♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 6, 2015

" မိန်းကလေးတွေအပေါ်.........ရှင်တို့သိခဲ့ရင် သိပ်ကောင်းမှာပဲ"

 
သူတို့ရည်းစားတစ်ယောက်ဆိုတစ်ယောက်တည်းကိုပဲ
အလေးအနက်ထားချစ်နေခဲ့တုန်းက
သူတို့မှာယောကျာ်းရှားနေလို့မဟုတ်ခဲ့ဘူးဆိုတာ
ရှင်တို့သိခဲ့ရင်သိပ်ကောင်းမှာပ

သူ့ရည်းစားကို ချစ်နေကြစဉ်မှာ
ကျွန်တစ်ယောက်လို နွားတစ်ကောင်လို
အောက်ကျခံပြီး ချစ်ပေးနေခဲ့ဘူးတဲ့မိန်းကလေးဟာ
သူ့မိသားစုနဲ့အပေါင်းအသင်းကြားမှာဘုရင်မလို
သူ့အလုပ်မှာမင်းသမီးလိုပဲဆိုတာ
ရှင်တို့သိခဲ့ရင်သိပ်ကောင်းမှာပ

သူနဲ့ရည်းစားဖြစ်နေခဲ့တဲ့တောက်လျှောက်

အရာရာနားလည်ပေးခဲ့ပြီး
ဆိုးသမျှသည်းခံ ပြောသမျှယုံပေး
ဆဲသမျှငြိမ်ပဲခေါင်းငုံ့ခံတတ်တဲ့မိန်းကလေးဟာ
သူ့ကိုတခြားသူစိမ်းတစ်ယောက်ယောက်ကသာ
လေသံမာမာနဲ့စကားလာပြောမိလို့ကတော့
ပါးထရိုက်ပစ်ဖို့တောင်ဝန်မလေးတတ်သူဆိုတာ
ရှင်တို့သိခဲ့ရင်သိပ်ကောင်းမှာပ

သူ့ရည်းစားကို ခဏခဏsupriseမျိုးစုံလုပ်ပေး
သူ့ရည်းစားလိုသမျှဘာမဆို နည်းနည်းလေးမှ
မတွန့်တိုတတ်တဲ့မိန်းကလေးဟာ
သူ့အတွက်သူသာဆို
ပိုက်ဆံအိတ်ကောင်းကောင်းတစ်လုံး
မိတ်ကပ်ကောင်းကောင်းတစ်ဘူးလောက်တောင်
သိပ်စေတနာမရှိတတ်ခဲ့သူဆိုတာ
ရှင်တို့သိခဲ့ရင်သိပ်ကောင်းမှာပ

သူ့ရည်းစားလိမ်သမျှညာသမျှ
အပြင်တွေခိုးထွက်ပြီး အကြောင်းပြချက်တွေ မျိုးစုံပေးသမျှ
ယုံပေးနေခဲ့ဘူးတယ်ဆိုတာ
သူ အလို့ ,သူ့ကိုပြန်ပြောပြနိုင်မယ့်
သူ့အသိုင်းဝိုင်းက မကျယ်ပြန့်ခဲ့လို့မဟုတ်ပဲ
အလုပ်ပင်ပန်းနေတဲ့ရှင်တို့စိတ်ညစ် စိတ်ရှုပ်သွားမှ
သူ့ကိုငြိုငြင်ပြီးထားရစ်ခဲ့မှာကြောက်လို့
သူ့ဟာသူတစ်ယောက်တည်းပဲ ကြိတ်ခံစားခဲ့ရရှာတာဆိုတာ
ရှင်တို့သိခဲ့ရင်သိပ်ကောင်းမှာပ

သူ့ရည်းစားသူချစ်လွန်းလို့သာ
ချစ်သူဘဝရဲ့နောက်ဆုံးအချိန်တွေမှာ
မာနလက်ကျန်မရှိရလောက်အောင်
ငိုယိုအသနားခံအလျှော့ပေးပြီး
သူ့ရည်းစားရဲ့ခြေသလုံးဖက်မိမတတ်ကို
တောင်းပန်ခဲ့ရတာဆိုတာ
ရှင်တို့သိခဲ့ရင်သိပ်ကောင်းမှာပ

‪#‎ရှင်တို့မသိသေးတဲ့အရေးကြီးဆုံးတစ်ချက်‬
မိန်းမတွေဟာသိပ်ချစ်တတ်လို့
သူတို့ချစ်တဲ့ယောကျာ်းတွေနားကခွဲမသွားရဖို့
ဘာမဆိုသည်းခံလိုက်လျောခဲ့ဘူးကြတတ်ပေမယ့်
သိပ်ကိုစိတ်နာသွားပြီဆိုရင်
သူတို့အချစ်ကိုလိုတာထက် ပိုအခွင့်ကောင်းယူ
စော်ကားလွန်းမကစော်ကားခံလာခဲ့ရပြီဆိုရင်
အဲဒီ့ယောကျာ်းကို မျက်လုံးလေးစွေ ခေါင်းလေးစောင်းပြီး
ပြန်လှည့်ကြည့်ဖို့ဝေးစွခြောက်ပါး
အဲဒီ့လူအကြောင်းသတင်းတောင်
ယောင်လို့မှနားစွင့်နေတော့မှာမဟုတ်သလို
ရှင်တို့ရဲ့နောင်တတွေတပွေ့တပိုက်နဲ့ တောင်းပန်သံတွေလည်း သူဘယ်တော့မှကြားတော့မှာမဟုတ်ဘူးဆိုတာပဲ
‪#‎သူအနားမှာရှိတုန်းလေးတန်ဖိုးထားပေးလိုက်ပါ‬

Credit to original uploder

No comments:

Subscribe

လာလည်သူများ

free counters