♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 9, 2015

မြန်မာနိုင်ငံ၏ ရာသီဥတု ပြောင်းလဲမှုကို လေ့လာချက်များအရ နှစ်စဉ်အပူချိန် တိုးတက်လာပြီး မိုးရေချိန်လျော့နည်း လာကြောင်း သိရ

မန္တလေး ၈.၄.၂၀၁၅

မြန်မာနိုင်ငံသည် တောင်တန်းများ ကုန်းမြင့် ဒေသများ၊ မြစ်ကြီးများရှိပြီး ကပ္ပလီပင်လယ်၊ ဘင်္ဂလား ပင်လယ်အော် နှင့် ထိစပ်နေပြီး ဒေသတွင်း ပြောင်းလဲ ဖြစ်ပေါ် တတ်သည့် အယ်နီညို၊ လာနီညာ ကဲ့သို့ ပုံမှန် မဟုတ်သည့် ရာသီဥတု ဖြစ်စဉ်များ၏ သက်ရောက်မှု အပေါ်တွင် အမှီပြုလျက် ရှိသည်။


အဆိုပါ ရာသီဥတု ပြောင်းလဲမှု များကို ဆယ်စုနှစ် အလိုက် လေ့လာချက်များ အရ နှစ်စဉ် အပူချိန် တိုးတက်လာပြီး မိုးရေချိန် လျော့နည်း လာကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှု ဦးစီးဌာန (၅၅) ကြိမ်မြောက် ကမ္ဘာ့ မိုးလေဝသနေ့ သုတေသန စာတမ်းဖတ်ပွဲမှ မိုးလေဝသ ပညာရှင်များ၏ လေ့လာချက်များ အရ သိရသည်။

၂ဝဝ၁ ခုနှစ် ၂ဝဝ၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းစွန်း ဒေသများ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ဒေသအချို့မှ လွဲ၍ ကျန်ဒေသ များသည် အပူချိန် သိသိသာသာ တိုးလာခဲ့ကြောင်း၊ အပူချိန် တိုးလာမှု အများဆုံး ဒေသများမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနား ဒေသနှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးဝ ဒေသတို့ ဖြစ်ပြီး သုည ဒသမ ၉၅ ဒီဂရီ စင်တီဂရိတ်မှ ၁ ဒီဂရီ စင်တီဂရိတ် တိုးလာကြောင်း သိရသည်။

၁၉၈၁ ခုနှစ်မှ ၁၉၉ဝ ပြည့်နှစ် ကာလမှစ၍ ပုံမှန် ရွာသွန်းမြဲထက် လျော့နည်းသည့် ဒေသများ ပိုမို များပြားကြောင်း နှင့် မင်းတပ်၊ မိတ္ထီလာ၊ ညောင်ဦး၊ တောင်တွင်းကြီး နှင့် မကွေးတိုင်း ဒေသကြီး တို့တွင် ဆယ်စုနှစ် ဆက်တိုက် မိုးလျော့ နည်း ခဲ့ကြောင်း မှတ်တမ်းများ အရ သိရသည်။

၁၉၉၁ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်ထိ တစ်ပြည်လုံး နီးပါး ပုံမှန် အပူချိန်ထက် သိသိသာသာ မြင့်တက်လာပြီး မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် အပူချိန် သိသိသာသာ တိုးလာကြောင်း ပညာရှင် များ၏ လေ့လာချက်များ အရ သိရသည်။

တစ်ပြည်လုံး အတိုင်းအတာ အရ ၁၉၅၂ ခုနှစ် နောက်ပိုင်းမှစ၍ အပူချိန် တိုးလာပြီး မိုးရေချိန် လျော့နည်း ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် များ၏ လေ့လာချက် များအရ သိရသည်။

မြတ်ကိုထွန်း

#Yadanarpondaily

No comments:

Subscribe

လာလည်သူများ

free counters