♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 12, 2015

"ဆီးလမ်းကြောင်း ပိုးဝင်ခြင်း"

- နေခြည် ဆေး (၁)

ဆီးလမ်းကြောင်းပိုးဝင်ခြင်း တစ်နည်းအားဖြင့် Urinary Tract Infection ဟာ လူထုထဲ မှာ မကြာမကြာတွေ့ရတတ်ပါတယ်။ တချို့လည်း ဘာ မှ ဆေးသေချာမကုဘဲ ဆီးကျင်တာသက်သာသွားသလို၊ တချို့ကတော့ သင့်တော်တဲ့ ဆေးပေးမှသာပျောက်တတ်
ပါတယ်။ ဒါပေမဲ့ စာရေးသူအကြံပေးချင်တာကတော့ ဆီးကျင်တာခဏတစ်ဖြုတ် တစ်ကြိမ်လောက်သာ အာ ဂန္တုကျင်တတ်ပြီး ဘာမှ ဆက်မဖြစ်တော့လို့ ဆေးကုသ မှုမခံယူဘူးဆိုပေမယ့် ဆီးသွားတိုင်းပူနေ၊ ကျင်နေရင် တော့ သက်ဆိုင်ရာတတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ဆေးစစ်၊ ဆေးကုသသင့်ပါတယ်။

တကယ်ဆီးလမ်းကြောင်းပိုး ဝင်လို့ကျင်နေတာဖြစ်မှာစိုးလို့ပါ။ ဒါကြောင့် ဘယ်လို လူတွေမှာဆီးပိုဝင်ဖို့ရာခိုင်နှုန်းပိုများတတ်တယ်၊ ဘယ် လိုရောဂါလက္ခဏာပြတတ်တယ်နဲ့ ဆောင်ရန်၊ ရှောင် ရန်လေးကို ယခုဆောင်းပါးအနှစ်ချုပ်လေးနဲ့ လိုတိုရှင်း ဖော်ပြပေးလိုက်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာဘာလဲ?

ဆီးလမ်းကြောင်းလို့ဆိုရာမှာ ဆီးသွားပြွန်၊ ဆီးအိမ်၊ ဆီးပြုပြွန်နဲ့ကျောက်ကပ်တို့ပါဝင်ပါတယ်။ ထို လမ်းကြောင်းထဲတစ်နေရာရာ သို့မဟုတ် တစ်လျှောက် လုံးပိုးဝင်နိုင်တာကို ဆိုလိုပါတယ်။

ဘာကြောင့် ဆီးပိုးဝင်တတ်တာလဲ?

ဆီးပိုးဝင်ဆီးပူ၊ ဆီးကျင်တာဟာ အမျိုးသမီး တွေမှာ ပိုအဖြစ်များပါတယ်။ အမျိုးသားတွေနဲ့ယှဉ်ရင် ဆီးသွားလမ်းကြောင်းပြွန်ပိုပြီးတိုနေတာကြောင့်ပါ။ ဆီး လမ်းကြောင်းဟာ စအိုဝနဲ့နီးကပ်နေတဲ့အတွက် ဝမ်း သွားပြီးချိန်မှာ ရေဆေးနည်း(သို့)သန့်ရှင်းနည်းမမှန် ကန်လို့လည်းဖြစ်တတ်ပါတယ်။ ဆီးလမ်းကြောင်းဟာ တိုတဲ့အတွက် ဝမ်းအညစ်အကြေးမှာအများဆုံးပါတဲ့ E.Coli လို့ခေါ်တဲ့ဗက်တီးရီးယားပိုးဟာ အမျိုးသမီးတွေ ရဲ့ပြွန်ဝမှတစ်ဆင့် အထက်သို့တက်ကာ ဆီးလမ်းကြောင်း တောက်လျှောက် ပိုးဝင်နိုင်ပါတယ်။

တခြားဆီးလမ်းကြောင်းပိုးဝင်စေနိုင်တဲ့အခြေအနေတွေကိုလည်း အသေးစိတ်ဖော်ပြချင်ပါတယ်။ ဆီးပိုးဝင်တာနဲ့အများဆုံးဆက်စပ် နိုင်တာကတော့

- လိင်ဆက်ဆံမှုပြုလုပ်ခြင်း
(ဆီးလမ်း ကြောင်းနှင့်အမျိုးသမီးအင်္ဂါတို့ကပ် နေတာကြောင့်ဝင်တတ်သလို၊ လိင် ဆက်ဆံဖော်များသူတွေမှာလည်းဖြစ် တတ်ပါတယ်)

- ဆီးသွားချင်သောအချိန်တွင် မသွား ဘဲဆီးအောင့်အောင့်ထားခြင်း
(ဆီး အိမ်ထဲမှာဆီးပြည့်လာလျှင် ဆီးအိမ် ရှိအာရုံကြောများမှတစ်ဆင့် ဆီးသွား ချင်စိတ်ကိုဖြစ်စေပါတယ်။ ဆီးမသွား ပေးဘဲအောင့်ထားခြင်းကြောင့် ဆီးအိမ်မှကြွက်သား များဟာ ဆီးများများ ထပ်ဆံ့အောင်ပို အလုပ်လုပ်ပြီးဆီးအိမ်ကို ဖောင်းပေးရပါတယ်။ ကြာလာသောအခါ ဆီးအိမ်ကြွက်သားများ ပုံမှန်အလုပ်မလုပ်နိုင်တော့ဘဲ ဆီးသွားလျှင်ဆီးကျန်ခြင်းဖြစ်လာပါတယ်။ ဆီးကျန်များ ဟာ ဗက်တီးရီးယားများပေါက်ဖို့အလွန်ကောင်းတဲ့နေ ရာတစ်ခုဖြစ်ပါတယ်)

