♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 8, 2015

"အပြောကြီးတဲ့ ကိုသာဂေါင်" အင်း..အပြောကြီးတော့လဲ အခက်သားပါလား..

(ပုံကို GG မှ ယူသည်)
ဒဟတ်တော ရွာမှာ ကိုသာဂေါင် ဆိုတဲ့ လူတစ်ယောက် ရှိပါတယ်။သူက သူ့ကိုယ်သူ သတ္တိ ရှိတဲ့လူ လို့   သတ်မှတ်ထားတာဗျ...။ ပြောလိုက်ရင်တော့  သူ ကြောက်တာဘာမှကိုမရှိပါဘူး။ တကယ်တမ်းကြတော့ မြွေ တစ်ကောင်တောင်မသတ်ရဲတဲ့သူပါ...။သူကအခြားရွာကဦးသာလုံး ဆီမှာ သိုင်းပညာသင်ယူနေတဲ့ လူပေါ့။ သူနဲ့ အတူတူ သင်တဲ့ သူတွေ   ပညာစုံတာတောင် သူကတော့ မူရင်းအတိုင်းပါပဲ...။  သူ့နောက်က လူတွေ သူနဲ့ အတူတူ သင်လည်း သူကတော့
မူရင်းအတိုင်းပါပဲ...။ ဟိုစကားပုံလိုပေါ့   “ဒုံရင်းက ဒုံရင်း”ပါပဲ။ ဒါပေမယ့် သူကတော့အပြောမ
လျှော့ဆရာကြီးက သူ့ကို ချစ်လို့၊ သူက ပညာတွေ ဆရာကြီး နီးပါး တတ်လို့ သူ့ကို ညာလက်ရုံ
းခန့်ထားတာတဲ့လေ...။  ဆရာကြီးက အဲဒီစကားကို သိပေမယ့်လည်းဘာမှမပြောခဲ့ပါဘူး...။     ရွဲာက လူတွေကတော့ သာဂေါင် အပာကြီးနေမှန်းမသိကြပါဘူး။ အဲဒါကြောင့် သာဂေါင် စကား
ကို ယုံကြည်နေကြတာပေါ့...။ လူငယ်လေး တွေကဆိုရင် ကိုသာဂေါင်ဆီမှာတောင် တပည့်ခံ
ချင်နေကြတာလေ။   သူက သတ္တိတာ မရှိတာဟန်တော့ အကောင်းသားဗျ...။  “ ဟန် ကိုယ့်ဖို့ ”ဆိုတဲ့ စကားပုံလိုပေါ့...။

