
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း အန်ဟွိုင် ခရိုင် ၀ူဟူးမြို့မှာ သစ်သားနဲ့ လုပ်ထားတဲ့ ရိုလာ ကိုစတာကို အရင် သီတင်းပတ်က စတင် ဖွင့်လှစ် လိုက်တာ ဖြစ်ပါတယ်။
ခရီးသွား ဧည့်သည်တွေ မြို့ကို လာရောက်ဖို့ ဆွဲဆောင်တဲ့ အနေနဲ့ လုပ်ဆောင်တဲ့ ရိုလာ ကိုစတာဟာ တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ အကြီးဆုံးလည်း ဖြစ်ပါတယ်။ ဒီရိုလာ ကိုစတာဟာ အရှည်အားဖြင့် ၁၀၆၀ မီတာ ရှိပြီး အမြင့်က ၃၂ မီတာမြင့်ပါတယ်။
ရိုလာ ကိုစတာဟာ အမြန်ဆုံး အရှိန်နဲ့ တနာရီကို ၉၁ ကီလိုမီတာနဲ့ သွားနိုင်ပြီး စီးနင်းတဲ့ သူတွေကို သဲထိတ်ရင်ဖို အတွေ့အကြုံ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
၁၉၂၀ လောက်က အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက အပန်းဖြေ ပန်းခြံတွေမှာ ဒီလို သစ်သား ရိုလာကိုစတာတွေ ထွန်းကားခဲ့ပြီး နောက်ပိုင်းမှ သံနဲ့ ရိုလာကိုစတာတွေ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – CCTVNews


DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/101208
No comments:
Post a Comment