-ကိုယ်ဝန်ဆောင်ခြင်း
အမျိုးသမီးမှာ သွေးဆုံးကိုင်ခြင်း (သွေးဆုံးကိုင် လျှင် အမျိုးသမီးအီစထရိုဂျင်ဟော်မုန်းများမရှိသလောက် နည်းသွားတဲ့အတွက် ဆီးအိမ်နှင့်ဆီးသွားပြွန်ရှိကြွက် သားများအားနည်းကာ ဆီးသွားမှုပုံမှန်မဟုတ်တော့ခြင်း ကြောင့်ဖြစ်တတ်သလို မိန်းမကိုယ်ခြောက်သောကြောင့် ပိုးဝင်နိုင်ခြေပိုများလာခြင်းဖြစ်ပါတယ်)

-ဆီးချို၊ သွေးချိုရောဂါရှိသူများ
ကိုယ်ခံအား (immunity) မကောင်းသူများ၊ သို့မဟုတ် ကိုယ်ခံအားကိုထိခိုက်စေမည့်ဆေးများရေ ရှည်သုံးစွဲနေရသူများ၊ ဥပမာစတီးရွိက်(steroid) ပါသော ဆေးများ။

- ဆီးလမ်းကြောင်းတစ်နေရာရာတွင်ကျောက်ရှိနေသူများ
- ဆီးပိုက်ထည့်ထားရသောသူများပဲဖြစ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ပါက ဘယ်လိုလက္ခဏာများ ပြတတ်ပါသလဲ?

ဆီးသွားလျှင် ဆီးစပ်ပူခြင်း၊ ကျင်ခြင်း၊ ဆီး ခဏခဏသွားချင်စိတ်ဖြစ်နေခြင်း၊ ဆီးမထိန်းနိုင်ဘဲ ပုံ မှန်ထက်အရမ်းသွားချင်တတ်ခြင်း၊ ဆီးစပ်(သို့)ဆီးခုံ ဝန်းကျင်အောင့်ခြင်း၊ ဆီးသွားလျှင် သွေးရောင်သွား တတ်ခြင်းတို့ဖြစ်တတ်ပါတယ်။

• အဲဒီလက္ခဏာများထက်ပိုဆိုးလာလျှင်တော့ အဖျား များတက်လာခြင်း၊ ချမ်းတုန်ခြင်း၊ အော့အန်ခြင်း၊ ဝမ်း ဗိုက်နောက်ကျောဘယ်၊ ညာခြမ်းတစ်ဝိုက်အောင့်ခြင်း တို့ဖြစ်လာတတ်ပါတယ်။ ဒါကတော့ ကျောက်ကပ်ကိုပါ ပိုးဝင်ပြီး ကျောက်ကပ်ရောင်တဲ့အ ဆင့်မှာဖြစ်တတ်တာပါ။ ဆီးပိုးဝင်တာ ကိုစောစောမကုခြင်းနဲ့ဆက်စပ်ပါတယ်။ အချိန်မီဆေးမကုရင် ကျောက်ကပ် ထိခိုက်ပြီး ဆီးမထွက်တော့တဲ့အထိ ဖြစ်တတ်ပါတယ်။

• အမျိုးသားများဆိုရင်တော့ ဆီးကျိတ် ရောင်ပြီးဆီးကျိတ်ရောင်တဲ့လက္ခဏာ တွေနဲ့ပါပြတတ်ပါတယ်ရှင်။ ဖျားချင် သလိုလိုဖြစ်ခြင်း၊ ခါးကိုက်ခြင်းစသည် တို့ပါလာတတ်ပါတယ်။

ဆီးပိုးဝင်ခြင်းကိုသံသယရှိပါက ဘာလုပ် သင့်သလဲ?

အသင့်တော်ဆုံးကတော့ ဆရာဝန်ပြကာ ဆေးကုသမှုခံယူခြင်းပါပဲ။ ကုသမှုခံယူတာစောခြင်းဟာ မလိုလားအပ်တဲ့နောက်ဆက်တွဲ ကျောက်ကပ်ထိခိုက်မှု မဖြစ်နိုင်တဲ့အတွက် အကျိုးရှိပါတယ်ရှင်။ နောက်ဆုံး အနေနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကတော့...

• ရေများများသောက်ပေးပါ။ ဆီးကိုမအောင့်ထားပါနှင့်။
• ဝမ်းသွားပြီးပါက သန့်ရှင်းလျှင် မိန်းမကိုယ်နှင့်ဆီးလမ်း ကြောင်းရှိသောရှေ့ဘက်ကိုဦးတည်ကာ မသုတ်ပါနှင့်။
• အချို့သောလေ့လာတွေ့ရှိချက်များအရတစ်နေ့ကို Cranberry juice 200-750ml ခန့်သောက်သုံးပါကလည်း ဆီးလမ်းကြောင်း ဗက်တီးရီးယားပိုးဝင်ခြင်းကို အထိုက်အလျောက် ကာကွယ်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဆီးလမ်းကြောင်းနဲ့ ပတ်သက်ပြီး အတန်ငယ်ခြုံငုံမိသွားပြီထင်လို့ စာရေးသူ ရဲ့ဆောင်းပါးကို ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်။
 
 
အထက်က သီးနှံလေးတွေစားပေးရင် သက်သာပျောက်ကင်းနိုင်ပါတယ်...

‪#‎TheFlowerNews‬

|───────────Yangon Media Group ──────────|

www.facebook.com/YangonMediaGroup
www.yangonmedia.com

No comments:

Subscribe

လာလည်သူများ

free counters