♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 14, 2015

"ဂဏန်းသား ကော်ရည်ဟင်းချို" (wut yee food house)











 
 ဟင်းချိုကောင်းကောင်း ကြိုက်သူများအတွက် ဂဏန်းသား ကော်ရည် ဟင်းချိုလေးပါ။ အချိန်တိုအတွင်းပဲ လုပ်စားနိုင်တာမို့ ခုပဲ တူတူ လုပ်ကြည့်ရအောင်..
ပါဝင်သောပစ္စည်းများ
  • ဂဏန်းချောင်း – ရချောင်း (အရှည်ပါးပါးလှီးပါ)
  • ပြောင်းဖူး – ၁ဖူး ( ပြုတ်ပြီးသား)
  • ကြက်သွန်နီ – ၁လုံး ( နှုတ်နှုတ်ဆင်းပါ)

  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
  • ကြက်ဥ – ၂လုံး (ကြက်ဥ အကာကို ခလောက်ပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်ပြုတ်ရည် – ၅၀၀ မီလီလီတာ
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ကော်မှုန့် – ၁ဇွန်းခွဲ (ရေဖြင့် ရောဖျော်ထားပါ)
  • ကြက်သွန်မြိတ် – ၁စည်း (အ၇ှည်ပါးပါးလှီးပါ)
One_Pack
Crab_Meat_Soup

ချက်ပြုတ်နည်း
၁။ ပြုတ်ထားသော ပြောင်းဖူးကို ခြစ်တံဖြင့် ခြစ်ပါ။ ပြီးလျှင် ခြစ်ထားသော ပြောင်းဖူးများကို ဘန်လ်တာ (blender)  ထဲထည့်၊ ရေကို ပြောင်းဖူးနှင့် အချိုးဆတူထည့် ကြိတ်ပေးပါ။
၂။ ထို့နောက် ဒယ်အိုးထဲ ရေ(၅၀၀ မီလီလီတာ) ထည့်ပြီး ဆူအောင်တည်ပေးပါ။
၃။ ပြီနောက် ကြက်သွန်ဖြူ ၊ ကြက်သွန်နီထည့် ၁မိနစ်ခန့် မွှေပေးပါ။
၃။ ပြီးလျှင် ဂဏန်းသား၊ ကြိတ်ထားသော ပြောင်းဖူးကို ထည့် ၂မိနစ်ခန့် မွှေပေးပါ။

Crab_Meat_Soup1
၎။ အရသာအတွက် ပဲငံပြာရည်၊ ဆား၊ ဆန်ဝိုင်၊ နှမ်းဆီတို့ကို ထည့်ပေးပါ။ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့် ဖြူးပေးပါ။
၅။ ပွက်ပွက်ဆူလာလျှင် ကော်ရည် (စားပွဲတင်ဇွန်း ၁ဇွန်းခွဲ)ကို ရေဖျော်ပြီး ထည့်မွှေပေးပါ။
၆။ ထို့နောက် ခလောက်ထားသော ကြက်ဥအကာကို ထည့်ကာ နားနားလေး မွှေပေးပါ။

Crab_Meat_Soup2 
ရ။ ဂဏန်းသား၊ ပြောင်းဖူး ကော်ရည် ဟင်းချိုကို ပူပူနွေးနွေး စားသုံးနိုင်ပါပြီ….



Crab_Meat_Soup3

Credit : Wut Yee Food House

No comments:

Subscribe

လာလည်သူများ

free counters