တစ်ရက်တော့ ကိုသာဂေါင်တစ်ယောက် လှည်းတစ်စီးနဲ့ အခြားရွာကို သွားပါတယ်။  လမ်းတစ်
နေရာ ရောက်တေ့ လှည်းလမ်းဘေး နှစ်ဘက် လုံးမှာ ခြုံနွယ်တွေကလည်း ထူနေတာပေါ့။ အဲဒီ ထူနေတဲ့တစ်နေရာအရောက်မှာ လှည်းတစ်စီးကလည်း သာဂေါင်တို့ မောင်လာတဲ့ ဆီကိုဦး
တည်လာပါသည်။ သာဂေါင်တို့က မြောက် အရပ်ကို အသွား၊  ဟိုလှည်းက တောင်အရပ်ကို အလာဆိုတော့ ထိပ်တိုက် တွေ့ရောဗျို့...။    အဲဒါနဲ့ ကိုသာဂေါင်နဲ့ အတူတူ လှည်းပေါ်မှာပါ
လာတဲ့ ရွာက လူငယ်လေးက ပြောတာပေါ့...။  “ကိုသာဂေါင် အရှုံးမပေးနဲ့နော်...သူတို့လှည်း
ကို နောက်ပြန်ဆုတ်ခိုင်း တကယ်လို့ဆုတ် မပေးဘူးဆိုရင်လည်း    ကြောက်စရာမလိုဘူးလေ..
ကိုသာဂေါင်က သိုင်းတတ်တာပဲ”...။  အဲလို ပြောတော့ ကိုသာဂေါင်လည်း ခပ်တည်တည်နဲ့   “ဗျို့..ရှေ့ကလှည်းစရာ နောက်ကို  ပြန်ဆုတ်ပေးပါ...။ ကျုပ်ကတော့ မဆုတ်နိုင်ဘူး...”။ 
 “ဒီမယ် ကိုယ့်လူ ကျုပ်က၀န်တွေနဲ့ နောက်မဆုတ်နိုင်ဘူး”  ဟိုဘက်က လှည်းသမားက ပြန်
ဖြေလိုက်တယ်။   “မရဘူး ကျုပ်တို့ကို ရှောင်ပေး” ကိုသာဂေါင် ပြန်ပာလိုက်ပါသည်။ “ကျုပ် ခင်ဗျားကို ကောင်းကောင်းပြောနေတာပါ။ ကျုပ်က ၀န်တွေနဲ့ဆိုတော့ မတတ်နိုင်ဘူးဗျ”။  အဲလို ပြေပြေပြစ်ပြစ် ပြောနေတာကို ကိုသာဂေါင်တစ်ယောက်   ပြောနေတုန်းပါပဲ။ နောက်
တော့ တောင်းပန်နေတဲ့ လှည်းသမားက တောင်းပန်လို့မရတဲ့ အဆုံးမှာတော့   “ဒီမယ်ကိုယ့်
လူကျုပ်ကတော့ဝန်တွေနဲ့မို့နာက် ပြန်မဆုတ်နိုင်ဘူး။  အဲလို မဆုတ်နိုင်တာကို မကျေနပ်ဘူးဆို
ရင်ခင်ဗျား ဘာလုပ်မလဲ”။   လှည်းသမားက ခပ်တည်တည် မျက်နှာအနေအထားကို  ပြောင်းပြီး
ပြောလိုက်တော့... ကိုသာဂေါင်တစ်ယောက်  မျက်မှောင်လေးကို ကုတ်ပြီး“ ခင်ဗျား ရှောင်မပေး
ရင် ကျုပ်ရှောင်ပေးမလို့ပါတဲ့”။   အဲလို ပြောတော့ နောက်က ပါလတဲ့ ကောင်လေးက
“ကိုသာဂေါင် ဒီမှာ ဘယ်လိုရှောင်မှာလဲ သူကမှ နောက်ပြန်ဆုတ်ရင် တော်သေးတယ်။သူ့မှာ
 ပါတဲ့ ၀န်ဆိုတာကလည်း မပြောပလောက်ဘူးဗျ။  သူက ရှောင်မပေးချင်လို့ ပြောနေတာဗျ။
ဘယ်လိုပြောပြော ကိုသာဂေါင်ကတော့ နွားတွေကို လှည်းမှ ချွတ်ပြီး လှည်းကြီးကိုနောက်ပြန်
တွန်းရင်း ပြောလိုက်ပါသည်...“ဟကောင်လေး သူကတကယ်လုပ်မဲ့ ပုံကွ”တဲ့ ကိုင်း ကောင်
းကြသေးရဲ့လား။ အမှန်တော့ ဟို လှည်းသမားက မှားတာပါ...။ဒါပေမယ့်ကိုသာဂေါင်က
ကြောက်တော့သူမှန်နေတာတောင် အပင်ပန်းခံပြီး လှည်းကို ပြန်တွန်းပေးတာလေ။  အဲဒီ သတင်းက နောက်တော့ တစ်ရွာလုံးကို ပျံ့သွားတော့တာပဲ။   အဲဒီနောက်မှာတော့
ကိုသာဂေါင် အပြောကြီး  တယ်ဆိုတာကို သိသွားတဲ့    ရွာသူ၊ ရွာသားတွေက ကိုသာဂေါင်
 စ ကားဆိုရင် ဖုတ်လေတဲ့ ငါးပိ ရှိလေတယ်တောင် မထင်တော့ဘူးလေ...။

မိတ်ဆွေတို့တွေလည်း အပြောကြီးတဲ့ သူတွေ တွေ့ဖူးမှာပေါ့....။
အဲလို အပြောကြီးတဲ့ သူတွေကိုတော့      လူတွေက ရှောင်တတ်
ကြတယ်လေ။ အဲတော့ မိတ်ဆွေ အပေါင်းအသင်းတို့လည်းအေ
ပြာ မကြီးကြနဲ့နော် တော်ကြာ... ဖုတ်လေတဲ့ ငါးပိဖြစ်မယ်...:)

(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ် မပေါ်လွင်ခဲ့ပါက ကျွန်ေ
တာ့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ရင်ထဲကလာတဲ့ စကားလေးတွေကိုစောင့်မျှော်နေပါတယ်။

အားလုံကိုကျေးဇူးတင်ပါတယ်........
ရာဇာ(ကျေးတောသားလေး)
31.3.2011
Credit :  villagethar2011.blog

No comments:

Subscribe

လာလည်သူများ

free counters