♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 11, 2015

** မျက်လုံးပါ ပြူးထွက်စေမယ့် လက်ဖျားခါလောက်စရာ သုံးဖက်မြင် တက်တူးပညာ**

Image and video hosting by TinyPic
ပေါ်ထွန်း
လူ့အရေပြားဟာ တကယ့် canvas တစ်ခုနဲ့ တက်တူးထိုးနည်းအမျိုးအစားသစ် တစ်ခုဖြစ်ကြောင်း ဒီဓာတ်ပုံက သိသာပေါ်လွင်စေပါတယ်။
ဒီတက်တူးတွေက အံ့သြမှုဖြစ်စေရုံတင်မက အမျိုးစုံ ပေါင်းစပ်ထားတဲ့ အမြင်သဘောတရားရှိဖို့လည်း လိုအပ်ပါတယ်။ တက်တူးပညာရှင်က သူဖန်တီးချင်သော အစိတ်အပိုင်းရဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံကို သင်ယူ တတ်မြောက်ရပါလိမ့်မယ်။ သတ်မှတ်ထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုရဲ့ အရွယ်အစားနဲ့
အံကိုက်ဖြစ်အောင် ပုံဖော်ဖန်တီးပြီး အရေပြားမှာ ဆေးမင်ရည်ကို အသုံးချရမှာဖြစ်ပါတယ်။
အလင်းအမှောင်ရဲ့သဘောတရားနဲ့ ခြေရှစ်ချောင်းရှိ သာမန် အင်းဆက်တစ်ကောင်ကနေ လှမ်းလျှောက်နေတဲ့ ပင့်ကူးတစ်ကောင်ဖြစ်အောင် တက်တူးပညာရှင်များအနေနဲ့ အသွင် ပြောင်းလဲတတ်ရပါမယ်။ ဒီတက်တူး ပန်းချီပုံဖော်ရေးဆွဲတဲ့ ပုံစံသစ်မှာ အနုပညာနဲ့ အမြင်စူးရှမှုနှစ်ခု ပကတိပြည့်စုံကောင်းမွန်တဲ့ ပေါင်းစပ်မှု တစ်ခုဖြစ်ပါတယ်။
3D တက်တူးဈေးကွက် ဖြစ်ထွန်းလာနေတာဟာ လူတွေ အသစ်အဆန်း စိတ်ဝင်စားနေကြတာ တစ်ခုတည်းမဟုတ်ဘဲ သဘာဝကျအောင် ပုံဖော်ခြင်းနဲ့ အသက်ဝင်ခြင်းကြောင့် တို့လည်း ဖြစ်ပါတယ်။

Ref:firsttoknow.com
Trend Myanmar
Credit : http://www.trend.com.mm/

No comments:

Subscribe

လာလည်သူများ

free counters