှစ်ဆ ပဲ ကွာ တော့တယ် တွေ့လား

တင်အုန်း - အံမယ် နီးစပ်လာသလိုပဲ လေးဆ..၊ သုံးဆ၊ နှစ်ဆ...
မစိုးဘူးဟ....

ငသီ - အေး သက်တူရွယ်တူ ဖြစ်အောင်
နောက် ဘယ်လောက် ထပ်စောင့်ရမလဲ
ကိုယ့်ဘာသာ ဆက်တွက်ပေတော့

တင်အုန်း လဲ လက်ချိုး ခေါင်းကုတ် တလှုပ်လှုပ် နဲ့ တွက်ကျန် ခဲ့ရာ ယနေ့ ထိ လူပျို ကြီး ဖြစ်နေလေ တော့သည်။

youtube က ကြည့် ရတဲ့ Abbott & Costello ဟာသ ကို ဘာသာပြန်သည်။
Credit : jokeanoneday

No comments:

Subscribe

လာလည်သူများ

free counters