♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 6, 2015

"ရန်ကုန်မြို့၌ ဆင်အလှပြပွဲတော်ကြီး ချိမ့်ချိမ့်သည်းကျင်းပ မြန်မာ့ဆင်ဖြူတော်များ ပထမဆု ဆွတ်ခူး"

 
ရန်ကုန် ဧပြီ၆
ဧပြီ ၄ရက်နှင့် ၅ရက်နေ့များ မှာ မြန်မာနိုင်ငံ ပဲခူးတိုင်း ပဲခူးရိုးမမှာ အလုပ်ဆင်းနေတဲ့ သစ်တောသုံး ဆင်ကြီးတွေကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်မှာ နှစ်ရက်တာ အလှပြခဲ့ပါ
တယ်။ ဒီအလှပြပွဲဟာ ၁၉၉၀ခုနှစ်တုန်းကလိုပဲ ချိမ့်ချိမ့်သည်း ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ဆင်အလှပြပွဲမှာ ရန်ကုန်တိုင်းအစိုးရကြီးရဲ့ ကြီးမှူးမှုအောက်မှာ ကျင်းပခဲ့တာပါ။ ဆင်တွေကို
အလှအပမျိုးစုံစီခြယ်ပြီး ကျွမ်းကျင်မှုပြည့်ဝတဲ့ ဆင်ဦးစီးကြီးတွေရဲ့ထိန်းချုပ်မှုအောက်မှာ အမျိုးမျိုးသော

နည်းတွေနှင့် အလှပြစေခဲ့တာပါ။ ဒီပွဲမှာ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူ
များ၊ တိရစ္ဆာန်မျိုးစိပ်များ ထိမ်းသိမ်းစောင့်ရှောက်ရေးနှင့် တောရိုင်းတိရစ္ဆာန်များကာကွယ်စောင့်ရှောက်ရေးအဖွဲကြီးမှ မစ္စတာ ဆောင်နန်မင်းနှင့် တာဝန်ရှိသူများလည်းတက်ရောက်
ကြတဲ့အပြင် ရန်ကုန်မြို့နှင့် အနီးအနားမြို့နယ်များမှ ပြည်သူလူထု များကလည်း တခဲတနက်လာရောက်အားပေးကြည့်ရှုခဲ့ကြပါတယ်။ ဒီဆင်တွေအလှပြပွဲမှာ မြန်မာ့ဆင်များသာမက
ထိုင်းနှင့် အိန္ဒိယမှ ဆင်ကြီးများလည်းလာရောက် ကပြဖျော်ဖြေခဲ့ကြပါတယ်။ ဒီဆင်တွေအလှပြပွဲမှာ ဆင်အကောင်ရေ တစ်ရာ့ငါးဆယ်ပါဝင်ပါတယ်။ ဆင်စီးလိုသူများအတွက်လည်း
အထူးအစီအစဉ်များပြုလုပ်ထားပြီး အနိမ့်ဆုံးစီးနင်းခ ကျပ်ငွေတစ်ထောင်မှ အမြင့်ဆုံးကျပ်ငွေတစ်သောင်းအထိရှိပါတယ်။ ဒီအလှပြပွဲမှာ မြန်မာ့ ဆင်ဖြူတော်များဟာ ပထမရရှိခဲ့ပါတယ်။



ဆင်တွေကို အစာကျွေးထားပုံ လုပ်သားဝတ်စုံများနှင့်ဆင်ဦးစီးများ

အရောင်ချယ်ထားသော ဆင်များ




 ပန်းခြံအတွင်း အစာစားနေသော ဆင်များ
 
 ယိုးဒယားဆင်များ စစ်ခင်းသရုပ်ပြနေပုံ

ယိုးဒယားမှ ဆင်များ

အိန္ဒိယမှ အလှပြဆင်များ

အိန္ဒိယဆင်များ


 အလှပြဆင်များ



အလှပြဆင်တပ်ကြီး

အလှခြယ်ထားသော ဆင်လေး




 မြန်မာ့ဆင်ဖြူတော်
 ပထမဆုရရှိသွားသော မြန်မာ့ဆင်ဖြူတော်များကို ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် ဤကဲ့သို့တွေ့မြင်နိုင်ပါသည်။
http://i.ytimg.com/vi/wwJL4Zsub_k/maxresdefault.jpg 
ပြည်သူ့ရင်ပြင်ရှိ ဆင်ဖြူတော်များ။

အားလုံးသော ရောသမချစ်ကိုကို ချစ်မမများကို ကျေးဇူးတင်ပါတယ်....ဧပြီ ၁ ရက်က ဧပရယ်လ်
ဖူးလ်မလုပ်ဖြစ်တော့ ၆ရက်မှဘဲ လုပ်ဖြစ်တော့တယ်.....အားလုံးရယ်ရွှင်နိုင်ကြပါစေ......ချိတ်ချိုးနှင့်နော်လို့ ....ခ်ခ်ခ်ခ်

♡♡♡(ရောရောသမမွှေ)♡♡♡

No comments:

Subscribe

လာလည်သူများ

free counters