♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 10, 2015

"အင်ဒိုစတိုင် ကြက်ဆာတေးကင် " (wut yee food house)

Indo_Satay5
အင်ဒိုစတိုင် ကြက်ဆာတေးကင်။ တခြား ဆာတေးကင်တွေနဲ့ အရသာမတူပဲ တမူထူးခြားကောင်းမွန်တဲ့ အကင်လေးပါ။ အင်ဒိုစတိုင် ကြက်ဆာတေးက ကြက်သားကို နံနံစေ့မှုန့်၊ ဆနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့နဲ့ ၃နာရီလောက် နုပ်ထားပြီမှ ကင်ရတာပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်ကြည့်၇အောင်…

ကြက်ဆာတေးအတွက် ပါဝင်ပစ္စည်းများ
  • ကြက်ရင်ဗုံ – ၂ခု (၂၅၀ ဂရမ်)
  • နံနံစေ့မှုန့် – စားပွဲတင်ဇွန်း တ၀က်
  • ကြက်သွန်ဖြူ – ၂မွှာ (ညက်အောင် ထောင်းပါ)

  • ကြက်သွန်နီ – တ၀က် (ညက်အောင် ထောင်းပါ)
  • ဂျင်း – လက်တဆစ် (ညက်အောင် ထောင်းပါ)
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဆွမ်းအုပ်ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ၀ါးတံစို့ – သီရန်
One_Pack
မြေပဲဆော့တွင် ပါဝင်ပစ္စည်းများ
  • မြေပဲလှော်ပြီသား – ခွက် ၁ခွက် (မညက်တညက်ထောင်းထားပါ)
  • စပါးလင် – ၁ခု (အစောင်းပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
  • ငရုတ်သီးပွပုနီ – ၃ခု (အစေ့ထုတ်ပြီ ပြုတ်ထားပေးပါ)
  • ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပါ)
  • ရေ – ခွက်တ၀က်
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည်(အချို) – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၅ပုံ၁ပုံ
  • မန်းကျည်းရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်း
၁။ ကြက်ရင်ဗုံကို အနေတော်အရွယ် အတုံးများ တုံးပေးပါ။

Indo_Satay

၂။ ပြီမှ ခွက်တစ်ခုထဲတွင် ကြက်သားကို နုပ်ထားရန် ဆော့ရည်အတွက် (ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နံနံစေ့မှုန့်၊ ဆနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ပဲငံပြာရည်၊ ကြက်သားမှုန့်၊ သကြား၊ ရှာလကာရည်၊ ဟင်းရွက်ဆီ) တို့ကို သမအောင် ရောနုယ်ပြီ အနည်းဆုံး ၃နာရီခန့် နုပ်ထားပေးပါ။
Indo_Satay1

၃။ ပြီနောက် နုပ်ထားသော ကြက်သားများကို ၀ါးတံစို့ဖြင့် သီပေးပါ။

Indo_Satay2

၎။ ထို့နောက် မီးကင်ပြားကို အပူပေးပြီ ပူလာလျှင် ကြက်ဆာတေးများ ကျက်သည်အထိ တဖက် ၅မိနစ်နှုန်းဖြင့် ကင်ပေးပါ။ ကင်နေစဉ် ကြက်ဆာတေးကို ဆီသုတ်လိမ်းပေးပါ။

Indo_Satay3
၅။ အင်ဒိုစတိုင် ကြက်ဆာတေးကင်ရပြီဆိုလျှင် မြေပဲဆော့ဖြင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…
Indo_Satay5 

မြေပဲဆော့ ချက်နည်း
၁။ အရင်ဆုံး ကြိတ်စက်ထဲတွင် (မြေပဲ၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးပွနီ) တို့ကို ကြေညက်သွားအောင် ရောကြိတ်ပေးပါ။
၂။ ပြီမှ ဒယ်ထဲ ကြိတ်ထားသော မြေပဲထည့်၊ ပဲငံပြာရည်၊ ရေ၊ ဆား၊ သကြား၊ မန်းကျည်းရည်တို့ကို ထည့်ပြီ ပျစ်လာသည်အထိ တည်ထားပါ။
၃။ ဆာတေးနှင့်တွဲဖက် သုံးဆောင်ရန် မြေပဲဆော့ရပါပြီ…

Credit : http://www.wutyeefoodhouse.com/?p=9749

No comments:

Subscribe

လာလည်သူများ

free counters